**အလှတရား**
တဏှာနဲ့ကြည့်တဲ့အခါ
ကာမဂုဏ်တွေကို
တပ်မက်ခြင်းဖြင့် သာယာတယ်။
မာယာနဲ့ကြည့်တဲ့အခါ
လှည့်ပတ်ဖျားယောင်းခြင်းတွေကို
ပညာလို့ထင်ပြီး သာယာတယ်။
မောဟနဲ့ကြည့်တဲ့အခါ
ဘာမှမသိခြင်းတွေကို
အေးချမ်းတယ်လို့ ထင်ပြီး သာယာတယ်။
ဥဒစ္ဆနဲ့ကြည့်တဲ့အခါ
စိတ်ရဲ့ဖရိုဖရဲပျံ့လွှင့်ခြင်းတွေကို
အနုပညာလို့ ထင်ပြီး သာယာတယ်။
ဟိရီသြတပ္ပ ကင်းပြီး ကြည့်တဲ့အခါ
မဖွယ်မရာမြင်ရခြင်းတွေကို
တပ်မက်စွာ သာယာတယ်။
သမထနဲ့ကြည့်တဲ့အခါ
ဈာန်အဘိညာဉ် ရခြင်းတွေကို
မြင့်မြတ်ချမ်းသာတယ်လို့ထင်ပြီး သာယာတယ်။
ပညိနြေ္ဒနဲ့ကြည့်တဲ့အခါ
ကိလေသာကင်းဆိတ်ခြင်းတွေကို
နှစ်နှစ်လိုလို သာယာတယ်။
သောတာပန်တစ်ယောက်
ရှုမြင်တဲ့အလှတရားဟာ
ငါ့ ကိုယ် မဟုတ်လို့
သိခြင်း ပညာရပ်မှာ သာယာတယ်။
မိမိရှုမြင်တဲ့အလှတရားဟာ
မိမိရဲ့ ဥာဏ်ရည်ဥာဏ်သွေး
ကိလေသာ ထကြွခြင်း
ကင်းဆိတ်ခြင်းအပေါ်မှာ မူတည်တယ်။
*****တတိယမြောက်သမီးတော်*****
မကြာခဏနှလုံးသွင်းသင့်တဲ့ ဓမ္မစာစု-
5 weeks ago
0 comment:
Post a Comment