မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်
ကျောင်းတော်မှာ
သီတင်းသုံးတော်မူခိုက်ဖြစ်၏။ အရှင်
ဗာဟိယ ကိုယ်တော်က
“တပည့်တော် တရားရနိုင်လောက်အောင်
တရားကလေးတစ်ပုဒ်
အကျဉ်းချုပ် ဟောပေးတော်မူပါဘုရား”
ဟူ၍ တောင်းပန်သည်။
ထိုအခါတွင် မြတ်စွာဘုရားက ရှေးဦးအစ
ယခုမှ စတင်အားထုတ်သူ
အတွက် အစီအစဉ်နှင့်တကွ ဟောပြတော်မူ၏။
















