ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, April 3, 2015

ဒုက္ခ လှလှ


                                               ဒုက္ခကို ဒုက္ခမှန်း
                                            မသိတဲ့သူတွေရော
                                          သိပြီးသူ တစ်ချို့ ရော
                                     လှတယ်လို့ မှတ်ယူကြတယ်။

Posted on: Monday, March 30, 2015

သာကီဝင် မင်းသားတို့ ၏ နိဝါတ မင်္ဂလာ


(၁)ဘဒ္ဒိယ သာကီဝင်မင်း
(၂)အနုရုဒ္ဓမင်းသား
(၃)အာနန္ဒာမင်းသား
(၄)ဘဂုမင်းသား
(၅)ကိမိလ မင်းသား
(၆)ဒေ၀ဒတ္တမင်းသား

Posted on: Tuesday, March 17, 2015

အမြတ်စား အညံ့စား အကျင့် နှစ်ပါး


မဂ်သို့ ရောက်ကြောင်း ထိုအကျင့်ကောင်းကိုလည်း  အမြတ်စား
အညံ့စား  နှစ်မျိုးအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီ။

Posted on: Sunday, March 8, 2015

ကလေးအထူးတရားစခန်း


Posted on: Saturday, March 7, 2015

နိဗဒ္ဓ ကုသလ



Posted on: Monday, March 2, 2015

သညာ သိ ၀ိညာဉ်သိ ပညာသိ


နောက်တစ်ခုက သညာရယ် ၀ိညာဉ်ရယ်  ပညာရယ်တဲ့ (၀ိညာဉ်ဆိုတာ စိတ်ပါပဲ)
ဒီသုံးခု အစုကို နားလည်ရမယ်။

Posted on: Tuesday, February 17, 2015

ပညာ



 အမောဟ  တဲ့ သူကတော့ တစ်ခုထဲမို့ လို့  ခေါ်ချင်သလိုခေါ်လို့ ရတယ်။
ဒါပေမယ့် နာမည်က ပညိနြေ္ဒ တဲ့ အဓိပ္ပါယ်က အာရုံကိုသိခြင်းသဘော၊
ဒါက အဓိပ္ပါယ် သာပြောထားတာ၊အနက်အစစ် မဟုတ်သေးဘူး။

Posted on: Monday, February 9, 2015

ဝိရတီ



 (၁)အခွင့်အရေးကြုံလာတဲ့အခါ ရှောင်ကြဉ်ခြင်း၊ပါဠိလို သမ္ပတ္တ၀ိရတီ
(၂)သမာဒါန ၀ိရတီ ၊ ဆောက်တည်ထားလို့ ရှောင်ကြဉ်ခြင်း။
(၃)သမုစ္ဆေဒ ၀ိရတီ၊ ရဟန္တာဖြစ်လို့ မဂ်ရတဲ့အခါမှာ မဂ်နဲ့ အကြွင်းမဲ့
ပယ်တာ၊အဲ့သလို ဒုစရိုက်ပယ်တာ  ၃ မျိုး ရှိတယ်။

Posted on: Wednesday, February 4, 2015

အနိစ္စလို့ ဆင်ခြင်ပါ


 
 
ညနေခင်းအချိန်လေး အားနေတာနဲ့ အိမ်ရှေ့ က မြက်ခင်းမှာ မြက်ရိုင်းတစ်ချို့  ထိုးထိုးထောင်ထောင်
ထွက်နေတာကို အမြင်မလှလို့  ဓါးရှည်တစ်ချောင်းကိုယူပြီး မြက်တွေကို ရှင်းပါတယ်။ မြက်တွေရှင်း
နေရင်းနဲ့  ကြွက်တစ်ကောင်ရဲ့အမြီးပိုင်းလေးကိုတွေ့ တော့ သေခြင်းတရားက ခေါင်းထဲကို
ဝင်လာပါတယ်။ကြွက်က အမြီးလေးပဲ ကျန်တော့တာပါ ခွေးစားတာခံရတာလား ကြောင်စားတာ
ခံရတာလားတော့ မသိပါဘူး။ စားကြွင်း အပိုင်းအစလေးတစ်ချို့ လည်း ကျန်နေပါတယ်။

Posted on: Friday, January 23, 2015

စာနဲ့ လက်တွေ့ 


အဘိဓမ္မာဆိုတာ စာအုပ်ထဲ သွားရှာရတာ မဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်မှာ
ရှိတာမသိကြလို့ သာ၊အဲ့ဒါကြောင့်မို့  ဒီမှာသင်ရတာ ပိုပြီးတော့ ကောင်းတယ်။
တရားထိုင်တာနှင့်အဘိဓမ္မာ နှင့် တွဲသွားတာ။တရားထိုင်ထားရင် အဘိဓမ္မာ
ပိုသဘောပေါက်တယ် ။အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း
ပိုကောင်းတယ်။ အဲ့ဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။

Posted on: Friday, January 9, 2015

အမေ နှင့် ပြောဖြစ်ခဲ့သောစကားများ


မနက်က ရွာထဲက အသုဘ တစ်ခုကိုသွားဖို့  အမေ့ ကို ဆိုင်ကယ်နဲ့လိုက်ပို့ ပေးခဲ့ပါတယ်။
(၇)ရက်ပြည့်လို့ ရက်လည်ဆွမ်းကပ်တရားနားရတာပါ။ သမီးတော်တို့ အိမ်က ရွာအနောက်
ဘက်မှာ ရှိပြီး အသုဘ အိမ်က ရွာအရှေ့ ဘက် မှာဖြစ်ပါတယ် ဝေးလှတယ်လို့ မဟုတ်ပေမယ့်
အမေ့ ကို သက်သာစေချင်လို့  လိုက်ပို့ ပေးတာပါ။

Posted on: Thursday, January 1, 2015

မအားကြသူများ


ပထမ အရွယ်မှာ ပညာရှာ။ ဒုတိယ အရွယ်မှာ ဥစ္စာရှာ။ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့ စကား
ဘယ်ပညာရှိ ပရောဟိတ်ကြီးကများ မိန့် ကြားတော်မူတယ် မသိပါ။

Posted on: Tuesday, December 23, 2014

အဘိဓမ္မာ မတတ်သော်လည်း

 တရားထူး ရဖို့ အားထုတ်မယ် ၀ဋ် မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ ရန်
အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်သော်လည်းပဲ ဆရာသမားနဲ့ အားထုတ်ရင်ဖြစ်တယ်။
အဘိဓမ္မာ အများကြီးတတ်ဖို့ မလို ဘူး။တတ်ရင်တော့ကောင်းပါတယ်။ သို့ သော် ဒီစိတ်
စေတသိက် ရုပ်နိဗ္ဗာန်  ဒါတွေ အကုန်လုံးသိမှ မင်းတရားထိုင်ရမယ်။ ဒီလိုပြောလို့ မရဘူး။
အဲ့ဒါ သတိထားရမယ်။

Posted on: Thursday, December 11, 2014

သိထားရမည့် ဒုက္ခသစ္စာ



 ပဋိသန္ဓေနေရခြင်း၊အိုရခြင်း၊နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော
သတ္တ၀ါ သင်္ခါရတို့ နှင့်အတူတကွ ပေါင်းယှဉ်ရခြင်း၊ချစ်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရတို့ နှင့် ကွေကွင်းခွဲခွါရခြင်း၊ မိမိလိုအင်ဆန္ဒမပြည့်ဝခြင်း၊
စိုးရိပ်ပူဆွေးရခြင်း၊ငိုကြွေးရခြင်း၊စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်
နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့ သည်သာမာန်ဆင်းရဲခြင်း အနက်သဘော
ရှိသော ဒုက္ခဒုက္ခ တွင် အကျူံးဝင်လေသည်။

Posted on: Thursday, December 4, 2014

ပညာ နှင့် သဒ္ဓါ


ဝီမံသနာ  ပတိရူပေန အသဒ္ဓိယံ ၀ဉ္စေတိ။

ဝီမံသနာ မတိရူပေန=စုံစမ်းဆင်ခြင်ခြင်း ပညာတရားနှင့်တူသဖြင့်၊
အသဒ္ဓိယံ= သူတစ်ပါးကိုမယုံကြည်ခြင်း အသဒ္ဓိယ တရားသည်၊
ဝဉ္စေတိ=လှည့်ပတ်တတ်၏။