(၁) ရဟန်းတို့  …..ရဟန်းတို့ သည်
မဂ်၏ အကြောင်းဖြစ်သော
အောက်မေ့မှု=သတိသမ္ဗောဇ္ဈင်ကိုပွားများနေကြသမျှကာလ
ပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။
ဆုတ်ယုတ်
(၂)ရဟန်းတို့..ရဟန်းတို့သည် မဂ်၏
အကြောင်းဖြစ်သော
ပညာ=ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်ကို(ပ)
(၃)မဂ်၏ အကြောင်းဖြစ်သော လုံ့လ=၀ီရိယ
သမ္ဗောဇ္ဈင်ကို(ပ)
(၄)မဂ်၏ အကြောင်းဖြစ်သော နှစ်သိမ့်မှု=ပီတိသမ္ဗောဇ္ဈင်ကို(ပ)
(၅)မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု=ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို(ပ)
(၆)မဂ်၏အကြောင်းဖြစ်သော တည်ကြည်မှု=သမာဓိ
သမ္ဗောဇ္ဈင်ကို(ပ)
(၇)ရဟန်းတို့ …ရဟန်းတို့သည် မဂ်၏အကြောင်းဖြစ်သော
လျစ်လျူရှုမှု
=ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများနေကြသမျှကာလပတ်လုံး
ရဟန်းတို့
အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။
ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။
ဤကြီးပွားကြောင်းတရားခုနှစ်ပါးတို့သည်
ရဟန်းတို့၌ တည်နေကြ၍
ရဟန်းတို့သည်လည်း ဤကြီးပွားကြောင်းတရားတို
့ကို ကျင့်သုံး
နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အဖို့ရာ
ကြီးပွားရန်သာရှိပေ၏။
ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။
(ဤ ဗောဇ္ဈင် ခုနှစ်ပါး ကြီးပွားကြောင်းတရားဖြင့်
ဝိပဿနာ မဂ်၊ဖိုလ်
နှင့်ယှဉ်သော လောကီ လောကုတ္တရာ အရောဖြစ်သော
ဗောဇ္ဈင်တရား
တို့ ကို ဟောတော်မူသည်။)
(မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ-၂၄၁)
………………………….
သတိသမ္ဗောဇ္ဈင်မှ အစပြု၍ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ဟု
ခေါ်သော ပညာ ဖြင့်ခန္ဓာ၏ ဖြစ်ခြင်း
ပျက်ခြင်း သဘော
အနိစ္စလက္ခဏာတို့ကိုရှုမှတ်ဆင်ခြင်
ခြင်းဖြင့်
ဝိပဿနာမဂ်ဥာဏ်မှသည်လောကုတ္တရာမဂ်ဥာဏ်
တိုင်အောင် အကျိုးရှိစေသည့်အတွက်
အထူးဂရုပြု လေ့လာ ဆင်ခြင်သင့်လှပါသည်။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment