THAMEETAW
THIRD
Posted on: Thursday, December 13, 2012
မရှိတာကို သိအောင်လုပ်ပါ
♦ သာသနာ ဟူသည်♦
သာသနာ ဟူသည် မြတ်ဗုဒ္ဓ၏ အဆုံးအမ။
သာသနာ ဟူသည် အဆောက်အဦး မဟုတ်ပါ။ပရိယတ် ပဋိပတ် သာသနာပြု
ဆောင်ရွက်ရာအထောက်အပံ့ သာသနိကမျှသာ ဖြစ်၏။
တိုက်တာ အဆောက် အဦးများပြားခြင်းသည် သာသနာ တိုးတက်သည်ဟု
မဆိုအပ်။
မြတ်ဗုဒ္ဓ၏ အဆုံးအမတော် အတိုင်း လိုက်နာကျင့်သုံးနိုင်မှ ကိုယ်စီ နှလုံးသားဝယ်
သာသနာတည်မည်။
♦မရှိတာကို သိအောင်လုပ်ပါ♦
အရှူခံတရားများက ပျက်သွားလို့  မရှိတဲ့ အချိန်ကျမှ
ဒီဥာဏ်က ပေါ်ရတာကိုး။ အရှူခံ ဝေဒနာလေးက ဖြစ်ပြီး
ပျက်သွားတော့မှ ရှုတဲ့ဥာဏ်က ပေါ်ခွင့်ရတာကိုး၊
ဒီတော့ မရှိတာကိုပဲတွေ့ ရတော့မှာပေါ့။
ရှူဥာဏ်ပေါ်လာတဲ့အချိန်မှာ ဧည့်သည်ဖြစ်တဲ့ ဝေဒနာ ကမရှိဘူး။
အဲ့ဒီ မရှိတာကိုပဲ သိအောင်လုပ်ရမှာ။
အဲ့ဒီ မရှိတာကိုပဲ သိရင်တော်ပြီ။မဂ် ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ လို့ 
ဆုတောင်း မနေနဲ့ ။
မရှိတာကို သိအောင်လုပ်မှ မဂ် ရမယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
*****တတိယမြောက်သမီးတော်*****
7 comment:
မရှိတာကို သိဖို့
မှတ်သားစရာ လေးကိုမှတ်သားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကျေးဇူးတင်ပါတယ်မမရေ..
သမီးတော်ရေ....မယ်တော်လဲရောက်တယ်
ရှင်ကသမီးဆိုတော့ကိုယ့်မယ်တော်ပေါ့နော်
mstint has left a new comment on your post "မရှိတာကို သိအောင်လုပ်ပါ":
မြတ်ဗုဒ္ဓရဲ့ အဆုံးအမများနဲ့ ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကို ဖတ်ရှုသွားတယ် သမီးတော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဆူးသစ်
11:59 AM (8 hours ago)
to me
ဆူးသစ် has left a new comment on your post "မရှိတာကို သိအောင်လုပ်ပါ":
တရားတွေချည်းနှလုံးသွင်းနေတော့ကုသိုလ်တော်တော်ရပါတယ်။ကျွန်တော်တော့မြန်မာပြည်ပြန်ရောက်နေတုန်းဆိုတော့မိဘတွေနဲ့ဇနီးနားကပ်ရင်းတရားလည်းမရှာနိုင်ပါဘူးဗျာ။စလုံးမှာဆိုလည်းအလုပ်ကပိနေတော့တရားကဝေး။အင်း.....ဒီလိုနဲ့ပဲအသက်တွေလည်းကြီးပေါ့။
အသိတွေ လှူနေတာမို့
သာဓုခေါ်ပါတယ် ညီမလေး ။
အမြတ်ဆုံးအလှူကို ဆက်လက် လှနိုင်ပါစေ ။
မရှိတာကို သိအောင်လုပ်ဖို့ တော့ ဘဝတွေ အများကြီး၊ အများကြီး ကြိုးစားရလိမ့်မယ်နော်...။
Post a Comment