ခန္ဓာစွန့်ခြင်း၊တဏှာစွန့်ခြင်း***
အရိယာမဂ်သည် သူ၏အစွမ်းသတ္တိဖြင့် ကိလေသာကို
ပိုင်းဖြတ်ပယ်သတ်ခြင်းဖြစ်သည်။
ပထမမဂ်ရဖို့အတွက်ဟု ရည်သန်၍ ဒိဋ္ဌိကိုအာရုံယူကာ
အစွဲဖြုတ်ပေးရခြင်းမဟုတ်ပါ။ ခန္ဓာဒုက္ခသစ္စာ မမြဲခြင်းကို
ဥာဏ်ဖြင့်ရှုမှတ်ဆင်ခြင်လျှက် ရုပ်နာမ်တို့၏သဘောသာ
ရှိသည် ငါ ဆိုတာမရှိဟု သိသောဥာဏ်သည်ဒိဋ္ဌိဖြုတ်ခြင်းဖြစ်၏။
ပထမမဂ်အတွက်ရည်သန်၍ ဒိဋ္ဌိ ငါကို ဖြုတ်ရန် ငါဟု စွဲသော
စိတ်ကို သတိဖြင့် ထိန်းယူဖျောက်ဖျက်၍ မရစကောင်းပေ။
ငါ မရှိဟု သိခြင်းသညာဖြင့် ငါ စွဲအယူသည် မပျောက်ပျက်နိုင်။
မကြာခဏနှလုံးသွင်းသင့်တဲ့ ဓမ္မစာစု-
5 weeks ago