"ရေအိုင်ပမာ ပုဂ္ဂိုလ် (၄) မျိုး"
••••••••••••••••••••••••••••••••
အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍
ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောကြားတော်မှုခဲ့ပါသည်။
ရဟန်းအပေါင်းတို့၊ ဤလောကတွင် ရေအိုင်၎-မျိုးရှိသည်။
ယင်းတို့မှာ
(၁) တိမ်လျှက်နက်ရောင်ရှိသောရေအိုင်
(၂) နက်လျှက်တိမ်ရောင်ရှိသောရေအိုင်
(၃) တိမ်လျှက်တိမ်ရောင်ရှိသောရေအိုင်
(၄) နက်လျှက်နက်ရောင်ရှိသောရေအိုင် တို့ဖြစ်သည်။
ထို ၄-မျိုးတို့တွင်
(၁) ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမှုအရာအားဖြင့်
ကြည်ညိုဖွယ်ရှိသော်လည်း သစ္စာလေးပါးတရားကို မသိသူသည် တိမ်လျှက်နက်ရောင်ရှိသော
ရေအိုင်နှင့်တူသူဖြစ်သည်။
(၂) ဆိုခဲ့သော အမှုအရာတို့အားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာလေးပါးတရားကို
သိမြင်သူသည် နက်လျှက်တိမ်ရာင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၃) ဆိုခဲ့သော အမှုအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးတရားကိုလည်း မသိမြင်သူသည်
တိမ်လျှက်တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၄) ဆိုခဲ့သောအမှုအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏၊ သစ္စာလေးပါးကိုလည်းသိမြင်သူသည်
နက်လျှက်နက်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်ဟု ဟောတော်မှုခဲ့သည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဝလာဟကဝဂ်မှ
••••••••••••••••••••••••••
အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍
ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း
ရဟန်းအပေါင်းတို့၊ ဤလောကတွင် ရေအိုင်၎-မျိုးရှိသည်။
ယင်းတို့မှာ
(၁) တိမ်လျှက်နက်ရောင်ရှိသောရေအ
(၂) နက်လျှက်တိမ်ရောင်ရှိသောရေအ
(၃) တိမ်လျှက်တိမ်ရောင်ရှိသောရေ
(၄) နက်လျှက်နက်ရောင်ရှိသောရေအိ
ထို ၄-မျိုးတို့တွင်
(၁) ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမှုအရာအားဖြင့်
ကြည်ညိုဖွယ်ရှိသော်လည်း သစ္စာလေးပါးတရားကို မသိသူသည် တိမ်လျှက်နက်ရောင်ရှိသော
ရေအိုင်နှင့်တူသူဖြစ်သည်။
(၂) ဆိုခဲ့သော အမှုအရာတို့အားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာလေးပါးတရားကို
သိမြင်သူသည် နက်လျှက်တိမ်ရာင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၃) ဆိုခဲ့သော အမှုအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးတရားကိုလည်း မသိမြင်သူသည်
တိမ်လျှက်တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၄) ဆိုခဲ့သောအမှုအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏၊ သစ္စာလေးပါးကိုလည်းသိမြင်သူသ
နက်လျှက်နက်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်ဟု ဟောတော်မှုခဲ့သည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဝလာဟကဝဂ်မှ
https://www.facebook.com/photo.php?fbid=4842839995995&set=a.2384905549170.2141000.1446704677&type=1&theaterမှ ကူးယူ ဖေါ်ပြပါသည်။
*****တတိယမြောက်သမီးတော်*****
7 comment:
ကျေးဇူးပါ။။။
တရားဗဟုသုတလေးတိုးပြန်ပြီ
သူငယ်ချင်းတွေကို ဓမ္မဒါနအလှူလုပ်ချင်လို့ 
ကူးယူသွားပါတယ် တတိယေမြောက်ရေ
ခင်တဲ့
မိုးသူ(တောင်ကြိး)
ခေတ်သမီးပျို တစ်ယောက်အနေနဲ့
အခုလို ဘာသာရေး ဘလော့လေး တစ်ခု
တည်ဆောက်ပြထားတာကို
ကြည်နူးမိပါတယ် ။
အလှူတစ်ကာ့ အလှူထဲမှာ
တရား အလှူသာ အမြတ်ဆုံး မဟုတ်လား ။
ပုထုဇဉ်မှသည် စူဠသောတာပန်
စူဠသောတာပန်မှသည်
မဟာသောတာပန် အဖြစ် ရရှိ ရောက်ရှိနိုင်ဖို့
ဝိပဿနာ တရား အားထုတ်နိုင်ပါစေ ညီမလေး ။
ဆိုဒ်ကောင်းလေးတစ်ခုပါလား တတိယမြောက်သမီးတော်ရေ။ ဓမ္မစာပေတွေ လေ့လာဆည်းပူးမှတ်သားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
fb ကသယ်ရင်းတွေကို မျှဝေချင်လို့ ရှဲပါရစေလားရှင်..
သမီးတော်ရေ....သိပ်ကိုမြတ်တဲ့ တရားအလှုတော်လေးတွေအတွက်
ကြည်နူးရကြောင်းပါနော်...ဒီနေ့လဲ အသိတစ်ခုတိုးသွားပြန်ပြီ..
ကျေးကျေးပါရှင်....
သမီးတော်ရေ.. ဗဟုသုတ ရလို့ ကျေးဇူးပါပဲ
Add star
mstint
Mon, Nov 19, 2012 at 2:43 PM
To: thameetaw3rd@gmail.com
Reply | Reply to all | Forward | Print | Delete | Show original
mstint has left a new comment on your post "ပုဂ္ဂိုလ်(၄) မျိုး ထဲမှ ရွေးချယ် ကိုးကွယ်ဖို့ ":
ဆိုဒ်ကောင်းလေးတစ်ခုပါလား တတိယမြောက်သမီးတော်ရေ။ ဓမ္မစာပေတွေ လေ့လာဆည်းပူးမှတ်သားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment