လွမ်းတယ်
.............
ရင်ဘတ်ကြီးထဲမှာ တင်းကြပ်နေတယ်
မခံသာတဲ့ သဘောလေး(ဒေါမနဿဝေဒနာ)
ခံသာတဲ့သဘောလေးတွေ(သောမနဿဝေဒနာ)
အဲဒီ သဘောလေးတွေမြင်တယ်
အဲ့ဒီ သဘောလေးတွေ
ဖြစ်ပြီးတော့ ပျက်တယ်
ချစ်တယ်
...........
ချစ်တဲ့စိတ်တွေက
ဆက်တိုက် ဆက်တိုက်ဖြစ်နေတယ်
တောက်လျှောက်ကြီး ဖြစ်နေတယ်လို့ ထင်ရတယ်
တကယ်တော့
တစ်စိတ်ပြီးတော့ တစ်စိတ်ပါကွယ်
ချစ်ချင် ခင်ချင်တဲ့စိတ်(လောဘစိတ်)
ချစ်ခွင့်မရတဲ့စိတ်(ဒေါသစိတ်)
ချစ်သူဆီက အခွင့် အရေးလေးရမလား(တွေးတောကြံစည်စိတ်)
သဘောလေးတွေ သဘောလေးတွေကိုမြင်တယ်
အဲ့ဒီ သဘောလေးတွေ က ဖြစ်ပြီးတော့ပျက်တယ်
အိုကွယ်
အချစ်ဆိုတာ
ထင်ရှားပေါ်လွင်လှတယ်
ဝေဒနာ နဲ့ လား
စိတ် နဲ့  လား
ပညာ နဲ့  ကြည့်တော့
သူ့ သဘောလေးတွေကြီးပဲ ရှိတယ်
ငါ ချစ်နေတာ မဟုတ်ဘူး
ငါ လွမ်းနေတာ မဟုတ်ဘူး
ခန္ဓာမှာ သဘောလေးတွေ
သဘောလေးတွေ ဖြစ်
သဘောလေးတွေ ပျက်
ဖြစ် ပြီးတော့ ပျက်နေတာ
ဒါ အမှန်ပဲ
မြင်လား မြင်လား မြင်လား
မြင်အောင်ကြည့်ပါ
စူး စိုက် ပြီးကြည့်ပါ
သတိထားပြီး ကြည့်ပါ
ဝီရိယ စိုက်ပြီး ကြည့်ပါ
ပညာ နဲ့  ကြည့်ပါ
ဗုဒ္ဓ၀င်မှာတွေ့ လား
သန္တတိ အမတ်ကြီး
အတိတ်ကိုတွေးပြီး ပူဆွေးတာ
ကချေသည်မလေး သေတယ်
ဒါကို အမတ်ကြီးက ပူဆွေး ငိုကြွေးတယ်
ဘုရားရှင် က မေးတယ်
ကချေသည်မလေး သေတာကိုမြင်ခဲ့တာ
အတိတ်မှာလား ပစ္စုပ္ပန်မှာလား
အတိတ်မှာပါဘုရား
အဲ့ဒီ အတိတ်ကိုတွေးမြင်ပြီး
ပစ္စုပ္ပန် နဲ့  ပြန်တိုက်ကြည့်ပါ
ရှိသေးလား
ပဋာစာရီ
ချစ်သမီး ပဋာစာရီ
သတိထားလော့
သတိ တစ်ခု ကို
အရင်းပြုပါ
ဝီရိယ လည်းစိုက်ပါ
ပညာ ဥာဏ်နဲ့  ကြည့်ပါ
ကြည့်စမ်း
မှန်ထောင်တဲ့တရားတွေ
ကိုယ့် စိတ်ကို ကိုယ် မှန်ထောင်ပြီး ကြည့်ကြည့်လိုက်စမ်းပါ
ဒီတရားတွေကို
နာ ဖူးတယ်
ကြားဖူးတယ်
မှတ်သားဖူးတယ်
နင် ကော ငါကော
ကြိုးစားကြစို့ ကွယ်
ကိလေသာကို
ကိလေသာမှန်း သိပေးလိုက်
သူ့ သဘောလေးတွေ
သူ့ ဘာသာ ဖြစ် ပြီးတော့ ပျက်တာကိုလည်း
မြင်အောင်ကြည့်ပေးလိုက်
အချစ် သီချင်းတွေနားထောင်ပြီး
ကိလေသာ ထပ်မပွားနဲ့ 
အချစ်ရယ်
သံသရာမှာ မဆုံချင်ဘူးကွယ်
နိဗ္ဗာန်ဆိုတဲ့
ဗိမ္မာန်နန်းမှာ
တို့ နှစ်ယောက် အတူဆုံကြမယ်
*****တတိယမြောက် သမီးတော်*****
2 comment:
Nice post ! can't use MM font in here :)
So Thank U.... Ma Tint...:)
Post a Comment