ဗာရာဏသီ မင်းတစ်ပါး ရှိတယ်။သူ့ကို စားဖိုမှူးက အစားကောင်းအသောက်ကောင်းတွေနဲ့ချက်ပြီးတော့
ကျွေးပါတယ်။စားဖိုးမှူးက မင်းကြီးပေးမယ့် ဆုတော် လာဘ်တော်တွေကိုလည်း သိတ်ပြီးမျှော်လင့်ပါတယ်။
ဒါပေမယ့် မင်းကြီးက ဘယ်လောက်ကောင်းအောင်ချက်ကပ်ကပ် ကောင်းတယ်လို့ ကျေးဇူး စကား တစ်ခွန်း
တောင် မပြောပါဘူုး။
ဒီတော့ စားဖိုမှူးက "ဒီမင်း အရသာကိုသိတတ်တဲ့ ဇိဝှါဥာဏ်ဓါတ် မရှိတာဖြစ်မယ်" ဆိုပြီး အရသာမရှိတဲ့
ခပ်ညံ့ညံ့ အစားအစာကို ချက်ကပ်ပါတယ်။ မင်းကြီးကအစားညံ့မှန်းသိပေမယ့် ဘာမှ မပြောပဲ ဆင်ခြင်ပြီး
စားပါတယ်။
မင်းကြီး က ဘာမှ မပြောတဲ့အခါကျတော့ စားဖိုမှူးက " ဒီမင်း ကောင်းတာ ဆိုးတာကို မသိဘူး " ဆိုပြီး
မင်းကြီးကိုခပ်ညံ့ညံ့ ကပ်ပြီး ကျန်တာကို သူ့ အတွက် တိုတို ထားပါတယ်။
မင်းကြီးက စာဖိုးမှူး တိုတိုထားတာကို သိပါတယ်။ ကြာလာတော့ စာဖိုးမှူး တိုတာကိုပဲ "ဪ လောဘဆို
တာ အံ့သြ ဖို့ ကောင်းလိုက်တာ။ မင်းဖြစ်တဲ့ ငါ့ မှာ စားဖိုမှူးလောဘကြောင့် ထမင်းကောင်းကောင်းတောင်
မစားရပါလား" လို့ ဆင်ခြင်ပြီး သံဝေဂဥာဏ် ဖြစ်သွားပါတယ်။
နောက်ဆုံးတော့ စားဖိုမှူးတိုတာကိုပဲ သံဝေဂ ဖြစ်ပြီး တောထွက် ၀ိပဿနာ တရားအားထုတ်လိုက်တာ
ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။
မသိတဲ့သူက ခိုးပြီး သိတဲ့သူကတော့ သူတစ်ပါး ခိုးတာကို သံဝေဂယူရင်း ၀ိပဿနာ တရားအားထုတ်ပြီး
တရားထူး တရားမြတ်တွေ ရသွားပါတယ်။ဒါ က သိတာ နဲ့ မသိတာ ကွာခြားတာကို ပြတာပါ။
လူတစ်ယောက်ရဲ့ ဘ၀ မှာ သိဖို့ အရေးကြီးပါတယ်။ အဓိက တရားခံကတော့ မသိတာပါပဲ။ခိုးတယ် ဆိုတာ
ပစ္စည်းရှိတာ မရှိတာနဲ့မဆိုင်ပါဘူး။ရာထူးရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး။ သိတာ မသိတာနဲ့ ဆိုင်ပါတယ်။
သိဖို့ အတွက်ဆိုရင် ၀ိပဿနာ တရားအားထုတ်ပစ်မှ ရမှာပါ။ကိုယ့်ပတ်ဝန်းကျင်မှာ ရိပ်သာတွေအများကြီး
ရှိပ်ါတယ်။ကိုယ်နဲ့နီးစပ်ရာ ရိပ်သာ တစ်ခုခုကို ဇွတ်ပေတေပြီးဝင်ပစ်လိုက်ပါ။ တရားအားထုတ်ရင်း
အားထုတ်ရင်းနဲ့ ကိုယ်တခါမှ မသိဖူးတဲ့အသိတွေ ၀င်လာပါမယ်။ကျင့်ပြီးရတဲ့ အသိဟာ စာနဲ့ရေးပြဖို့ သိတ်
ခက်ပါတယ်။ ကိုယ်တိုင်အားထုတ်ပြီးရတဲ့ အသိက သူများရေးပြ ပြောပြတာထက် ပိုရှင်းပါတယ်။
ဝိပဿနာ အားထုတ်ပြီး သိလာတဲ့အသိဟာ ကိုယ့်ဘ၀ ကို ရှေ့ ဆက်ပြီးဘယ်လိုနေထိုင်သွားရမယ်ဆိုတာ
အလိုလို သိလာပါတယ်။
ခိုးခိုးနေကြတာကို အပြစ်ပေးရုံ အပြစ်ယူရုံနဲ့ တော့ မလုံလောက်ပါဘူး။ သိအောင်လည်း လုပ်ပေးဖို့ လိုပါ
တယ်။မသိသေးရင်တော့ အာရုံတွေနဲ့တွေ့ ရင်ပြန်ခိုးဦးမှာပါ။
တကယ်လို့  ကိုယ်က သိချင်တယ်ဆိုရင်တော့ ၀ိပဿနာ တရားကိုအားထုတ်ပစ်လိုက်ဖို့ ပါပဲ။
။ ။ရဝေနွယ် (အင်းမ) ၏ ချစ်သော လောကဓံ စာအုပ်မှ ကောက်နတ်ဖေါ်ပြခြင်းဖြစ်ပါသည်။ ။
သမီးတော် သုံးသပ်မိသည်မှာ
ခိုးသောသူတို့ သည် ယခုချိန်ထိ သိသာထင်ရှားစွာ တွေ့ မြင်နေကြရပါသည်။ မည်သို့ သော ပုဂ္ဂိုလ်တွေ
ခိုးကြသလဲ ဆိုသည်မှာ ရာထူးရှိသူများ လုပ်ပိုင်ခွင့်ရှိသူများ ပို၍ ခိုးကြသည်။ တချို့ ပိုက်ဆံ ချမ်းသာသော်
လည်း စိတ် ဓါတ်ဆင်းရဲသူများလုပ်ပိုင်ခွင့်ရှိသူများနှင့်ပေါင်းကာ ခိုးကြသည်။ခိုးနည်းပေါင်းစုံ ခိုးသည်။
ခေါင်းစဉ်များ တပ်၍ ငွေကြေးကောက်ခံပြီး လုယက်ကြသည်။ မကောင်းတတ်၍ ထည့်ဝင်ကြရသည်က
များသည်။ခေါင်းစဉ်ပေး၍ ကောက်ခံပြီး ထိုခေါင်းစဉ်ဖြင့်သုံးစွဲခြင်းမပြုပဲ တလွဲသုံးစွဲကြပြန်သည်။
အသုံးစရိတ်အမှန်တကယ်ထက်ပို၍ စာရင်းပြကာ ခိုးယူကြသည်။မိမိလုပ်ပိုင်ခွင့်ဟု လူကြားကောင်းအောင်
ပြောကြသည်။ ခိုးသည်ကို ခိုးသည်ဟု မမြင်တော့ချေ။စာရင်းလိမ်ပြီးခိုးခြင်းဖြစ်သည်။ ထို့ ကြောင့် အကုသိုလ်
ကို အကုသိုလ် ဟု မသိကြတော့။ ခိုးသည်ဟု မတွေးထင်ကြတော့။ လုပ်ပိုင်ခွင့်ထဲက လုပ်သည်ဟု ဆိုပြီး
ခိုးခြင်း မက ခိုးနေကြတော့သည်။ဖမ်းဆီးခံရသည့် သူခိုးထက် ဖမ်းဆီးခြင်းမပြုသည့် သူခိုးက ပိုများသည်။
ထို ကဲ့သို့သော သူခိုးထဲတွင် မိမိ ပါနေပြီလားဟု ဆင်ခြင်သုံးသပ်ကြစေလိုပါသည်။
လူ အယောက်တစ်သိန်းသေလို့ မှ လူတစ်ယောက်ပြန်မဖြစ်သည့် မြတ်စွာဘုရား မိန့် ကြားသည့်စကား
အလွယ်သဘောမထားကြစေချင်ပါ။
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
2 comment:
လေးလေးနက်နက်သာဓုခေါ်ပါသည်။ အသိအနည်းငယ်ရှိခဲ့ပါသဖြင့် အလွန်ကြောက်စရာကောင်းသော သံသရာထဲမှ အမြန်ဆုံးလွတ်မြောက်လိုပါသည်။
ကြိုးစားမယုတ် ပွားများအားထုတ်၍ နိဗ္ဗာန်သောင်ကမ်း တက်လှမ်းနိုင်ပါစေ
Post a Comment