ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, January 18, 2016

ပုဂ္ဂိုလ်လေးမျိုး ဥဒါန်းထိုး



၁။ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်
၂။ဝိပဉ္စိတညူ ပုဂ္ဂိုလ်
၃။နေယျ ပုဂ္ဂိုလ်
၎။ပဒပရမ ပုဂ္ဂိုလ်


၁။ဥာဏ်ကိုဖွင့်က၊ လွယ်လင့်ထုတ်ချောက်၊ တရားပေါက်မူ၊
ထိုသည့်သူ၊ တညူဥဂ္ဃါဋိ။

၂။အကျဉ်းတရား၊ဟောတုံငြားက၊တရားထင်ထင်၊ မသိမြင်ပဲ၊
ချဲ့ထွင်ထပ်လျှောက်၊အကျယ်ရောက်မှ၊ထွင်းဖောက်သိမူ၊
ထိုသည့်သူ၊ တညူဝိပဉ္စိ။

၃။ဘုရားဟောဖော်၊ တရားတော်ကို၊ သင်သော် မယွင်း၊
နာယူခြင်းနှင့်၊ ရှင်းလင်းအောင်မေး၊ မြဲဆွေးနွေးလျှက်၊
ကြံတွေးစဉ်းစား၊ ဘာဝနာပွားမှ၊တရားရမူ၊
ထိုသည့်သူ၊ ခေါ်ယူနေယျပုဂ္ဂလ။

၎။ဘုရားဟောဖေါ်၊ တရားတော်ကို ၊ သင်သော်မယွင်း၊
နာယူခြင်းနှင့်၊ ရှင်းလင်းအောင်မေး၊ မြဲဆွေးနွေးလျှက်၊
ကြံတွေးပို့ချ၊ တရားပြ၍၊ သီလသိက္ခာ၊ စင်ကြယ်စွာဖြင့်၊
ဘာဝနာကမ္မဋ္ဌာန်း၊လွန်ကြိုးပမ်းလည်း၊ဥာဏ်စွမ်းမပြ၊
တရားမရပဲ၊ဘ၀နောင်ခါ၊ အထုံပါဖို့၊ ကျမ်းစာပုဒ်ပါဋ္ဌ်၊
တတ်ရုံသာထိ၊ အကျိုးရှိ၊ ခေါ်ဘိ ပဒပရမ။




(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: