ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, November 26, 2014

နှစ်နှစ်ပြည့် ဘလော့ဆိုဒ် အလှု အတွက် ဆုတောင်း မင်္ဂလာ


မောင်(စွယ်စုံကျမ်း)နှင့်တကွ အလှုရှင်များအားလုံးရဲ့ ကောင်းမှုနဲ့ 
ဒိုမိန်း ၀ဘ်ဆိုဒ်လေးကို အသုံးပြုခွင့်ရခဲ့တာ နှစ်နှစ် ပြည့်ခဲ့ပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အလေးအမြတ်ထားပြီး
မိမိ နိုင်ရာ အခန်းကဏ္ဍကနေ ဒါန တစ်ခု စုပေါင်းပြီးပြုခဲ့ကြတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။

Posted on: Thursday, November 20, 2014

နှမျောစရာကောင်းသော ဘဝ



 တရားအားထုတ်တယ်ဆိုတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါရဲ့လား…..

Posted on: Monday, November 10, 2014

တစ်ဦးနောက် တစ်ဦးလိုက်၍ ကျင့်ကြံကြခြင်း



တရားနဲ့အညီ အိမ်ရာတည်ထောင် လူ့ ဘောင်မှာနေတဲ့ လူတစ်ယောက်ဟာ
တစ်နေ့ မှာ ဇနီးဖြစ်သူကို  “ ချစ်နှမ…ငါ ရဟန်းပြုလိုတယ်” လို့  ပြောတော့
ဇနီးဖြစ်သူက ၀မ်းကြာသိုက်မှာတည်နေတဲ့  ကလေး ဖွားမြင်ပြီးမှ ရဟန်း
ဝတ်ပါလို့  တောင်းဆိုပါတယ်။ခင်ပွန်းသည်ကလည်း ဇနီး ရဲ့အလိုအတိုင်း
ကလေးငယ် ဖွားမြင်ပြီးလို့  လမ်းလျှောက်တတ်တဲ့ အချိန်ထိ စောင့်ပြီးမှ
နောက်တစ်ဖန် ခွင့်တောင်းပြန်ပါတယ်။ ခွင့်တောင်းတော့ ဇနီးသည်က
ကလေး အရွယ်ရောက်တဲ့အချိန်ထိ စောင့်ပါအုံးလို့ ဆိုပြန်တော့
ခင်ပွန်းဖြစ်သူလည်း ဇနီးသည်ကိုခွင့်တောင်းနေလို့ တော့ ရဟန်းဝတ်ခွင့်
ရတော့မှာမဟုတ်ဘူးဆိုတာသိပြီး မိမိရဲ့ ၀ဋ်ဆင်းမှ လွတ်မြောက်ဖို့ ရာအတွက်
ကိုသာ ရှေ့ရှူလို့  ရဟန်းပြုခဲ့ပါတယ်။

Posted on: Sunday, November 2, 2014

ကြည်ညိုခဲ့မိသော ဂါထာလေးတစ်ပုဒ်

 မိလက္ခ မုဆိုးကြီး  အနှစ်ငါးဆယ်လုံးလုံး ပါဏာတိပါတ ကံ နဲ့ အသက်မွေးပြီး
အကုသိုလ်တွေ ဆိုးလွန်းလို့  ရဟန်းတစ်ပါးခပ်ထည့်ထားတဲ့ ရေကိုတောင်မမြင်ရဘူး တဲ့ ။
ရေက အိုးထဲမှာအပြည့်ရှိပေမယ့် သူတောင်စင်တစ်ပါးခပ်ထားတဲ့ရေကို အကုသိုလ်
အားကြီးတဲ့သူက မမြင်ရဘူး။အိုးထဲကို ငုံ့ ကြည့်တာ ရေတစ်စက်မှမရှိဘူးလို့ ပဲ မြင်တာတဲ့ ။
ကြည့်စမ်း  ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲနော်။

Posted on: Wednesday, October 29, 2014

ဥဒါန်း ဂါထာတော်


ဟယ်……………..
တဏှာလက်သမား
သင်ကား
ငါ၏ ခန္ဓာအိမ်ကို ဆောက်နိုင်သေးရဲ့လား……….

Posted on: Thursday, October 23, 2014

အတွေးထဲ သို့ ရောက်နေသော သေခြင်းတရားများ

ယခုတလော အတွေးထဲသို့ သေခြင်းတရားများ အကြောင်းက နေ့စဉ်လိုလို ရောက်နေတတ်သည်။
တမင် တွေးယူတာမျိုးမဟုတ်ပါပဲ  ဘာကြောင့် မှန်းမသိအောင် အတွေးက ရောက်ရောက်
သွားသည်။

သာသနာတွင်းအလှူ နိဗ္ဗာန်ယူ




 အလှူ နှစ်မျိုးရှိတယ်။သာသနာပ အလှူ နဲ့  သာသနာတွင်းအလှူ။
သစ္စာမသိပဲနဲ့  ကမ္မသက္ကဿ ဥာဏ်ကလေးနဲ့  လှူဒါန်းတဲ အလှူကို
သာသနာပ အလှူလို့  ခေါ်တယ်။သစ္စာအသိဥာဏ်ခြံရံပြီးတော့ လှူတဲ့
အလှူကို သာသနာတွင်းအလှူလို့ ခေါ်တယ်။ သစ္စာမသိပဲနဲ့ 
သာသနာ ပ  အလှူကိုလှူလိုက်တော့ ကုသိုလ်ထဲမှာ အကုသိုလ် ရောတာပေါ့။

Posted on: Friday, October 17, 2014

ခန္ဓာဖြင့် သက်သေပြသွားသော ဘဘ ဦးအုံးရီ


                                       ♦♦♦၀ိပဿနာ အကျိုး(၇)မျိုး♦♦♦
               
                             ညည်းညူမရှိ ၊ သတိမမေ့ ၊ ချိန်နေ့ သိပြန်၊
                                     မျက်လှန်ကြောဆွဲ ၊ မရှိပဲ နှင့် ၊
                            သေလည်းမတောင့်တင်း ၊ ပုပ်နံ့ ကင်းသည်၊
                                ကျိုးရင်း ၀ိပဿနာ တန်ခိုးတည်း။

Posted on: Wednesday, October 15, 2014

သစ္စဥာဏ် ကိစ္စဥာဏ် ကတဥာဏ်





ခန္ဓာမှာ နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ် ဆိုတာခံစားရတော့
ဆင်းရဲလား ချမ်းသာလားမေးရင်  ဆင်းရဲပါတယ် ဆင်းရဲတဲ့ အတွက်ကြောင့်
ဒုက္ခ လို့ ပြောတာ။  အမှန်တကယ် ဟုတ်လို့ မို့ လဲ  သစ္စာလို့ ပြောတာ။
ဒါကြောင့်နာတယ်  ကျင်တယ် အောင့်တယ် ပူတယ် အေးတယ်

Posted on: Tuesday, October 14, 2014

ယုတ်သော မြတ်သော အသက်ရှင်ခြင်း



လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် မသိ။ ပညတ် ပရမတ် မသိ။ ဖြစ်ပျက် မသိပဲ
အသက်တစ်ရာနေသောသူသည် ယုတ်သောအသက်ရှင်ခြင်းဖြစ်တယ်။
လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် ။ ပညတ် ပရမတ် ။ဖြစ်ပျက်  ကိုသိပြီး အသက်
တစ်ရက် ရှင်ရခြင်းသည် မြတ်သောအသက်ရှင်ခြင်းဖြစ်တယ်။

Posted on: Sunday, October 5, 2014

ညစ်ကျယ်ကျယ် သမီးတော်

သမီးတော်နေတာက ရှမ်းပြည်နယ်မြောက်ပိုင်းထဲက မြို့ တစ်မြို့ ဖြစ်တာကြောင့် တက္ကသိုလ်ကို
လားရှိုးမှာ တက်ရပါတယ်။အဲ့ဒီတုံးက လားရှိုးက တက္ကသိုလ်မဖြစ်သေးပါဘူး။ ရိုးရိုးကောလိပ်
ကျောင်း အဆင့်ပဲ ရှိပါသေးတယ်။ 

Posted on: Thursday, September 25, 2014

လျှပ်တစ်ပြက် ရာဂ နှင့် မိမိ စိတ်ကို တန်ပြန် ထောက်လှမ်းခြင်း။



 လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက အရောင်ကော အဆင်းပါ
နှစ်သက်လို့ ဝယ်ထားတဲ့  အ၀တ်ကလေးတစ်စုံကို တူမလေးကိုပေးဝတ်
မိပါတယ်။

Posted on: Sunday, September 21, 2014

ထောက် ကနဲ ………..



                                      ရွှန်းလက်ကယ် ကြယ်စင်
                                        ငယ်စဉ်က မျက်စိ
                                  ဇရာဝင် ပျက်ရှာကြတယ်
                                     အပ်ပေါက်ချော်ထိ။

Posted on: Saturday, September 13, 2014

ကိုယ်ပိုင် အရည်အချင်းနဲ့ဆို ဒီတသက် သူဋ္ဌေး ဖြစ်မှာမဟုတ်တဲ့ သူ


လတ်တလော  အာဏာစက် ပြင်းထန်နေတဲ့ 
BPP Challenge  လေးကြောင့် ဘလော့ရွာလေး အတော်ကိုစည်ကားသိုက်မြိုက်
နေပါတယ်။

Posted on: Monday, September 1, 2014

ဘလော့ဒေး အမှတ်တရ

ဆံကေသာ ထုံးနှောင်
ပိတုန်းရောင်အသွေး
ဇရာဝင်ပျက်ရှာကြတယ်
နက်ရာက ဖွေး။