ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, June 19, 2019

**အရိယာနဲ့ ပုထုဇဉ်​**


အရိယာနဲ့ ပုထုဇဉ်​ ဘာကွာလဲဆို​တော့
အမြင်​ပဲကွာတယ်
ကျန်​တာ ဘာမှ မကွာဘူး
အပြုအမူ အ​ပြောအဆို အ​နေအထိုင်
ဒီအတိုင်းပဲ တူတယ်

လောဘ​တွေဖြစ်​လိုက်
ဒေါသ​တွေဖြစ်​လိုက်
မာန်​မာန​တွေ ကြီးလိုက်
ပျော်​လိုက်​ပါးလိုက်​နဲ့
ပုထုဇဉ်​လိုပဲ ​နေတာပဲ
ကွာတာက အမြင်​ပဲကွာတယ်
အမြင်​ကွာလို့ အရိယာဖြစ်​သွားသူက
အပါယ်​အကုသိုလ်​ကို​ရှောင်​နိုင်​တာ
အရိယာက ဉာဏ်​နဲ့ကြည့်​တတ်​တယ်
ပုထုဇဉ်​က ပညတ်​ မျက်​စိနဲ့ပဲ ကြည့်​တတ်​တယ်
တချို့ ပုထုဇဉ်​​တွေ သတိကြီးလို့
အပါယ်​ အကုသိုလ်​ကို​ရှောင်​ရာမှာ
အရိယာလို မြင်​တတ်​လို့​ရှောင်​တာ မဟုတ်​ဘူး
သူ့အသက်​ကိုသတ်​ဖို့ကိစ္စမှာ

ပုထုဇဉ်​ သူ​တော်​​ကောင်းက
ကိုယ်​​ရေးကိုယ်​တာ ကိစ္စမှာ​သော်​၎င်း
အများအကျိုးအတွက်​ ကိစ္စမှာ​သော်​၎င်း
ဒေါသနဲ့
သတ်​ပစ်​ချင်​တဲ့ ဆန္ဒရှိတယ်
သေ​စေချင်​တဲ့ ဆန္ဒလည်းရှိတယ်
မသတ်​သင့်​ဘူးလို့​တွေးပြီး​ရှောင်​တာ
ကိုယ်​ချင်းစာစိတ်​နဲ့ ​ရှောင်​တာ
အပါယ်​ကို​ကြောက်​လို့​ရှောင်​တာ
ဒီလို​တော့ ရှိတယ်
သူတစ်​ပါးသတ်​လိုက်​လို့
သေသွားရင်​လည်း ဝမ်းသာတယ်
သူ့ စိတ်​မှာ ​သောဘနစိတ်​​တွေ
အစိုးမရ​တော့ဘူး
အ​သောဘနစိတ်​​တွေပဲ ကြီးစိုး​နေပြီ
စိတ်​အစဉ်​မှာ ညစ်​ညူး​နေတယ်
လူက​တော့ အမြင်​မှာ တည်​ငြိမ်​တယ်​လို့
ထင်​ချင်​စရာကြီး​ပေါ့

အရိယာက အဲ့ဒီလို မဟုတ်​ဘူး
ကိုယ်​​ရေးကိုယ်​တာ ကိစ္စနဲ့
တဖက်​သားကိုသတ်​ချင်​တာ မဖြစ်​ဘူး
မ​ကျေနပ်​တာရှိလည်း ​ဒေါသနဲ့​တော့
ပြောချင်​​ပြောပါလိမ့်​မယ်
သူ့စိတ်​မှာ သူတစ်​ပါးကို
ပျက်​စီးရာ ပျက်​စီး​ကြောင်း
ကြံစည်​အားထုတ်​​နေတာမရှိသလို
ပြုလုပ်​အားထုတ်​တာ မရှိဘူး
တဏှာ မာန ​ကြောင့်​​တော့
လုပ်​လို့ရမယ်​ထင်​တာကို လုပ်​ကြည့်​တတ်​တယ်
သို့သော်​ ဒိဋ္ဌိနဲ့ယှဉ်​တဲ့ အ​တွေးမျိုး
မရှိတဲ့အတွက်​ အစွန်း​ရောက်​မသွားဘူး
ကောင်း​သော ဓမ္မ အာရုံ​တွေမှာ
စိတ်​​ရောကိုယ်​​ရော နစ်​ဝင်​ပြီး စူးစူးစိုက်​စိုက်
ရှိသွားနိုင်​​ပေမယ့်
မ​ကောင်း​သော အကုသိုလ်​ အာရုံ​တွေမှာ​တော့
မွေ့​လျော်​​နေတယ်​ဆိုအုံး​တော့
စိတ်​​ရော ကိုယ်​​ရော နစ်​ဝင်​ပြီး
မေ့​မေ့​လျော့​လျော့ ဖြစ်​တယ်​ဆိုတာ
မရှိ​တော့ဘူး
အဲ့ဒီလိုဖြစ်​တယ်​ဆိုတာ အမြင်​ချင်း
ခြားနားလိုပါပဲ
နှစ်​သက်​ဖွယ်​ရာ ကာမဂုံ အာရုံဆိုတာ
နှစ်​သက်​ဖွယ်​ရာမို့နှစ်​သက်​လိုက်​တာပါပဲ
ဘာမှ အကျိုးမရှိတဲ့ကိစ္စမို့
နစ်​ဝင်​ပြီး မက်​​မောမ​နေ​တော့ဘူး
ပျော်​စရာရှိ​ပျော်​လိုက်​မယ်
စားစရာရှိရင်​စားလို​က်​မယ်
သူတစ်​ပါးကို နစ်​နာသွား​အောင်
အကျိုးမဲ့ ပျက်​စီးသွား​အောင်
ရည်​ရွယ်​ချက်​ရှိရှိနဲ့
ဘယ်​​တော့မှ မလုပ်​​တော့ဘူး
သူတစ်​ပါးကို အကျိုးမဲ့ပျက်​စီး​စေလိုတဲ့
ဆန္ဒ မရှိတဲ့သူဟာ စိတ်​ချမ်းသာနေတာပဲ
အရိယာ​တွေရဲ့ ချမ်းသာခြင်းက အဲ့ဒါပဲ
သူတစ်​ပါးကို အကျိုးမဲ့​အောင်
ပျက်​စီး​အောင်​ ကြံစည်​တာ မရှိဘူး
စိတ်​ဆိုးလို့ ​ဒေါသဖြစ်​လို့
ပါးစပ်​က ဆို​ပြောမိတာသာရှိမယ်
ပျက်​စီးရာ ပျက်​စီး​ကြောင်းကို
မကြံစည်​ဘူး အားမထုတ်​ဘူး
ပုထုဇဉ်​က ကြံစည်​တယ်
အားထုတ်​တယ်
သူတစ်​ပါးပျက်​စီးရင်​လည်း ​ပျော်​တယ်

ဒါ​ကြောင့်
အရိယာဟာ ဣ​နြေ္ဒနဲ့ပြည့်​စုံသွားပြီဆိုတာ
ပညာဆိုတဲ့ ဣ​နြေ္ဒပြည့်​စုံသွားတာ
ခန္ဓာကို မြင်​တဲ့အမြင်
ပညတ်​ အာရုံ​တွေကိုမြင်​တဲ့အမြင်
ခွဲခြမ်းစိပ်​ဖြာပုံ​တွေခြားနားသွားတာပဲ
စာမတတ်​တဲ့သူနဲ့
စာတတ်​တဲ့သူ​တွေမှာ ခြားနားခြင်း​တွေရှိတယ်
တချို့​တွေ​ပြောပြလို့ နားမလည်​ကြဘူး
ပညာအရည်​အချင်းကွာရင်​ ကွာသလို
စကား​ပြောရတာ ကွာတယ်
စကားဝှက်​ အသုံးအနှုန်း​တွေသင်​ထားတဲ့
သူအချင်းချင်းက စကားဝှက်​နဲ့​ပြောရင်
နားလည်​တယ်
မသင်​ထားဖူးတဲ့သူက နားမလည်​ဘူး
ပညာကွာတယ်
အဘိဓမ္မာသင်​ထားဖူးတဲ့သူက
စိတ်​ တစ်​ခုယုတ်​ ကိုးဆယ်​လို့​ပြောရင်
ကိန်းဂဏန်းကိုတန်းသိတယ်
မသင်​ဖူးတဲ့သူက သူထင်​ချင်​ရာထင်​ပြီး
သူသ​ဘော​ပေါက်​ချင်​သလို​ပေါက်​တယ်
ပညာကွာတယ်

အဲ့ဒီလို ကွာခြားချက်​​တွေထက်
ပိုမြင့်​သွားတာက
အရိယာနဲ့ပုထုဇဉ်​ ပဲ
ဘယ်​​လောက်​ထိ ​တော်​ပါတယ်​လို့ ​ပြော​ပြော
အရိယာရဲ့ အမြင်​မျိုးနဲ့ မမြင်​နိုင်​ဘူး
သင်​ယူထားတဲ့စာ​ပေ​ကြောင့်​ ခန့်​မှန်းနိုင်​တယ်
လို့ ဆို​စေအုံး​တော့
မျက်​မမြင်​ပုဏ္ဏားကြီး​တွေလိုပဲ
အထင်​​တွေသာဖြစ်​​နေမှာပါပဲ
ကြက်​ကန်းဆန်​အိုးတိုးတာ​လောက်​​တော့
ရှိမှာ​ပေါ့

ဣ​နြေ္ဒ ရင့်​ကျက်​သွားတယ်​လို့
စာထဲမှာဆိုထား​တော့
လေး​လေးထိုင်းထိုင်း
မထုံတက်​​တေး
မျက်​လွှာ​အောက်​ချပြီး
စကားမ​ပြော ဘာမ​ပြောဖြစ်​သွားတယ်​လို့
ထင်​သွားကြမှာပဲ
ရွှေမန်းတင်​​မောင်​ကို အသံကြားဖူးပြီး
ရုပ်​လှမှာပဲလို့ ထင်​တဲ့အထင်​မျိုးသာဖြစ်​တယ်
ဣ​နြေ္ဒနဲ့ပြည့်​စုံတယ်​လို့ဆိုရာမှာ
တပ်​မက်​စိတ်​​တွေ စူးနစ်​မ​နေ​တော့တာကို​ပြောတာပါ
လိုချင်​ရဲ့သားနဲ့ ဟန်​​ဆောင်​​နေတာကို
ပြောတာ မဟုတ်​ဘူး
တချို့က သိတ်​ဟန်​​ဆောင်​​ကောင်းတယ်
အရိယာဖြစ်​သွားသူက လိုချင်​ခဲ့ရင်​လည်း
မဆုံးနိုင်​ မပြီးနိုင်​ တပ်​မက်​မှုမျိုး
မဖြစ်​​တော့တာ

အရိယာတို့ ရအပ်​တဲ့ ဣ​နြေ္ဒဆိုတာ
မျက်​စိနဲ့ မြင်​လို့ရတဲ့ အရာ​တွေကို
ဆိုထားတာ မဟုတ်​ဘူး
စိတ်​မှာ အညစ်​အ​ကြေးကင်းစင်​တဲ့
တည်​ငြိမ်​မှုကို ဆိုလိုတာ
ဝါသနာနဲ့ စရိုက်​အရ ​ပြောတာ လုပ်​တာ
ရှိနိုင်​​ပေမယ့်
စိတ်​မှာ အညစ်​အ​ကြေးကပ်​ငြိတာ
မဟုတ်​တဲ့အတွက်
ထင်​​ကြေး​ပေးပြီး ​ပြောဆိုမိရင်
ပြောဆိုသူမှာ အပြစ်​ဖြစ်​ကုန်​တယ်
အရှင်​ပိလိန္ဒဝစ္ဆမ​ထေရ်​လို​ပေါ့
ရဟန္တာကြီးဖြစ်​​ပေမယ့်​ ဝါသနာကို
မပယ်​နိုင်​​တော့ မသိနားမလည်​သူက
ပြစ်​မှားမိ​ပါ​လေ​ရော
ဘယ်​​လောက်​ထိ အန္တရာယ်​ကြီးသလဲ​နော်

ဒါ​ကြောင့်
ပြောတာ ဆိုတာ သတိထားဖို့
အင်​မတန်​လိုအပ်​ပါတယ်
အမြင်​​တွေကွာခြားသွား​တော့
ခန္ဓာကိုမြင်​တဲ့အခါ
ပုထုဇဉ်​က ငါ လို့မြင်​တယ်
အရိယာက ရုပ်​နဲ့ နာမ်​လို့ မြင်​တယ်
ဘယ်​​လောက်​ထိ စာတတ်​တယ်​ဆို​စေအုံး​တော့
သင်​ကြားထားလို့သာ ရုပ်​နာမ်​လို့ယူ​နေရတာ
အမြင်​မှာ ရှင်းလင်းပြတ်​သားမှုမဖြစ်​ဘူး
ငါ ဆိုတဲ့ အမြင်​က ရှိကိုရှိ​နေ​သေးတာ
အရိယာက ဒီခန္ဓာအိမ်​ကြီးကို
ခန္ဓာအိမ်​ကြီးလို့မြင်​တယ်
အထည်​ခန္ဓာလို့မြင်​တယ်
ရုပ်​တရား အစုအ​ပေါင်းကြီးကို
နာမ်​နဲ့ ထိန်းထားတယ်​လို့မြင်​တယ်
ဒိဋ္ဌိ ငါ ဆိုတာ လုံးဝ ရှင်းလင်းပြီးဖြစ်​တယ်
တဏှာငါ မာနငါနဲ့​တော့
လိုချင်​ ရချင်​ ဖြစ်​ချင်​စိတ်​​တွေနဲ့
ကိုယ်​တိုင်​က မြင့်​မြတ်​သူတစ်​​ယောက်​ဖြစ်​တဲ့
အသိမှန်​အ​ပေါ်မှာ ငါ မြတ်​၏ဆိုတဲ့
မာန​လေး​တော့ ရှိတာ​ပေါ့
သို့သော်
ဘယ်​​လောက်​ပဲ မြင့်​မြတ်​တယ်​လို့မာနဖြစ်​​နေပါ​စေ
ရတနာမြတ်​သုံးပါးအ​ပေါ်မှာ​တော့
မှန်​ကန်​တဲ့အသိအမြင်​နဲ့
မြတ်​နိုးတတ်​ ဆည်းကပ်​တတ်​တယ်
ဒါန များစွာပြု​နေမှ ရတနာသုံးပါကို
မြတ်​နိုးတယ်​လို့ ယူဆ​နေလို့မရဘူး
ဘုရား​ကျောင်းကန်​သွားပြီး ဥပုပ်​ယူပြ​နေမှ
ရတနာသုံးပါးကိုမြတ်​နိုးတယ်​လို့
ယူဆလိုမြရဘူး
အရိယာတို့ ပိုင်​ဆိုင်​တဲ့ သူ​တော်​​ကောင်းဥစ္စာ(၇)ပါးမှာ
စာဂ လို့ပဲ ပါတယ်​ ဒါန လို့ မပါဘူး
စာဂ ဆိုတာ တကယ့်​ကိုစွန့်​လွှတ်​တဲ့အလှူ
ဘာ​မျော်​လင့်​ချက်​မှ မပါတဲ့
စွန့်​လှူခြင်းကို စာဂလို့​ခေါ်တာ
ကိုယ်​စွန့်​လှူတဲ့ ပုဂ္ဂိုလ်​ဟာ
သီလ သမာဓိနဲ့ ​နေ​နေတာလည်း မဟုတ်​ဘူး
ကိုယ့်​ကိုပြန်​လည်​​ပေးကမ်း​စောင့်​​ရှောက်​နိုင်​သူလည်း
မဟုတ်​ဘူး သူလိုပုဂ္ဂိုလ်​ကို စွန့်​လှူလိုက်​ရလို့
အကျိုးကြီးမားစွာ ကုသိုလ်​ဖြစ်​မှာလည်း မဟုတ်​ဘူး
ဆိုတာကို သိပါလျက်​ အခက်​အခဲတစ်​ခုက​နေ
လွတ်​​မြောက်​ခွင့်​ရပါ​စေဆိုတဲ့
စေတနာနဲ့ မိမိမှာရှိတာ​လေးကို
စွန့်​လှူ​ပေးကမ်းလိုက်​ခြင်းက စာဂ ပဲ
ဘာအလို​လောဘစိတ်​မှ မပါဘူး
ဘုံဗိမာန်​ကို ​တောင့်​တမှု မပါဘူး
အ​ခြွေအရံ​တွေရလိုမှု မပါဘူး
စည်းစိမ်​ဥစ္စာ​တွေပြည့်​စုံဖို့ မရည်​မှန်းဘူး
ချစ်​ခင်​မှု တွယ်​တာမှု သံ​ယောဇဉ်​​တွေနဲ့လည်း
မဟုတ်​ဘူး
သူ့အခက်​အခဲကို ကူညီ​ပေးချင်​ယုံသက်​သက်
စွန့်​လွှတ်​လိုက်​တာပဲ
ဒီလိုစွန့်​လွှတ်​ ​ပေးကမ်းခဲ့တာကို
အထက်​စီးဆန်​တဲ့ အ​နေအထားမျိုးနဲ့
ငါကူညီခဲ့တာပါကွာလို့
မောက်​မာ မ​နေဘူး
ကိုယ်​ကူညီလိုက်​တာ သူ့အတွက်
အကျိုးရှိပါ​စေဆိုတဲ့ စိတ်​ သင်​သက်​ပဲ
စိတ်​အ​ပေါ်မှာမူတည်​ပြီး​တော့
ဒါန စာဂ က ခြားနားပါတယ်
ငါ ကူညီထားတယ်​ ငါ့ကိုဘာပြန်​လုပ်​​ပေး ဆိုတာမျိုးက
အ​ပေးအယူသ​ဘောပဲ
ဒါက စီးပွား​ရေးဆန်​သွားတယ်
အ​ရောင်းအဝယ်​လုပ်​တာဖြစ်​သွားတယ်
စိတ်​​တွေ လုပ်​ရပ်​​တွေက
မြင့်​မြတ်​ခြင်း နိမ့်​ကျခြင်း​တွေကို
ပိုင်းခြားသွားတာ
ဂုဏ်​​တွေ ​ငွေ​တွေက ပိုင်းခြားနိုင်​တာ မဟုတ်​ဘူး
အရိယာတို့ရဲ့ မြင့်​မြတ်​ခြင်းနဲ့ဂုဏ်​ရှိခြင်းက
ပညာနဲ့ပဲ ယှဉ်​တယ်
ပုထုဇဉ်​တို့ရဲ့ မြင့်​မြတ်​ခြင်း ဂုဏ်​ရှိခြင်းက
စည်းစိမ်​ဥစ္စာ ရာထူး ဂုဏ်​သိမ်​ကို မှီရာအဖြစ်​ယူတယ်
ဒီလိုနည်းအားဖြင့်
အရိယာနဲ့ ပုထုဇဉ်​ ဆိုတာ
အမြင်​ကွာသွားတယ်
ဣ​နြေ္ဒနဲ့ပြည့်​စုံတယ်​လို့ဆိုထားတာက
မျက်​စိနဲ့မြင်​နိုင်​တာ မဟုတ်​လို့
စောင့်​ကြည့်​ အကဲခတ်​လည်း
အမှန်​မသိနိုင်​ဘူး


အဲ့ဒီလိုကွာခြားချက်​​တွေရှိတယ်




***တတိယ​မြောက်​သမီး​တော်​***

0 comment: