
ပဋိစ္စသမုပ္ပဒ်(၂) ကတော့ ဒုက္ခ သစ္စာ နဲ့သမုဒယ သစ္စာပဲဖြစ်ပါတယ်အစိမ်းရောင်လေးနဲ့
ဝိုင်းပြထားပါတယ်။
ဒုက္ခ သစ္စာ ဆိုတာ ဆင်းရဲခြင်းအမှန်တရားကိုဆိုတာပါ
သမုဒယ သစ္စာ ဆိုတာ ဆင်းရဲဖြစ်စေကြောင်း အမှန်တရားကိုဆိုတာပါ
သတ္တ၀ါတွေဟာ ဆင်းရဲတာကိုဆင်းရဲမှန်းမသိလို့ချမ်းသာတယ်လို့ ပဲမြင်လို့
လိုချင်ရချင်ပါတယ် လိုချင်ရချင်တဲ့ တဏှာစိတ်ကြောင့် ဆုတွေတောင်းကြပါတယ်
ဆုတွေတောင်းတာက သမုဒယ သစ္စာပါ သမုဒယ သစ္စာကို ကိုယ်က လုပ်တော့
ဒုက္ခသစ္စာရပါတယ်
ဥပမာအနေ နဲ့ပြောရရင် လူ့ပြည့်ထက် နတ်ပြည့်က ပိုပြီးချမ်းသာတယ်လို့ တွေးပြီး
နတ်ပြည့်ရောက်ကြောင်းကိုကြိုးစားတယ် နတ်ပြည်ကိုခင်တွယ်တယ် ပိုကောင်းတယ်ဆိုပြီး
ခင်တွယ်တာ ဒါက သမုဒယ သစ္စာကို တည်ဆောက်တာ
အဲ့ဒီသမုဒယသစ္စာကို တည်ဆောက်ပြီးကြိုးစားလိုက်တာ နတ်ပြည်တကယ်ရောက်သွားတယ်
နတ်ပြည်ရောက်တာကိုချမ်းသာတယ်လို့ ဒီလိုတွေးတာ တကယ်ချမ်းသာသလား ဆိုတော့
သေချာစဉ်းစားကြည့် ကိုယ်ဖြစ်ချင်တာဖြစ်လို့ချမ်းသာတယ်လို့ ယူဆထားတဲ့
နတ်ပြည့်ချမ်းသာကို ပျော်ပါးနေရတော့ချမ်းသာတယ်လို့ ထင်တာပေါ့
အဲ့လိုပျော်ပါးနေတုံး ဘယ်သူသေချင်မလဲ သေတယ် ဆိုတဲ့အလုပ်ကို ဘယ်သူမှမလုပ်ချင်ဘူး
မလုပ်ချင်တာကို လုပ်ရတာ မဖြစ်ချင်တာကိုဖြစ်ရတာ ဆင်းရဲတယ် နတ်ပြည်ကလဲ နတ်သက်ကြွေ
တာပဲ ဆိုတော့ ချမ်းချမ်းသာသာလေး စည်းစိမ်ခံစားနေရတာကို ဘယ်သူမှမစွန့်လွတ်ချင်ဘူး
မစွန့်လွတ်ချင်ပေမယ့် အချိန်တန်ရင်နတ်သက်ကြွေရတယ် မသေချင်ပဲသေရတယ် ကဲ
ဒါဟာ ဆင်းရဲခြင်းပဲ ဆင်းရဲတာကိုမသိပဲ နတ်ပြည်ချမ်းသာတယ်လို့ တွေးပြီးနတ်ဖြစ်တာ
နတ်ပြည်လည်းဆင်းရဲတာပဲ ဆင်းရဲကလွတ်တာမဟုတ်ဘူး လူပြည်လောက လို ပင်ပင်ပန်ပန်းတော့
မနေရမစားရဘူး ဒါပေမယ့် သူလည်းသေတာပဲ ဆိုတော့ ဆင်းရဲတာပဲဖြစ်တယ်
ဆင်းရဲမှန်းမသိပဲချမ်းသာတယ်လို့ ထင်နေတာ အဲ့ဒါ အ၀ိဇ္ဖာပါ ဆင်းရဲမှန်းမသိတာ အ၀ိဇ္ဇာ
ဆင်းရဲမှန်း မသိတော့ ချမ်းသာတယ်လို့ ပဲထင်ပြီးလိုချင်ရချင်တယ် တဏှာ ၀င်တာပါ
လိုချင်ရချင်တဲ့စိတ်ပဲဖုံးလွှမ်းနေတော့ ဆင်းရဲတယ်ဆိုတာကိုမမြင်မသိတော့ဘူး အ၀ိဇ္ဇာ ပါ
အ၀ိဇ္ဇာကြောင့်တဏှာဖြစ်တယ် တဏှာကြောင့် အ၀ိဇ္ဖာ ဖြစ်တယ်
ဒုက္ခ သစ္စာကိုဒုက္ခသစ္စာမှန်းမသိဘူး မသိတော့ သမုဒယ သစ္စာနဲ့တောင့်တတယ်
တောင့်တ တဲ့အတိုင်းဖြစ်လာတော့ကော ချမ်းသာသလား မချမ်းသာဘူး ဆင်းရဲတယ်
ဒီလိုနဲ့ ဆင်းရဲမှန်းမသိဖြစ်ပြီးဆင်းရဲတာတွေတောင့်တ ဆင်းရဲတယ်ဆိုပြီးချမ်းသာမယ်ထင်တာ
တွေတောင့်တ ချမ်းသာတယ်ထင်တဲ့ဟာတွေကလည်းဆင်းရဲ လည်နေတာကိုလည်းမသိ
မသိပဲလိုချင် လိုချင်တာတွေရပြီးဆင်းရဲ ဆင်းရဲတာကနေ လွတ်ကိုမလွတ်တော့တာပါ
ဆင်းရဲတာကိုမသိတော့ ဆင်းရဲတာကိုချမ်းသာတယ်ထင်ပြီးခင်တွယ် သမုဒယ သစ္စာ အလုပ်တွေ
လုပ်ကြတယ် တောင့်တတာတွေရလာတယ်သမုဒယ သစ္စာပြည့်တယ် ချမ်းသားလားဆိုတော့လည်းမချမ်းသာဘူး ဆင်းရဲတယ် ဒုက္ခသစ္စာကြီးပဲရတယ်
သမုဒယသစ္စာ နဲ့ ဒုက္ခသစ္စာ ဆိုတာ ခန္ဓာ ရနေသမျှ ကာလပတ်လုံး လည်နေမှာပဲဖြစ်တယ်
နိဗ္ဗာကိုမျက်မှောက်မပြုနိုင်သမျှ ကာလပတ်လုံး ဖြစ်နေအုံးမှာပါ။
*****တတိယမြောက်သမီးတော်*****
4 comment:
ဒုတိယမြောက် တရားအလှု ပိုစ့်လေးဆီအရောက်လာခဲ့ပါတယ်
သမီးတော်ကိုကျေးဇူးတင်ပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဗုဒ္ဓတရားတွေကို ဘယ်တော့မှကိုယ်တွေ့ သိနိုင်ပါ့မလည်းနော်
သိပြီးမလုပ်နိုင်သေးတာခက်တယ်..
အခုလိုပိုစ့်လေးဖတ်ခွင့်ရတော့သတိပေးသလိုဖြစ်နေလို့ 
ကျေးဇူးတင်ပါတယ် ။။ ချစ်မရေ..
ဒုတိယမြောက်တရားတော် ပိုစ်လေးကို အားပေးသွားပါတယ်
အခုလို တရားအကြောင်းတွေကို မျှဝေပေးတဲ့ အတွက်ကျေးဇူးနော်
မျှဝေပေးတဲ့ဗဟုသုတနဲ့ကုသိုလ်ရမှာပါ။ကျွန်တော်တို့လည်းဖတ်ရင်းအသိတိုးတာပေါ့။တရားတွေချည်းဖိလုပ်နေလားမသိဘူးနော်။
Post a Comment