ဘ၀ပေါင်းများစွာ သံသရာမှာကျင်လည်ခဲ့ရပြီး အရိုးတောင်လိုပုံခဲ့သဖြင့် ဆွေမျိုးမတော်ဖူးသူရယ်လို့မရှိ
ကြောင်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားသည်ကို ဓါတ်တော်ကျသွားပြီဖြစ်သော
မိုးကုတ်ဆရာတော်ဘုရားကလည်း မိန့် တော်မူခဲ့ပါသည်။မိဘ ဆွေမျိုးတော်စပ်ခဲ့ဖူးသူများကို ဘုရားရှင်
သာသနာနှင့်ကြုံတွေ့ သခိုက် ကျေးဇူးဆပ်နေခြင်းလည်းဖြစ်ပါသည်။
အထူးအစီအစဉ် အရ ပထမ ဦးစွာ သိထားမှတ်ထားရမည် တရားများကို လေ့လာမှတ်သားထားရပါမည်။
၁။ ။ ဒိဌိကို အသိဥာဏ်ဖြင့် ပယ်ပါ။
ဝိပဿနာ ရှူမှတ်မည့်သူများသည် ဦးစွာ ပထမ ဒိဌိ ကို အသိဥာဏ်ဖြင့် ပယ်ရမည်။
အသိဥာဏ်ဖြင့် သိပြီးပယ်ထားမှသာ တရားရှူမှတ်ရာတွင် ငါကောင် သူကောင် အဖြစ် စွဲလမ်းမှူကင်းပြီး
ခန္ဓာ ကိုယ်ပျောက်သွားခြင်း အရိုးစု အဖြစ် မြင်တွေ့ခြင်းများကို ထိတ်လန့်ခြင်းကင်းမည် ဖြစ်ပါသည်။
ထိုသို့  အသိဥာဏ်ဖြင့်ပယ်နိုင်ရန် စာသိဖြင့် သိမှတ်ပြီး ဆင်ခြင်ထားရပါမည်။
အောက်ပါ link တွင် ကလစ်နှိပ်၍ မှတ်သားထားလိုက်ပါ။
ဒိဌိသုံးမျိုး နှင့် ၀ီစိကိစ္စာ သဘော အကျဉ်းချုပ် မှတ်ဖွယ်
၂။ ။ ရုပ် နာမ် နှစ်ပါး(ခန္ဓာ ငါးပါး)ကိုသိမှတ်ရမည်။
ခန္ဓာ ငါးပါးတို့  ကိုလည်း အသိဥာဏ်ဖြင့်သိမှတ်ထားရပါမည်။
ခန္ဓာ၏ ဖြစ်ခြင်း ပျက်ခြင်းကိုရှူမှတ်ရမည် ဖြစ်ပါသောကြောင့် ခန္ဓာ ဆိုသည်မှာ ဘယ်အရာ ကို ခေါ်ဆို
ကြောင်း သိထားရပါမည်။
အောက်ပါ link တွင် ကလစ်နှိပ်၍ မှတ်သားထားလိုက်ပါ။
ခန္ဓာ ငါးပါး
၃။ ။ ပဋိစ္စ သမုပ္ပါဒ်(ခန္ဓာ ဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုး)ကို သိအောင်လေ့လာပါ။
ခန္ဓာ ၏ ဖြစ်စဉ်ကိုဖေါ်ပြထားသော ပဋိစ္စ သမုပ္ပါဒ်ကို လေ့လာ မှတ်သားသိထားရပါမည်။
သို့မှသာ သံသရာလည်ခြင်းကို သိရှိပြီး ခန္ဓာ ကိုငြီးငွေ့ ခြင်း ဘ၀ ကို ငြီးငွေ့ ခြင်း ဖြစ်ပြီး
သံသရာပြတ်ကြောင်း တရား ကို လိုလားမှူအမှန်ဖြစ်လာပါလိမ့်မည်။
အောက်ပါ link တွင် ကလစ်နှိပ်၍ မှတ်သားထားလိုက်ပါ။
ပဋိစ္စသမုပ္ပါဒ်
အထက်ပါ ကျက်မှတ်ရန်စာများကို တရားအားမထုတ်မှီ ကြိုတင် ရထား
ကျက်ထား သိထားရမည်ဖြစ်ပါသည်။သို့ မှသာ ယောဂီ များ အားထုတ်ဆဲ
ဖြစ်သော ၀ိပဿနာ ဥာဏ်သည် အားကြီးသော ၀ိပဿနာ ဥာဏ်ဖြစ်ပါလိမ့်
မည်။ထို့ ကြောင့် ရှင်တော်မြတ်ဗုဒ္ဓသည် သူ၏ ဂုဏ်တော် ကိုးပါး`၌ ၀ိဇ္ဇာစရဏ
သမ္ပန္နော ဟူသော ဂုဏ်ပုဒ်တွင် ၀ိဇ္ဇာ ဆိုတာ-သိမှူ။စရဏ ဆိုတာ ကျင့်မှူ။
သိသင့်သိထိုက်တာကို သိပြီးမှ ကျင့် ဟုမိန့် တော်မူခဲ့ပေသည်။
ဤကဲ့သို့ "အသိရော အကျင့်ပါ "နှစ်မျိုးလုံး ပြည့်စုံမှ သာလျှင် ဒိဌိဝိသုဒ္ဓိ- အယူအမြင် စင်ကြယ်ခြင်း။
ကင်္ခါ ၀ိတရဏ ၀ိသုဒ္ဓိ-ယုံမှား သံသယ စင်ကြယ်ခြင်း နှင့် ပြည့်စုံပြီး ကျင့်ဆဲ ၀ိပဿနာ ဥာဏ်မှ တစ်ဆင့်
မဂ်ဥာဏ် သို့ ကျေးဇူးပြု၍ နိဗ္ဗာန် သို့  မျက်မှောက်ပြုနိုင်မည် ဖြစ်ပါသည်။
သိပြီးတာပဲ ကျင့်စရာမလို။ ကျင့်ရင် ပြီးတာပဲ ကြိုတင်သိစရာ မလို။ စိတ်ကောင်းရှိပြီးရော သိစရာ
ကျင့်စရာမလို၊ တရားရှာကိုယ်မှာတွေ့ " အစရှိသော ဆရာကောင်း သမားကောင်း ကင်းလျှက် အယူဝါဒ
အမျိုးမျိုးတို့ သည် ဗုဒ္ဓ အလိုတော် ကျ မဟုတ်ကြောင်း ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား ဆင်ခြင်နိုင်ရန် လိုအပ်
ပါသည်။
နိဗ္ဗာန် သို့ အရောက်လှမ်းလိုသူများ လေ့လာမှတ်သားအသိပွားနိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
2 comment:
သမီးတော်ရဲ့  စေတနာဂရုဏာ တွေ့ မြင် ခံစားရ ပါသည် တတိယမြောက်သမီးတော် ရှင့်။
ဖတ်ရှုမှတ်သားသွားပါတယ် ခင် ဗျာ။
Post a Comment