ဘုရား တရား သံဃာမှန်၊သုံးပါးသရဏံ
ယုံကြည်စိတ်သန် အားထားဘိ
ဆည်းကပ်ပါ၏ ဂစ္ဆာမိ။
သရဏဂမန ပါဠိမန်
သရဏဂုံ ဖြစ်လာပြန်။
သရဏဂုံ သုံးတန် တည်သူမှ
" လူ့ ထက်ဝက် " လို့ ခေါ်ပါရ။
ငါးပါးသီလ လုံသူမှာ
လူ အစစ် လို့ ခေါ်ပေတာ။
ရတနာသုံးဖြာ ဂုဏ်စုံသိ
ဗုဒ္ဓဘာသာ မည်ပါဘိ။
နိဗ္ဗာန် မြင်သိ ဥာဏ်ပေါ်ပေ
အပါယ် တံခါး ပိတ်တော့ချေ။
သောတာပန်လေ တကယ်ဖြစ်
ဗုဒ္ဓဘာသာ အစစ် အစစ်။
(မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ တနင်္ဂနွေဓမ္မသင်တန်း နှင့်
နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှူသင်တန်း ယဉ်ကျေးလိမ္မာ အခြေပြု ဆင့်) စာအုပ်မှ ဖေါ်ပြပါသည်။
*****တတိယမြောက်သမီးတော်*****
2 comment:
သာသနာအကျိုး ဆထက်တိုး သယ်ပိုးရွက်ဆောင်နိုင်ပါစေ
ကျေးဇူးပါရှင် ဆထက်ထမ်းပိုးကြိုးစားပါ့မယ်ရှင်
Post a Comment