ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, November 26, 2014

နှစ်နှစ်ပြည့် ဘလော့ဆိုဒ် အလှု အတွက် ဆုတောင်း မင်္ဂလာ


မောင်(စွယ်စုံကျမ်း)နှင့်တကွ အလှုရှင်များအားလုံးရဲ့ ကောင်းမှုနဲ့ 
ဒိုမိန်း ၀ဘ်ဆိုဒ်လေးကို အသုံးပြုခွင့်ရခဲ့တာ နှစ်နှစ် ပြည့်ခဲ့ပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အလေးအမြတ်ထားပြီး
မိမိ နိုင်ရာ အခန်းကဏ္ဍကနေ ဒါန တစ်ခု စုပေါင်းပြီးပြုခဲ့ကြတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။

မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာ ဘုရားရှင်ရဲ့ အဆုံးအမ အတိုင်း
ပြည့်စုံစွာ လိုက်နာကျင့်သုံးနိုင်ခြင်း မရှိသေးသော်လည်း ယုံကြည်ခြင်း
ကြည်ညိုမြတ်နိုးခြင်းတွေနဲ့  အထောက်အပံ့ကောင်းများဖြင့် သာသနာ
တော်ကိုစောင့်ရှောက်ကြခြင်းက သန္တတိအမတ်ကြီး ရဲ့ လုပ်ထုံးတစ်ခု
ဖြစ်နေတဲ့အတွက် အလှုရှင်များရဲ့ စေတနာ အကျိုးကို မှန်းဆရင်း
ကြည်နူးကျေနပ်စွာ သာဓု ခေါ်ဆိုမိပါတယ်။

ဒါန တစ်ခုကို ကိုယ်တိုင်ပြုလုပ်ကြသူတိုင်း စေတနာ သုံးတန် ဖြစ်လေ့ရှိပါတယ်။
ပုဗ္ဗစေတနာ၊မုဉ္စစေတနာ၊ အပရ စေတနာရယ်လို့   သုံးပါး သော စေတနာ တရား
တွေက ကုသိုလ်တွေဖြစ်ကြပါတယ်။

ဒီဆိုဒ်ကလေးကို တည်ဆောက်ရာမှာအစစအရာရာကူညီပြီး ဆောင်ရွက်ပေးနေတဲ့
မောင်လေး နေမင်းဇွဲမာန် သည်လည်း တူသောအကျိုးကိုရပါစေ။

ပေါင်းစုပြီးပြုခဲ့ကြတဲ့ ဒါန လေးတစ်ခု နှစ်နှစ်ပြည့်မြောက်ပြီး ဖြစ်တဲ့အတွက်
မိမိပြုခဲ့ဖူးတဲ့ကုသိုလ်ကောင်းမှုတို့ ကို အကြိမ်ကြိမ်အောင့်မေ့ခြင်းဖြင့်   
အပရ စေတနာပီတိ အဟာရ ကို ကောင်းစွာ မှီဝဲ နိုင်ကြစေဖို့  
ဆုတောင်းလိုက်ပါတယ်။နိဗ္ဗာန် ကိုမျက်မှောက်ပြုရန်အတွက်
ကောင်းစွာသောအထောက်အပံ့သည်ဖြစ်ကြပါစေရှင်။


အလှုရှင်များနှင့်   ဘလော့ဂါ မိတ်ဆွေများကို လေးစားချစ်ခင်စွာဖြင့်



                          *****တတိယမြောက်သမီးတော်*****

0 comment: