ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Friday, February 15, 2013
မိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားအရသာများ
၁။  ။ဖြစ်ပျက်သမျှ သင်္ခါရ၊ဒုက္ခသစ္စာမှတ်။ဖြစ်ပျက်မှူတွင် ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်၊
      ရုပ်နာမ်အားလုံး၊ဖြစ်ပျက်သုံး၊ချုပ်ဆုံးနိဗ္ဗာန် မှတ်၊ ချုပ်ဆုံးမှူတွင် ဥာဏ်သက်ဝင်၊ သိမြင် မဂ်ဟု မှတ်။
၂။  ။ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို ဖြစ်ချုပ်ဥာဏ်မြင်၊
      ဤငါးအင် မှန်ပင် မဂ်ရကြောင်း။
၃။  ။မစွန့် ကာမ ဆရာမရှိ ၀ီရိယလျှော့ အားအင် ပျော့ကာ လွန်စွာယူမှား  ဤငါးပါး
      တရားမဂ်ဖိုလ် ဝေးလေသတည်း။
၎။  ။သူတော်ဆည်းကပ်၊မြတ်တရားနာ၊လျော်စွာအကျင့်၊မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
၅။  ။ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာလိုတော့သည်။
                   *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, February 13, 2013
ပိုက်ဆံ ရှာဖို့  လူဖြစ်နေကြလေသလား...????
  ဘာရယ်လို့ မဟုတ်ပါဘူး  ဘလော့ဂါ အလင်းသစ် တင်ထားတဲ့ status  လေးမှာ
ဖတ်လိုက်ရတဲ့စာကနေ တွေးမိသွားတာလေးပါ ဘလော့ဂါ မိစံ ကလဲ ဆုတောင်းထားသေးတယ်
မျက်တောင်ခတ်တိုင်း ပိုက်ဆံရပါစေ တဲ့...စေတနာ နဲ့ ပေးကြတဲ့ဆုတွေပါပဲ
အဲ့ဒါ ကို သမီးတော်က မြင်ရင် မြင်တယ် လို့ မမှတ်ပဲ စာကို စာလို့ အသိလေးနဲ့မရပ်ပဲ
လျှောက်တွေးမိသွားလို့ ပါ။
 လူတွေ ဟာ  ဘာကြောင့်လူဖြစ်လာကြတာလဲ ဆိုတာ ထက်
ငွေရှာဖို့ လူဖြစ်လာကြသလားလို့ တောင် တွေးစရာဖြစ်နေပါတယ်။လူတော်တော်များများက
ငွေရှိဖို့ အရေးကြီးနေကြတာပါ ငွေ မရှိရင် ဘာမှ လုပ်လို့ မရဘူးလို့  အတွေးရောက်နေကြပြီ။
ကုသိုလ်အလုပ်ကိုလည်း ငွေ ရှိမှ လုပ်နိုင်မယ်လို့  တွေးထင်ယူဆပြီး ငွေရဖို့ ပဲ အဓိက ထား
ရှာနေကြတော့တယ်။ အကုသိုလ် တွေ လုပ်ပြီး ငွေရှာတယ် ပြီးတော့ အလှူလုပ်ပြီး ကုသိုလ်ပြုတယ်။
 ဘယ်လိုတွေးရမလဲတောင် မသိတော့ပါဘူး။ သီလ ရှိတယ်လို့ ထင်ရတဲ့သူတွေလည်း သူများအသက်
သတ်ပြီး အသက်မွေးဝမ်းကျောင်းနေတဲ့သူတွေကိုအထင်ကြီး နေကြတာ အဲ့လိုလူတွေမြို့ မျက်နှာဖုံး
  ဖြစ်နေကြတာ။ သူတော်ကောင်းတွေ အုပ်စိုးတဲ့ နေရာဆိုတာရှာမတွေ့ အောင်ပါပဲ။
ငွေမျက်နှာနဲ့ နေရာတိုင်း အုပ်စိုးကုန်ကြပြီ။ အဲ့ဒီတော့ ငွေရှိမှ မျက်နှာ မငယ်ရမှာလို့ တွေးပြီး
လူရာဝင်မှာလို့ တွေးပြီး ကျန်းမာရေးစောင့်ရှောက်နိုင်မှာလို့ တွေးပြီး ငွေမှငွေ အရိုးကြေကြေ
အရေခမ်းခမ်း ငွေ ကိုပဲ အသက်ပေးပြီးရှာကုန်ကြပြီ။ အကုသိုလ် ဖြစ်ဖြစ် ကုသိုလ်ဖြစ်ဖြစ်
နားမလည်ဘူး။ငွေရရင် ပြီးရော ရှာနေကြပြီ။
အရာအားလုံးကို ခြုံပြီးလေ့လာကြည့်တော့ လူတွေ ၉၉.၉၉% လောက်က  ငွေရှာဖို့ လူဖြစ်နေကြသလိုပါပဲ။
လူဖြစ်နေလို့ ငွေရှာတယ်လို့ တွေးတဲ့သူက ၀.၀၀၁% လောက်ပဲ ရှိလိမ့်မယ် ထင်ပါတယ်။
အားလုံးရဲ့ အတွေးတွေ စိတ်တွေ လုပ်ဆောင်ချက်တွေ ရည်ရွယ်ချက်တွေက  ငွေ ပဲ အဓိက ဖြစ်နေကြပြီ။
တကယ်ကိုပါပဲ  မိစံ ဆုတောင်းပေးသလို မျက်တောင်ခတ်တိုင်းငွေရချင်နေကြပြီနော်။
အဲ့လိုလူတွေထဲမှာ ကိုယ်မပါဘူးဆိုတဲ့အသိလေးနဲ့ ပဲ စိတ်ထဲအေးချမ်းမိပါရဲ့။
 ပိုက်ဆံအတွက် နဲ့ လူဖြစ် မရှုံးကြပါစေနဲ့လို့  ဆုတောင်းရင်း
အားလုံးလဲ ငွေကြောင့် အသက်ရှင်ကြသူများ မဖြစ်ကြပါစေနဲ့ လို့ ဆုတောင်းလိုက်မိပါတယ်။
            *****တတိယမြောက်သမီးတော်*****
Posted on: Tuesday, February 5, 2013
(၅) ၀ိညာဏက္ခန္ဓာ
(၅) ၀ိညာဏက္ခန္ဓာ(သိမှူသဘော တရားအစု)လို့  အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်
စိတ် ပဲ ဖြစ်ပါတယ်။ စိတ်က အရာရာကိုကောင်း၏ ဆိုး၏ သိတတ်တဲ့သဘော ရှိပါတယ်
 အဲ့သည် သိခြင်းကို ၀ိညာဏက္ခန္ဓာ လို့  ခေါ်ဆိုခြင်းပါ။
 ရူပက္ခန္ဓာ ရဲ့ ဖေါက်ပြန်ပြောင်းလဲခြင်းသဘောတွေ ဝေဒနက္ခန္ဓာရဲ့ ခံစားမှူသဘောတွေ
သညာက္ခန္ဓာ ရဲ့ မှတ်သားမှူသဘောတွေ သင်္ခါရက္ခန္ဓာ ရဲ့ ပြုပြင်ပြောင်းလဲမှူ သဘောတွေ
ကို သိနေတာ က ၀ိညာဏက္ခန္ဓာ ပဲဖြစ်ပါတယ်။
သူ့  အလုပ်က သိနေတဲ့အလုပ်ပါ။ ကိုယ့်ကိုကိုယ်  ဘာဖြစ်လို့ ဖြစ်မှန်းမသိတာက
ဝိညာက္ခန္ဓာ ရဲ့ ပျက်စီးယိုယွင်းခြင်းသဘောလေးပါပဲ။ ရုပ်တရားပဲဖြစ်ဖြစ်  နာမ်တရားပဲဖြစ်ဖြစ်
ပျက်စီးခြင်းတွေ ပဲဖြစ်နေတာပါ။ တည်မြဲခြင်းတွေ ဖြစ်နေတာ မရှိပါဘူး။
အဲ့လိုပျက်စီးခြင်းတွေ ဖြစ်နေတာကို သိနိုင်တဲ့ သိမှူသဘောလေး ထင်ရှားပြီး
မှတ်သားနိုင်မှသာ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိင်သော ကိုယ် ဖြစ်ကြပါလိမ့်မယ်။
ငါးပါးသော ခန္ဓာ အစုတို့ ရဲ့ ဖြစ်ခြင်းကို ၎င်း ပျက်ခြင်းကို၎င်း သိမြင်နိုင်ကြသော
သစ္စာ တရားတို့ကို နာကြားနိုင်စွမ်းသော ဥာဏ်နားတို့  ရှိကြပါစေ။
*****တတိယမြောက်သမီးတော်*****
Posted on: Tuesday, January 29, 2013
သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ
♦သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ♦
သစ္စာ ကိုသိနေသောကြောင့် သစ္စ ဥာဏ်။ ခန္ဓာ ထဲ ပေါ်နေတာကိုသိမှသာ သစ္စ ဥာဏ်ဖြစ်မယ်နော်။
စာထဲရှိတာသိနေလို့  သစ္စာဥာဏ် မဖြစ်ဘူး။ စာထဲရှိတာက မှတ်တမ်းပဲ ရှိတယ်။
ခန္ဓာထဲမှာဖြစ်ပေါ်တာ ပျောက်ပျက်တာကို စာနဲ့ရေးပြီးမှတ်တမ်းတင်ထားတာ။
♦ဝေဒနာ ကို ကျော်အောင်ကြိုးစား♦
နားလည်တဲ့သူတွေကြတော့ ဖြစ်တာက ဝေဒနာ။ပျက်တာက အနိစ္စ လို့ ခွဲခြားတတ်တယ်။
သစ္စာ ဖြစ်အောင်လုပ်ပြီး အသေတတ်ကြတာပေါ့။ဥာဏ်နဲ့ ကြည့်တဲ့အခါ ဝေဒနာကို
မတွေ့ ရတော့ပဲ ဖြစ်ပျက် ကလေးတွေချည်း တွေ့ နေရတော့တာကို ဝေဒနာ ကျော်တယ်လို့ 
ပြောတာပါ။
ဝေဒနာ ကျော်တယ် ဆိုတာ အနိစ္စ ကိုတွေ့ တယ် အနိစ္စ နဲ့ဖြစ်ပျက်ကလည်း အတူတူ ပဲဆိုတော့
ဝေဒနာ ကျော်တယ် ဆိုတာ ဖြစ်ပျက်မြင်တာပဲလို့ လဲ ပြောလို့ ရတယ်။ ဝေဒနာ ကျော်လွန်အောင်
ရှူထားနိုင်မှစိတ်ချရတာ။
(မိုးကုတ် ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
       *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, January 23, 2013
(၄)သင်္ခါရက္ခန္ဓာ
နံပါတ်(၄)သင်္ခါရက္ခန္ဓာ(ပြုပြင်မှူသဘောတရားအစု) လို့  အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်
နာမ်ရဲ့ သဘောလေးပါ ခပ်လွယ်လွယ်လေး ပြောရရင်တော့  ထိုင်နေတာကြာရင်
ညောင်း ပြီးပြောင်းချင်လာတယ်။ အဲ့ဒီအခါ ပြောင်းချင်တဲ့စိတ်ကလေး ကြောင့် ပြုပြင်
ပြောင်းလဲတာမျိုးလေးပါပဲ။ပြုပြင်ချင်တဲ့ စိတ်ကလေးပေါ်လာတာ စိတ်က ဖြစ်ချင်သလို
ပြောင်းလဲနေတာ က ပြုပြင်မှူသဘောတရားအစုလေး ပဲဖြစ်ပါတယ်။
ပြုပြင်ခြင်းကလဲ ဖြစ်ပြီးတော့ ပျက်နေတာပါ။ခြေထောက်လေးကို ရွေ့ တယ် တဖြေးဖြေးချင်း
ရွေ့ တယ်။ပင့် မ ရာကနေ တဖြေးဖြေးချင်း ကိုယ်လိုချင်သလိုချတယ်။ အစ က စပြီး ရွေ့ တာ
တဖြေးဖြေး ပြောင်းလဲလာလို့ အစ က အနေ အထား နဲ့မတူ ပဲ ဖြစ်လာသမျှ ပျက်ပျက်သွားပါတယ်။
ပြုပြင်မှူသဘော အစု လေး ကို လဲ ဖြစ်ပျက်မှတ် နိုင်ရင် ဖြစ်ပျက်ဆုံး ပြီး နိဗ္ဗာန် ကို မြင်ရမှာ
ဖြစ်ပါတယ်။
နိဗ္ဗာန်တံခါးကို ဖွင့်နိုင်တဲ့ အားများ ပိုင်ဆိုင်နိုင်ကြပါစေ
*****တတိယမြောက်သမီးတော် *****
Posted on: Sunday, January 20, 2013
ဒုတိယအကြိမ် ဒိုမိန်းလှုဒါန်းခြင်းနဲ့  ထပ်တိုးကောက်ခံရရှိသော အလှုငွေစာရင်း
အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်
ယခုပြုလုပ်တဲ့အလှုအတွက်   ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ
အလှုရှင်များအားလုံးကို   မောင်(စွယ်စုံကျမ်း) မှ   ကျေးဇူးအထူး  တင်ရှိရပါကြောင်း
ပြောကြားပါတယ် ။စိတ်ကူးလိုက်တဲ့ အစီစဉ်လေး  ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ
အတိုင်းမသိ  ၀မ်းမြောက်ပီတိ  ဖြစ်ရပါတယ်။ ဒုတိယအကြိမ်မြောက် ၀က်ဆိုဒ်အလှု
ပြီးသွားလို့ လက်ထဲမှာ  ပိုနေတဲ့ ငွေတွေ   ကျန်ရှိနေပါသေးတယ် ။  အဲ့တာတွေကို
မြန်မာပြည်က  မိဘမဲ့ကလေး  စောင့်ရှောက်ရေး  ဂေဟာတစ်ခုခုကို  လှုကြမယ်လို့ 
စိတ်ကူးထားပါ ။  မလှုဖြစ်သေးတာက   အလှုလုပ်မယ့်နေရာကို   ရှာဖွေနေဆဲမလို့ 
အန်တီတင့် နဲ့ တိုင်ပင်ပီး  တကယ်လိုအပ်တဲ့   လှုတဲ့သူ ရှားပါးတဲ့  နေရာတစ်ခုခုကို
လိုက်ရှာနေပါတယ် တွေ့ ပီဆိုတာနဲ့ ပိုက်ဆံ  ထပ်စုပီး လှုမယ်လို့ စိတ်ကူးထားသလို
အကြံပေးလာတဲ့ သူငယ်ချင်းတွေ ရှိပါတယ် အဲ့ကြောင့် အဖွဲ့ လေး လုပ်ပီး သင့်သလို
စုပေါင်းလှုမလား ဒီတိုင်းပဲ ပိုငွေ 4သိန်းကျော်ကို  လှုလိုက်မလား စဉ်းစားနေကြဆဲပါ
အများကြီးလိုပါတယ်။ ပီးတော့  လစဉ်စုကြေးလေးတွေ လုပ်ပီး  များလာတဲ့အခါမှာမှ
တိုင်ပင်နေဆဲပါ ။ ကျနော်ကိုယ်တိုင်လည်း   စဉ်စားနေရဆဲပါ ။  ဘာလို့ လည်းဆိုရင်
မြန်မာပြည်ပြန်ဖို့ နဲ့  တခြားလုပ်စရာလေးတွေကြောင့် ရေရှည်မစည်းရုံးနိုင်မှာလည်း
စိတ်ပူမိတယ် ။အဖွဲတစ်ခုလုပ်ပီဆိုရင် အောင်မြင်အောင်ပဲ လုပ်ချင်တယ် အမာခံလူ
အတော်များများ ရှိနေပြီမို့ အဖွဲ့ လေးတစ်ခု လုပ်ဖြစ်မယ်လို့  ယုံကြည့်ပါတယ် လစဉ်
စုကြေးဆိုတာ အလှုရှိရှိ မရှိရှိ  တစ်ယောက် နှစ်ဆယ် သုံးဆယ် စုထည့်ထားမယ်ဆို
လူနှစ်ဆယ်ဆို  တစ်လ 2သိန်း  တစ်နှစ်ပြည့်မှ လှုမယ်ဆိုရင်  24 သိန်း  အလိုလိုစုပီး
ဖြစ်မှာပါ တစ်ဦးထဲလုပ်ရင်မသိသာပေမယ့်အဖွဲ့ လိုက်စုမယ်ဆိုရင်တော့ ငွေပမာဏ
လူများများရင် များသလို လှုနိုင်ပါလိမ့်မယ် အဲ့တော့ လုပ်ဖြစ်မယ့် အစီစဉ်ကိုသေချာ
အစီစဉ်တကျ ဖြစ်ဖို့ ကို KL (ကွာလာလမ်ပူ )မှာ တွေ့ ဆုံဆွေးနွေးပွဲ တစ်ကြိမ်လုပ်ပီး
ကောက်ခံပါ့မယ် သဘောတူတဲ့သူများရင် ဆွေးနွေးပွဲလုပ်မယ်ဘယ်လိုပဲဖြစ်ဖြစ်အခု
ဒုတိယအကြိမ် ဒိုမိန်းအလှုပြီးရင် မိဘမဲ့ကလေးဂေဟာအတွက် ပိုငွေတွေကို လှုမှာပါ
အခုနောက်ထပ်  ကောက်ခံရရှိတဲ့ အလှုရှင်စာရင်းကို ရေးပြပါ့မယ် ။  ငွေပမာဏ ကို
တတိယအကြိမ် အလှုနဲ့ အတူ  စာရင်းလုပ်ပီး  အလှုရှင်တစ်ဦးချင်းစီကို ပို့ ပေးပါ့မယ်
အခုဘာလို့ စာရင်းမရှုပ်တာလည်းဆိုရင် နော်ဝေကလွှဲငွေကို မလေးရှားငွေပြောင်းဖို့ 
စာရင်းသာ  ပေးထားပီး  ငွေမလွှဲသေးတာလည်း ရှိနေလို့ ပါ ။ ဘာလို့ လည်းဆိုတော့
လှုမဲ့နေရာအတိအကျ စုံစမ်းရှာဖွေနေဆဲမလို့  ကျနော့်ဘက်က စာရင်းအရင်ယူထား
ငွေကို လှုတဲ့အခါမှ လွှဲဖို့ ပြောထားပါတယ် အဲ့ခါမှ အတိအကျ ပိုငွေကို ရေးတင်မှာပါ
လှုငွေပမာဏ စာရင်ဇယားအတိအကျ ရေးဆွဲပြီး PDF စာအုပ်လေး လုပ်ပီးတင်ဖို့ ကို
တတိယအကြိမ် မိဘမဲ့ကလေးဂေဟာ အလှုမှာ စောင့်ဖတ်ပေးကြပါလို့ ..................။
အလှုပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို အောက်ကလင့်မှာ သေချာဖတ်ပေးပါရန်.......။
အလှုရည်ရွယ်ချက်ကိုတကယ်သိမှ လှုပါ  အဖွဲလုပ်ဖို့ အားပေးပါ သေချာဖတ်ပေးပါ
အလှုရည်ရွက်ချက် ဖတ်ရန် ==> http://www.zwmnna.com/about donation
ယခင်အလှုရှင်စာရင်းဖတ်ရန် ==>http://www.zwmnna.com/donator list
မလေးရှားမှ ဂျိုဟိုးမှ ထပ်တိုးအလှူရှင်စာရင်း 
၁။Frank(RM100)
၂။အောင်မင်းထွဋ်(RM50)      
 ၃။မျိုးအောင်(RM30)     
၎။ခင်ဇော်ဌေး (RM 30) 
၅။အောင်သူဝင်း(RM20)
၆။သက်ပိုင်ဦး(RM 20)
၇။စောခူ(RM 20)
၈။စောဘီး (RM 20)     
 ၉။ဘိုဌေး (RM 20) 
၁၀။စောလုပ်သားမောင်(RM 10)
၁၁။နေလင်းအောင်(RM 10) 
၁၂။ဇော်ထက်အောင်(RM 10)
၁၃။ကျော်မင်းသူ (RM 10)
၁၄။ကျော်ကျော်(RM10)
၁၅။ကိုထွန်း(RM10)
၁၆။အငဲ(RM10)          
Total=RM 380
နော်ဝေမှထပ်တိုး လှုဒါန်းသူ
အဖြူရောင်အားမာန်မိသားစု = 250 (Norway, Krone)
ထိုင်းနိုင်ငံမှထပ်တိုးလှုဒါန်းသူ
ရွှေပါရမီပညာဒါန = 82000 ကျပ်
Posted on: Thursday, January 17, 2013
အဖေါ်ကောင်းရှိပါစေ
လောက မှာ အဖေါ် ဆိုတာ လိုအပ်တယ်။
ပစ္စုပ္ပန်  အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့  (၂)မျိုး ရှိပါတယ်။
ပစ္စုပ္ပန်မှာ အဖေ အမေ အကိုအမ ဇနီးမယား သမီး သားရယ်လို့  မိသားစု အဖေါ်တွေ လိုအပ်ပါတယ်။
အဲ့ဒီ အဖေါ်တွေကတော့  တဘ၀စာ တနပ်စာ အတွက်ရပ်တည်ကြမယ့်သူတွေပါ။
ဒီ အဖေါ်တွေမှာလည်း ကောင်းတဲ့ အဖေါ်ရှိသလို မကောင်းတဲ့ အဖေါ်လည်း ရှိပါတယ်။
ကောင်းကျိုးလိုလားသူဆိုရင်တော့ ကောင်းတာတွေ ဖြစ်မယ်။ သံသရာအတွက်ပါ ကောင်းမယ်။
မကောင်းတဲ့ အဖေါ်ကတော့ ခုလည်း မကောင်းဘူး သံသရာအတွက်လည်း မကောင်းနိုင်ဘူး။
           ဒါန ။သီလ ။ သမထ။ ၀ိပဿနာ ဆိုတဲ့ လေးမျိုးသော ကုသိုလ် တရားတွေဟာ
သံသရာ အတွက်  အဖေါ်ကောင်းတွေ ဖြစ်ပါတယ်။
 မိုးကုတ် ဆရာတော်ဘုရားကြီး က ..ဇာတိ တရားလက်ခံထားသူ များဗိုလ်လူတို့ 
နောက်မူ စင်စစ် သေမင်းလက်သို့  အသက် အပ်နှင်း မယွင်းသေချာ ဖြစ်မြဲသာတည့်။
လို့  ဆိုထားပါတယ်။
အကယ် ၍များ အဖေါ်ကောင်းမရှိခဲ့ရင်  ဇာတိ ကို ရထားတဲ့ ခန္ဓာတိုင်းဟာ
အိုမှူသဘော ကို`၎င်း နာမှူ သဘောကို၎င်း ခံစားရတဲ့အခါ မှာ  မခံစားနိုင်ဖြစ်ကြတယ်။
အဖေါ်ကောင်းရှိထားတဲ့သူတွေ ကတော့ အိုခြင်းသဘော နာခြင်းသဘောကို သိရှိပြီးဖြစ်သလို
အဖေါ် ကောင်းရဲ့ အထောက် အပံ့ နဲ့ ပြုံးပြုံး ရွင်ရွှင် ရင်ဆိုင်နိုင်ကြပါတယ်။
ဇာတိ ရဲ့ နောက်မှာ ဇရာ မရဏ ကပ် ပါလာတာပါ။ခန္ဓာကို ရတဲ့သူတိုင်းဟာ ရုပ်ကိုစွဲလမ်းတတ်တယ်။
ဝေဒနာ ကိုစွဲလမ်း တတ်တယ်။ အဲ့ဒီလိုစွဲလမ်းတော့ အိုမှူသဘော နာမှူသဘော ရုပ် ရဲ့ ဖေါက်ပြန်မှူ
သဘောတွေကို မခံစားနိုင်အောင် ဝေဒနာ ဖြစ်တတ်ကြပါတယ်။
သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။
နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုဖို့  ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။
နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။
သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့။  လို့  မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်က
ဆုံးမတော်မူခဲ့ပါတယ်။
ဘုရားရှင် ဘယ်လောက်ပဲဆုံးမထား ဆုံးမထား ၀ိပဿနာ အသိလေးနဲ့ လေ့ကျင့်အားထုတ်ထားခြင်း
မရှိရင်တော့ သတိကပ်ပြီး မှတ်နိုင်မှာ မဟုတ်ပါဘူး။အဖေါ် ကောင်းကို ရှာဖွေ ပေါင်းဖေါ်ထားခြင်းမရှိ
တဲ့အတွက် နာရင်နာတယ် လို့ ခံစားပြီး ငါနာတယ် ငါကျင်တယ်လို့  ဖြစ်နေကြမှာပါ။
ဝိပဿနာ အသိလေးနဲ့ သတိလေးကပ်ပြီး နာတာကိုမှတ်မယ် နာခြင်းသဘောကို ဖြစ်ပျက်ရှုမယ် ဆိုရင်
အဖေါ်ကောင်း နဲ့ နေသူဖြစ်တဲ့အတွက် နိဗ္ဗာန် ကို အဲ့ဒီ အဖေါ်ကောင်းက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဖေါ်ကောင်း နဲ့ပေါင်းတတ် သင်းတတ်မှသာ အဲ့ဒီ အဖေါ်ကောင်းက နိဗ္ဗာန် ပို့ မယ်
အပယ် တံခါး ကို ပိတ်ပေးပါလိမ့်မယ်။
အဖေါ်ကောင်းရှိမှာသာ ချမ်းသာ ကို ရပါလိမ့်မယ်။
(မြောက်ဦး ဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ၏ *အဖေါ်ကောင်းရှိပါစေ* တရားတော်မှ
ကောက်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်)
                *****တတိယမြောက်သမီးတော်*****
Posted on: Tuesday, January 8, 2013
(၃)သညာက္ခန္ဓာ
နံပါတ်(၃) ကတော့ သညာက္ခန္ဓာ ပဲဖြစ်ပါတယ်
မှတ်သားမှူသဘောတရားအစု လို့  အဓိပ္ပါယ်ရပါတယ်။
ပူမှူသဘောကို၎င်း။အေးမှူသဘောကို၎င်း။မာမှူသဘော။ပျော့မှူသဘော။
လှူပ်ရှားရုန်းကန်မှူသဘော။ယိုစီးမှူ သဘော  စသဖြင့် ကောင်း၏ မကောင်း၏
ခံစားမိသည့် သဘောလေးတွေကို မှတ်သားခြင်းက သညာက္ခန္ဓာ ရဲ့  သဘောတရားလေးတွေ
ဖြစ်ပါတယ်။သူ့ ကို သညာ လို့  အလွယ် တကူ ခေါ်ကြပါတယ်။
သညာ ရဲ့ သဘောမှာလဲ ဖြစ်ခြင်းပျက်ခြင်းတွေ ပဲ ရှိနေတာဖြစ်ပါတယ်။
ဖြစ်ခြင်းကြောင့် မှတ်သားသော်လည်း ပျက်ခြင်းကြောင့်  မေ့ သွားတာပါပဲ။
ဒါ က အလွယ် နည်း ကို ပြဆိုတာ ဖြစ်ပါတယ်။ တကယ် ထဲထဲ ၀င်ဝင် ဖြစ်ခြင်းပျက်ခြင်းကို ပြမယ်ဆိုရင်
ဒီ ထက်ပိုပြီး အနုစိတ်ပါတယ်။ သညာ ပျက်ရင်တော့ တရားအားထုတ်ရာမှာ အသုံးဝင်တော့မှာ
မဟုတ်ပါဘူး။
 ဒါကြောင့် ဆရာသမား များက ဆိုဆုံးမ လေ့ ရှိပါတယ်။ အရွယ်ရှိတုန်း ကျန်းမာတုန်း ကို
တရားရှာပါ  တဲ့ သညာ ပျက်တဲ့အရွယ်မှာတော့ တရားကိုမှတ်နိုင်ဖို့ ခဲယဉ်းသွားပါပြီ။
အသက်ငယ်သေးတဲ့အရွယ် မှာ တရားကိုမှတ်ရတာ ပိုပြီး ရလွယ် တဲ့အတွက်
ဆရာဘုန်းကြီးများ အထူးသတိပေးလေ့ရှိပါတယ်။ လူငယ်တွေ တရားစခန်းဝင်တာကို
သိတ်ပြီး လိုလားကြပါတယ်။တရားရလွယ်တယ်လို့  သိထားလို့ပါပဲ။
တရားရလို့  ကျွတ်တမ်းဝင်ရင် ဂေါတမ မြတ်စွာဘုရားရှင် ရဲ့ သာသနာ မှာ
ကျွတ်တမ်းဝင်တဲ့ အရေအတွက် ပြည့်လာတာပေါ့။
မြတ်စွာဘုရားရှင် ရဲ့ သားတော် အစစ်  သမီးတော် အစစ် ဘ၀ နဲ့
ကျွတ်တမ်း ၀င်တဲ့ ထဲမှာ ကိုယ်တိုင် ပါဝင်နိုင်အောင် ကြိုးစားကြပါစို့ ။
*****တတိယမြောက်သမီးတော်*****
Posted on: Thursday, January 3, 2013
ဝဋ် ဘ၀ တိုတို နဲ့ မဂ်ဖိုလ် ရချင်ရင်
♦သာသနာ ကွယ်ခြင်းအကြောင်းရင်း♦
မြတ်ဗုဒ္ဓ ၏ အဆုံးအမ သာသနာတော်ကို မည့်သည့် ဘာသာ၊မည်သည့် လူမျိုးများမှ
ဖျက်ဆီး၍ မပျက်စီးနိုင်ပါ။
                  ဗုဒ္ဓ ဘာသာ ၀င်များ ကိုယ်တိုင် ဖျက်ဆီးမှသာ ပျက်စီးနိုင်ပါသည်။
မိမိ လုပ်ရမည့် အလုပ်ကိုစိတ်ဝင်တစား မလုပ်ခြင်းသည် သာသနာ ကွယ်ဖို့ ရာ အကြောင်းတည်း။
သို့ အတွက်
   "ကျယ်မဟောကြ၊ကျယ်မချနှင့်၊ကျယ်စွမအံ၊ မကြံမစည်၊ ပဋိပတ်ကွာ၊ဤငါးဖြာသည်၊
မှတ်ပါ သာသနာကွယ်ကြောင်းတည်း။"
♦၀ဋ် ဘ၀ တိုတို နဲ့  မဂ်ဖိုလ် ရချင်ရင်♦
ဝဋ် ဘ၀ တိုတို နဲ့ မဂ်ဖိုလ် ရချင်ရင် ဖြစ်ပျက် မြင်အောင်ရှု၊ပြီးတော့ မုန်းအောင်ရှု။
ပြီးတော့ ဆုံးအောင်ရှု၊ဒါဆို တိုတော့တာပဲ၊သည့်ထက်တိုအောင်တော့ ဘုန်းကြီးမဟောနိုင်ဘူး။
မဂ်ဖိုလ် ကို ရက်တိုတို နဲ့ ရချင်တယ် ဆိုရင် ရနိုင်လောက်တဲ့ ဇွဲ လုံလ ၀ိရိယ၊
ရနိုင်လောက်တဲ့ သမာဓိ၊ရနိုင်လောက် တဲ့ အသိဥာဏ်၊ ရနိုင်လောက်တဲ့ အားထုတ်မှူရှိရမယ်။
ကြိုးစားရမယ်။
                       တန်ရာတန်ကြေး အလုပ်ပေးနဲ့ ပေးပြီး ၀ယ်ရမယ်။
ဒါဆိုရင် မရပါနဲ့လို့   တားလို့ တောင် မနေဘူး။ ရကို ရတယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
       *****တတိယမြောက်သမီးတော်*****
Posted on: Sunday, December 23, 2012
(၂)ဝေဒနာက္ခန္ဓာ
နံပါတ်(၂) ဝေဒနာက္ခန္ဓာ
     ဝေဒနာ ဆိုတာ နာမှူ ကျင်မှူကို ဝေဒနာ လို့  ခပ်လွယ်လွယ် သိမှတ်ကြတယ်
အမှန် ကတော့ နာမှူ ကျင်မှူ က ဝေဒနာ မဟုတ်ပါဘူး။
နာတယ် ကျင်တယ် ဆိုတာ ခံစားသိတာက မှ ဝေဒနာ ဖြစ်ပါတယ်။စိတ်ထဲမှာ နာတယ် လို့ 
ခံစားမိတာ ကျင်တယ် လို့ ခံစားမိတာ အဲ့ဒါ ဝေဒနာပါ။လက်နာရင် လက်မှာ ဝေဒနာ ပေါ်တယ်
ခေါင်းနာရင်ခေါင်းမှာ ဝေဒနာ ပေါ်တယ်။နာတယ်လို့ ခံစားမိတဲ့စိတ်ကလေး က ဝေဒနာဖြစ်ပါတယ်။
ပျော်ရွင်ခြင်း ၀မ်းနည်းခြင်းကိုခံစားမိတာလည်း ဝေဒနာ ပဲဖြစ်ပါတယ်။ဘာကိုမှ မခံစားပဲနေတာက
ဥပေက္ခာ ဝေဒနာ ဖြစ်ပါတယ်။ဝေဒနာ ရဲ့သဘောက မနှောမှာခံစားမှူပေါ်လာတာမျိုးပါ။
နာတယ် ကျင်တယ် ခံစားရတာ မှ ဝေဒနာ မဟုတ်ဘူး  ခံစားမှူ အားလုံး ဟာ ဝေဒနာ ပါ။
ပျော်ရွင်တဲ့ သူက ပီတိ ဆိုတဲ့ သုခ ဝေဒနာ ခံစားနေတာပါ။ဝမ်းနည်းတဲ့သူက မကျေနပ်ခြင်းတွေ နဲ့
ဒုက္ခ ဝေဒနာ ကိုခံစားရပါတယ်။
ခပ်လွယ်လွယ် ကတော့ နာတာကျင်တာကို  သိမှတ်ကြတာများပါတယ်။
 နာတာကိုနာတယ်  နာတယ် လို့ သိနေတာက  သမထ ဖြစ်ပြီး နာမှူသဘောမှာ စစ် ခနဲ့ နာတယ်
ပြီးရင်ပျောက်သွားတယ် စစ် ခနဲ့နာတယ် ပြီးရင်ပျောက်သွားတယ် ဒါ ကိုမြင်အောင်ကြည့်နိုင်ရင်
ဝိပဿနာ ဖြစ်ပါတယ်။ နာတာ ကျင်တာ က ဆက်တိုက်နာနေတာမျိုး မဟုတ်ပါဘူး။ စစ် ခနဲ့ နာပြီးရင်
ပျောက်သွားပါတယ်။တစစ်စစ် နဲ့ဖြစ်နေတာမျိုးပါ။ဒါကို သေချာ စိုက်ကြည့်ရင် နာတယ် ဆိုတဲ့ဝေဒနာ မှာ
တောက်လျှောက်နာနေတာမျိုးမဟုတ်ပဲ နာလိုက်ပျောက်သွားလိုက်ဖြစ်နေတယ်ဆိုတာ သိလာပါမယ်။
နာတာလေးဖြစ်လိုက် နာတာပျောက်သွားလိုက်နဲ့  အဲ့ဒါ ကို ၀ိပဿနာ ညာဏ် နဲ့ စောင့်ကြည့်ရင်
ငြီးငွေ့ ပြီး နာတာလေးပျောက်သွားပါလိမ့်မယ်။ အဲ့လို ပျောက်သွားအောင် အာရုံမများပဲ
စောင့်ကြည့်ပေးလိုက်ပါ။
 နာတာလေးတွေ ဆုံးသွားရင် တစ်မဂ် တစ်ဖိုလ် ဆိုဒ်ရောက်ပါလိမ့်မယ်။
ဝေဒနာက္ခန္ဓာရဲ့ သဘောမှာ စစ်ခနဲ  ဖြစ်လိုက် ပျောက်သွားလိုက် နောက်ထပ်  စစ် ခနဲ့ ဖြစ်လိုက်
 ပျောက်သွားလိုက်  နဲ့ ဆိုတာ ပဲ ပေါ်နေတာပါ။သူ့ သဘောတရားကို သိစေချင်ပါတယ်။
*****တတိယမြောက်သမီးတော်*****
Posted on: Monday, December 17, 2012
(၁)ရူပက္ခန္ဓာ
   ခန္ဓာ ငါး ပါးမှာ (၁) ရူပက္ခန္ဓာ
                      (၂)ဝေဒနာက္ခန္ဓာ
                      (၃)သညာက္ခန္ဓာ
                      (၄)သင်္ခါရက္ခန္ဓာ
                      (၅)၀ိညာဏက္ခန္ဓာ   ဆိုပြီး   ရှိပါတယ်။
နံပါတ်(၁) ရူပက္ခန္ဓာ
••••••••••••••••••
          လူတော်တော်များများ က သိနေတဲ့ ရူပက္ခန္ဓာ ဆိုတာ အသွေး အသားတွေ နဲ့ ထိလို့ ကိုင်လို့ ရတဲ့
ဒီခန္ဓာ ကိုယ် အထည်ကြီး ကို ရူပက္ခန္ဓာ လို့ မှတ်ထင်နေကြတာပါ။
   တကယ်တော့ ရူပက္ခန္ဓာ ဆိုတာ ခွေးမြင်တဲ့ ခန္ဓာကိုယ် ကို ခေါ်တာ မဟုတ်ပါဘူး။
ခွေး ဟောင်ခံရတဲ့ အထည် ကိုယ်ကောင်ကို ရူပက္ခန္ဓာ လို့ ခေါ်တာမဟုတ်ပါဘူး။
   ရူပက္ခန္ဓာ ဆိုတာ ပူမှူသဘော  အေးမှူသဘော လို့ ခေါ်တဲ့ တေဇော ဓါတ်ရဲ့ ဖေါက်ပြန်မှူ။
မာမှူ သဘော ပျော့မှူ သဘောလို့ ပြောင်းလဲတဲ့ ပထ၀ီ ဓါတ်ရဲ့ ဖေါက်ပြန်မှူ။
ယိုစီး တဲ့ သဘော ဆောင်တဲ့ အာပေါ ဓါတ်ရဲ့ ဖေါက်ပြန်မှူ။
လှူပ်ရှား ရုန်းကန်ခြင်း ဖြစ်စေတဲ့ ၀ါယော ဓါတ် ရဲ့ ဖေါက်ပြန်မှူ။
 အဲ့သလို ဓါတ်ကြီး လေးပါး တို့  ဖေါက်ပြန်မှူသဘောအစု လေး ကို ရူပက္ခန္ဓာ လို့ ခေါ်ဆိုတာ
ဖြစ်ပါတယ်။ဒီ သဘောလေးတွေရဲ့ ဖေါက်ပြန်မှူ ကို ဥာဏ်နဲ့ပိုင်းခြားထင်ထင် သိမြင်ပြီး
ဖြစ်လိုက်   ပျက်လိုက် နဲ့ မတည်မြဲခြင်းကို စောင့်ကြည့်နိုင်မယ် ဆိုရင်ဖြင့် ဖြစ်ခြင်း  ပျက်ခြင်းတို့ 
ဆုံးပြီး မဂ် ဖိုလ် ကို မျက်မှောက်ပြုနိုင်ပါလိမ့်မယ်။
သမီးတော်မဂ္ဂ သစ္စာ  မှာ ဖေါ်ပြထားပါတယ် နှာသီး ဖျားက လေ လေး ၀င်တာ ထွက်တာကိုသိပြီး
ဝင်လေမှာ ကော  ထွက်လေ မှာပါ ဖြစ်ပြီးပျက်တာကို သိမှတ်ပေးနိုင်ရင် ၀ိပဿ နာ ဖြစ်ပါတယ်။
ဖြစ်ပျက်ကို ညီးငွေ့ အောင်  ကျင့်ကြံပြီး ဖြစ်ပျက်ဆုံးအောင် စောင့်ကြည့်နိုင်ရင်  နိဗ္ဗာန် ကို မြင်ရမှာ
ဖြစ်ပါတယ်။
 ကြိုးစားပြီး အားထုတ် နိုင်ကြပါစေရှင်
*****တတိယမြောက်သမီးတော်*****
Posted on: Thursday, December 13, 2012
မရှိတာကို သိအောင်လုပ်ပါ
♦ သာသနာ ဟူသည်♦
သာသနာ ဟူသည် မြတ်ဗုဒ္ဓ၏ အဆုံးအမ။
သာသနာ ဟူသည် အဆောက်အဦး မဟုတ်ပါ။ပရိယတ် ပဋိပတ် သာသနာပြု
ဆောင်ရွက်ရာအထောက်အပံ့ သာသနိကမျှသာ ဖြစ်၏။
တိုက်တာ အဆောက် အဦးများပြားခြင်းသည် သာသနာ တိုးတက်သည်ဟု
မဆိုအပ်။
   မြတ်ဗုဒ္ဓ၏ အဆုံးအမတော် အတိုင်း လိုက်နာကျင့်သုံးနိုင်မှ ကိုယ်စီ နှလုံးသားဝယ်
သာသနာတည်မည်။
♦မရှိတာကို သိအောင်လုပ်ပါ♦
အရှူခံတရားများက ပျက်သွားလို့  မရှိတဲ့ အချိန်ကျမှ
ဒီဥာဏ်က ပေါ်ရတာကိုး။ အရှူခံ ဝေဒနာလေးက ဖြစ်ပြီး
ပျက်သွားတော့မှ ရှုတဲ့ဥာဏ်က ပေါ်ခွင့်ရတာကိုး၊
ဒီတော့ မရှိတာကိုပဲတွေ့ ရတော့မှာပေါ့။
  ရှူဥာဏ်ပေါ်လာတဲ့အချိန်မှာ ဧည့်သည်ဖြစ်တဲ့ ဝေဒနာ ကမရှိဘူး။
 အဲ့ဒီ မရှိတာကိုပဲ သိအောင်လုပ်ရမှာ။
အဲ့ဒီ မရှိတာကိုပဲ သိရင်တော်ပြီ။မဂ် ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ လို့ 
ဆုတောင်း မနေနဲ့ ။
မရှိတာကို သိအောင်လုပ်မှ  မဂ် ရမယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
       *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, December 12, 2012
အလှုစာရင်းရှင်းတမ်းနဲ့  ပဏာမအလှုအတွက် အစီစဉ် ပြီးစီးအောင်မြင်ကြောင်းl
အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်
ယခုပြုလုပ်တဲ့အလှုအတွက်  ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ
အလှုရှင်များအားလုံးကို  မောင်(စွယ်စုံကျမ်း) မှ  ကျေးဇူးအထူး  တင်ရှိရပါကြောင်း
ပြောကြားပါတယ် ။စိတ်ကူးလိုက်တဲ့ အစီစဉ်လေး ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ
အတိုင်းမသိ ၀မ်းမြောက်ပီတိဖြစ်ရပါတယ်။ပဏာမအစီစဉ် ၀က်ဆိုဒ်ဆယ်ခုအတွက်
ဒိုမိန်းလှုတာ အောင်မြင်သွားပါပြီ ။  ဒုတိယပိုင်း အစီစဉ်နဲ့  နောက်ထပ် လှုမယ်ဆိုဒ်
၆ခုလောက် ရှိနေပါသေးတယ် ။ ဒိုမိန်းချိတ်ဖို့ အတွက် အတိအကျမစီစဉ်ရသေးတာ
မဆက်သွယ်ရသေးတာကြောင့် ယခုဖော်ပြလို့   အဆင်မပြေသေးတာပါ ။ အလှုရှင်
စာရင်းရှင်းတမ်း နဲ့  ရရှိတဲ့အလှုငွေပမာဏအတိအကျကို   ဒုတိယမြောက် အလှုမှာ
ဖော်ပြပါမည် လှုမည်ဟု အသိပေးထားသော ၀က်ဆိုဒ် ၆ခုလောက် ကျန်သေးတယ်
ဒုတိယမြောက် အလှုပြီးလို့ ပိုသောငွေများကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
(သို့ မဟုတ်)မိဘမဲ့ကလေးဂေဟာ တစ်ခုခုကို  အန်တီတင့်နဲ့  ဆက်သွယ် လှုဒါန်းဖို့ 
စဉ်းစားထားပါတယ် ။ မိမိတို့ ပတ်ဝန်းကျင်မှာ လှုဒါန်းလိုသော အဆက်အသွယ်များ
အလှုဌာနများ သိရှိပါက ဆက်သွယ် အကြံပေးနိုင်ပါတယ် ။ မြန်မာပြည်အနှံ့ အပြား
လှုရမယ့်နေရာတွေ  ဒုက္ခရောက်နေတဲ့နေရာတွေ  အများကြီးရှိပါတယ် ။ ဒါကြောင့်
တကယ်လိုအပ်တဲ့နေရာတွေ အကုန်မလှုနိုင်သေးပေမယ့် လက်လှမ်းမီသလောက်
တတ်နိုင်သလောက်  ဆက်သွယ်လှုဒါန်းဖြစ်အုံးမှာပါ နောက်ထပ် လှုမယ့် ၀က်ဆိုဒ်
၆ခုပြီးလျှင်  ခန့် မှန်းပိုငွေ  သုံးသိန်းနီးပါး ကျန်ရှိနေအုံးမှာပါ ဒီစာလေးကို ဖတ်မိလို့ 
ဆက်သွယ်  လှုဒါန်းပါဝင်ချင်သေးရင်  ပုံမှာပါတဲ့ လိပ်စာတွေအတိုင်း  ဆက်သွယ်
လှုဒါန်းနိုင်ပါတယ် ။  မြန်မာနိုင်ငံမှန် လှုဒါန်းလိုသူများလည်း အန်တီတင့် (ရန်ကုန်)
မသဇင်ဝင်း (တာချီလိတ်) နဲ့  မြန်မာနိုင်ငံ  အလှုရှင်စာရင်းမှာပါတဲ့  မည်သူ့ကိုမဆို
ဆက်သွယ်နိုင်ပါတယ် ။ အသေးစိတ်သိလိုပါက  မောင်(စွယ်စုံကျမ်း) ထံသို မေးပို့ 
အကြောင်းကြားနိုင်ပါကြောင်း   အသိပေးအပ်ပါတယ်  ။  ပဏာမ  အစီစဉ်အတိုင်း
ပြီးမြောက်အောင်မြင်ပီမို့  အလှုရှင်များအားလုံး  ကိုယ်တိုင်ကိုယ်ကျ  ဘုရားရှိခိုးပြီး
ယနေယခု   ပြုလုပ်ရတဲ့   ကုသိုလ်ကောင်းမှုကို   စိတ်တွင် ရည်မှန်းအောက်မေ့၍
အမျှတန်းဝေ သာဓုခေါ်ဆိုလိုက်ကြပါနော.................................................။
၁၂ -  ၁၂ -၂၀၁၂ အထိ လက်ရှိစာရင်း
မောင်(စွယ်စုံကျမ်း)    =  မလေးရှားငွေ ( ၁၀၀ )
ဘလော့ခရီးသည် = မလေးရှားငွေ ( ၁၀၀ )
ကိုကျော်မင်းထွန်း  = မလေးရှားငွေ ( ၁၀၀ )
ကိုကျော်မင်းဦး  =  မလေးရှားငွေ ( ၁၀၀ )
ကိုညီလင်းနိုင်  =  မလေးရှားငွေ ( ၁၀၀ )
ကိုစိုးဝင်းသန်း  =  မလေးရှားငွေ ( ၁၀၀ )
ကိုဇော်ထက်  =  မလေးရှားငွေ ( ၁၀၀ )
ကိုထွန်းဝင်ဦး  =  မလေးရှားငွေ ( ၁၀၀ )
ကိုအောင်ဘိုဘို  =  မလေးရှားငွေ ( ၅၀ )
ကိုနေလင်းအောင်  =  မလေးရှားငွေ ( ၅၀ )
ကိုနေဇော်လင်း  =  မလေးရှားငွေ ( ၅၀ )
ကိုသော်တာလွင်  =  မလေးရှားငွေ ( ၅၀ )
ကိုဟန်စိုး   =  မလေးရှားငွေ ( ၅၀ )
ကိုမင်းညို  =  မလေးရှားငွေ ( ၅၀ )
ကိုမိုးထွန်း  =  မလေးရှားငွေ ( ၅၀ )
ကိုဂျွန်လေး =  မလေးရှားငွေ ( ၅၀ )
ကိုကိုလေး   =  မလေးရှားငွေ ( ၅၀ )
ဖိုးခွားလေး =  မလေးရှားငွေ ( ၅၀ )
ခိုင်သူဇော် =  မလေးရှားငွေ ( ၅၀ )
ပုသိမ်သား =  မလေးရှားငွေ ( ၅၀ )
ညီညီ =  မလေးရှားငွေ ( ၅၀ )
မင်းမင်း =  မလေးရှားငွေ ( ၅၀ )
ကိုမောင်ကျော်  =  မလေးရှားငွေ ( ၅၀ )
ရန်နောင်စိုး =  မလေးရှားငွေ ( ၅၀ )
သိုက်ကြီး(ပုပ္ပါး) =  မလေးရှားငွေ ( ၅၀ )
မြင့်မြတ်အောင် =  မလေးရှားငွေ ( ၁၅ )
မြန်မာနိုင်ငံမှ ပေးလှုလာသူတွေကတော့...
မသဇင်ဝင်း = မြန်မာ ကျပ်ငွေ  ၅ သောင်း
အန်တီတင့် = မြန်မာ ကျပ်ငွေ  ၃ သောင်း
မမျိုးစံပယ် = မြန်မာ ကျပ်ငွေ  ၃ သောင်း
မရွှေဂဲ = မလေးရှားငွေ ( ၁၀၀ )
မဖြူမေ၀င်း  = မလေးရှားငွေ ( ၁၀၀ )
မစင်သီယာကျော် = မလေးရှားငွေ ( ၆၀ ) 
နော်ဝေနိုင်ငံမှ ပေးလှုလာသူတစ်ဦးကတော့.....
မမြတ်နိုး = မြန်မာကျပ်ငွေ ၂ သောင်း ၈ ထောင်
.
အလှုအကြောင်း အပြည့်အစုံ သိချင်ရင် အောက်လင့်ကို နှိပ်ဖတ်ပါ
http://www.zwmnna.com/2012/11/blog-post_5930.html
Posted on: Thursday, December 6, 2012
ပဋိစ္စသမုပ္ပဒ်(၈)
ပဋိစ္စသမုပ္ပဒ်(၈) ကတော့ နောက်ဆုံး အသွယ် ပါ။
ခြင်းရာနှစ်ဆယ် ဖြစ်ပါတယ်။
အတိတ် အကြောင်းခြင်းရာ ငါးပါး(၁-အကွက်) ပစ္စုပ္ပန် အကျိုး ခြင်းရာငါးပါး(၂-အကွက်)
ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်) အနာဂတ် အကျိုးခြင်းရာငါးပါး(၄-အကွက်)
အတိတ်ကြောင်းခြင်းရာ ငါးပါး ဆိုတာ  အ၀ိဇ္ဇာ၊သင်္ခါရ၊ တဏှာ၊ဥပါဒါန်၊ဘဝ
ပစ္စုပ္ပန် အကျိုးခြင်းရာ ငါးပါး ဆိုတာ   ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ
ပစ္စုပ္ပန် အကြောင်းခြင်းရာ ငါးပါး ဆိုတာ  တဏှာ၊ ဥပါဒါန်၊ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ
အနာဂတ် အကျိုးခြင်းရာ ငါးပါး ဆိုတာ  ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ
 အတိတ် ကြောင်းခြင်းရာကနေ စပြီးကြည့်လိုက်ရင်  သစ္စာ မသိ ကြလို့  ပြုလုပ်ကြတယ်
ဘာနဲ့ လုပ်သလဲ လိုချင်တပ်မက်မှူတဏှာ နဲ့လုပ်တယ် စွဲစွဲလမ်းလမ်း လုပ်တယ်
အဲ့လို လုပ်လို့  အကျိုးခံစားရတယ်  လက်ရှိ ပစ္စုပ္ပန် အကျိုးပါ။
လက်ရှိ ပစ္စုပ္ပန် မှာ အကျိုးခံစား ရတာ က  ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုရလာတယ်။
လက်ရှိဘ၀မှာ  လိုချင်တပ်မက်တဲ့ တဏှာ စိတ် နဲ့   စွဲစွဲလမ်းလမ်း လုပ်မယ် ဆိုရင်
သစ္စာ မသိ တဲ့ စိတ် နဲ့  ပြုလုပ်ကြမယ် ဆိုရင် အနာဂတ် မှာ အကျိုးဖြစ်လာ မယ်
ဘယ်လို အကျိုးတွေ ဖြစ်လာမလဲ---- ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုပြန်ရပါမယ်။
 ဒါတွေ ပဲပြန်ရမယ် ဆိုတာ ကိုမသိလို့  ပြုလုပ်ကြ အားထုတ် ကြတာကို ဘုရားရှင် ကိုယ်တော်မြတ်
နဲ့ ရဟန္တာ များက သိအောင်မြင်အောင် ဟောပြ  ညွှန်ပြထားတာ  ကိုလေ့ လာသိထားပြီး
နားလည်ဖို့ အရေးကြီးလှပါတယ်။
ဒုက္ခတွေ ပဲ အဖန်တလဲလဲ ရနေပါလားဆိုတာ သိမှ သံသရာက နေ ထွက်ဖို့ စိတ်ကူးမိမယ်
ထွက်တဲ့လမ်းကိုရှာကြမယ်  ဒါ ဆိုရင်တော့ ပဋိစ္စသမုပ္ပဒ်ကို ဘာလို့ သင်ယူ ရသလဲ ဆိုတာလေးကို
နားလည် ကြပါလိမ့်မယ်။
ပဋိစ္စသမုပ္ပဒ် ကို သိထား နားလည်ထားရင်  တရားအခြေခံ ရှိထားပြီးဖြစ်လို့  အဘိဓမ္မာ တရား
တွေ ကို နာကြားပြီး ၀ိပဿနာ အားထုတ် ဖို့  အဆင်သင့်ဖြစ်ကြပါပြီ။
သံဝေဂ မရှိရင် သုတ္တာန် တရားတွေ နာကြားပြီးမှ ၀ိပဿနာ အားထုတ် ဖို့  အဆင်ပြေမှာ
ဖြစ်ပါတယ်။ သံဝေဂ ဆိုတာ  ခန္ဓာ ရဲ့ လည်ပတ် မှူ ဒုက္ခ ကို သိဖို့ ဖြစ်ပါတယ်။
*****တတိယမြောက်သမီးတော်*****
Posted on: Saturday, December 1, 2012
ကုသိုလ် အကုသိုလ် အကျိုးပေးကိုမသိရင် ကိုယ့်ကို ကိုယ် အဟုတ်ကြီးထင်နေမယ်
လက်ရှိ ဘ၀ မှာ အကုသိုလ် မလုပ် တာနဲ့  နောက်ဘ၀ သုဂတိ ဘုံကိုရောက်မယ်လို့ 
 တထစ်ချ တွက်လို့ မရနိုင်ပါဘူး။  အကြောင်းရင်းကတော့.........
ကုသိုလ် ပြုရင် ပဲဖြစ်ဖြစ် အကုသိုလ် ပြုရင်ပဲဖြစ်ဖြစ်  ဇော(၇)ကြိမ်  ဖြစ်တယ် ဆိုတာလေးကြောင့်ပါ။