ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, February 23, 2019

ဝဋ်​ကို ဝဋ်​မှန်း သိပါ (၁၂)



ဝဋ်​ကို ဝဋ်​မှန်းသိဖို့ ဝဋ်​ဆင်းရဲက လွတ်​​မြောက်​​စေချင်​လို့
သမီး​တော်​ စွမ်းနိုင်​သ​လောက်​ ​ကျေးဇူးပြုပါတယ်​​နော်​။
စာ​ပေမှာ ဉာဏ်​စဉ်​အလိုက်​​ဖော်​ပြတာ​တွေ ရှိထားတယ်​။
တကယ်​​တော့ စိတ်​ဆိုတာ အင်​မတန်​မြန်​ပါတယ်​။
စာတစ်​လုံး ချ​ရေးတဲ့ အချိန်​ကာလ စကားတစ်​ခွန်း​ပြောတဲ့
အချိန်​ကာလ​လေးမှာ စိတ်​​ပေါင်းက အများကြီးဖြစ်​ပြီး
သွားပါပြီ ။ဉာဏ်​စဉ်​ကို တကယ်​​ရောက်​ပြီးကြတဲ့သူများ

သိနိုင်​ကြပါတယ်​။ သို့​သော်​ စိတ်​ရဲ့ သ​ဘောက
အင်​မတန်​သိမ်​​မွေ့လွန်း​တော့ ​တဆင့်​ချင်းစီကို
ရေးသား​ဖော်​ပြရာမှာ ပညတ်​တင်​ပြီး​ရေးရတဲ့အခါ
ဖြစ်​ပျက်​သွားတဲ့သ​ဘောတရားကို အဓိပ္ပါယ်​​ဖော်​ပြရတဲ့အခါ
အနုစိပ်​ကို ​ဖော်​ပြဖို့ ခက်​ခဲပါတယ်​။ သခါင်္ရု​ပေက္ခာဉာဏ်​ကို
ရောက်​တဲ့အခါမှာ ​ရေ​မော်​လီကျူး​လေး​တွေ​ပြေး​နေတဲ့သဏ္ဍာန်​ကို
အနီးစပ်​ဆုံး တီဗွီမှာ ဗြုတ်​ထ တာနဲ့ ​ပေးကြရပါတယ်​။
ခန္ဓာမှာ ဉာဏ်​နဲ့ စူးစိုက်​ကြည့်​လို့ မြင်​ရတဲ့ သ​ဘောတရား
တစ်​ခုကို ဥပမာ​ဆောင်​​သော်​လည်း ဥပမာသာဖြစ်​ပါတယ်
ဥပမာ​ပေးထားတဲ့အတိုင်း တထပ်​တည်းကျမ​နေပါဘူး။
ခပ်​ဆင်​ဆင်​​လေးပဲတူတာပါ။ ​​ရေစက်​က​လေးကို
မိုက္ကရိုစကုတ်​နဲ့ ကြည့်​လို့ ​ရေ​မော်​လီကျူး​လေး​တွေ ​ပြေးလွှားတာကို
မြင်​ဖူးကြရင်​​တော့ ပိုပြီး နီးစပ်​တဲ့ ဥပမာလို့ ​ပြောရပါမယ်​။
စိတ်​ဉာဏ်​နဲ့ အနုစိပ်​မြင်​ရတဲ့သ​ဘောကိုး။ ​ရေရဲ့ အနုစိပ်​ကို
မိုက္ကရိုစကုတ်​နဲ့ ကြည့်​တာ ဆို​တော့ ပိုပြီးနီးစပ်​တာ​ပေါ့​နော်​။

ဉာဏ်​စဉ်​ဆိုတာ အချိန်​အကြာကြီး ဖြတ်​သန်း​နေတဲ့အရာမျိုး
မဟုတ်​ပါဘူး။သမာဓိမဂ္ဂင်​(၃)ပါး ဖြစ်​တဲ့ သမ္မာသတိ၊
သမ္မာဝီရိယ၊သမ္မာသမာဓိ ရယ်​၊ ပညာမဂ္ဂင်​ (၂)ပါးဖြစ်​တဲ့
သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပ ရယ်​ အဲ့ဒီ မဂ္ဂင်​(၅)ပါးနဲ့ ပြည့်​စုံပြီး
ယုံယုံကြည်​ကြည်​ အားထုတ်​လိုက်​တဲ့အခါမှာ
ဉာဏ်​စဉ်​​တွေက တဆင့်​ပြီးတဆင့်​  တဆင့်​ပြီးတဆင့်
ဆက်​တိုက်​ ဆင့်​ကဲ ဖြစ်​လာပါတယ်​။ သမာဓိ အား​ကောင်းဖို့
သတိနဲ့ ဝီရိယက လိုက်​​နေရတယ်​၊ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး
မိန့်​​တော်​မူတဲ့အတိုင်း ကိ​လေသာကြားမခို​အောင်​ အားစိုက်​ထား
ရပါတယ်​။ သတိ​လျော့လိုက်​ရင်​ ဝီရိယ​လျော့လိုက်​ရင်​ ကိ​လေသာ
ကြားခိုပြီး သမာဓိပျက်​ပါတယ်​။သမာဓိမဂ္ဂင်​(၃)ပါး နဲ့ပြည့်​စုံ
နေပြီး ပညာမဂ္ဂင်​(၂)ပါးကလည်းမတိမ်းမ​စောင်းပဲ အမြင်​မှန်​​နေ
ဆုံးဖြတ်​ချက်​မှန်​​နေတယ်​ဆိုရင်​ကိစ္စပြီးပါတယ်​။

သုဂတိဘုံဆိုတာ ​ရောက်​ဖို့ခဲယဉ်းလှတယ်​လို့ မြတ်​စွာဘုရားက
ဟော​တော်​မူခဲ့တယ်​။ သုဂတိဘုံကို ​ရောက်​တဲ့အခိုက်
သာသနာ​တော်​မြတ်​ကြီးနဲ့ ကြုံ​နေကြပြီမို့ ကြိုက်​ဖြစ်​​အောင်​လိုက်​ကြ
စမ်းပါလို့  မိုးကုတ်​ဆရာ​တော်​ဘုရားကြီးကလည်းမှာတယ်​။
ဉာဏ်​နုံတဲ့သူက ၇ နှစ်​၊ ဉာဏ်​အလယ်​အလတ်​သမားက
၇ လ ၊ ဉာဏ်​ထက်​တဲ့သူက ၇ ရက်​တဲ့ ၊မိုးကုတ်​ဆရာ​တော်
ဘုရားကြီးက မိန့်​​တော်​မူခဲ့ပါတယ်​။ ဒီ​ခေတ်​ကြီးမှာ အရိယာဖြစ်​ဖို့
မလွယ်​​တော့ပါဘူး ၊ပါရမီဖြည့်​တာ​လောက်​ပဲ ဖြစ်​နိုင်​​တော့မယ်​လို့
လူမိုက်​​တွေရဲ့စကားများ နည်းနည်း​လေးမှ နားမ​ယောင်​လိုက်​ပါနဲ့။
သူ​တော်​​ကောင်းအစစ်​ကြီး​တွေက လက်​​တွေ့ပြသွားခဲ့ပြီး
သားပါ။ ကိုယ်​တိုင်​လည်း​လျှောက်​လှမ်းသလို တစ်​ပါးသူကိုလည်း
တိုက်​တွန်းအား​ပေး လမ်းပြ​ပေးခဲ့ပါပြီ။ အကြွင်းမဲ့ ယုံကြည်​စွာ
ကျင့်​ကြံအားထုတ်​ ကြိုးစားလိုက်​ကြပါ​နော်​။

နှာသီးဖျားမှာ အာရုံ​လေးထားပြီး တစ်​ရှု တစ်​ရှိုက်​ က စလို့
တစ်​မဂ်​ တစ်​ဖိုလ်​ဖြစ်​​အောင်​  မိမိတို့ကိုယ်​တိုင်​ စွမ်း​ဆောင်
နိုင်​ကြပါ​စေ။


ဒီ​နေရာမှာပဲ ဝဋ်​ကို ဝဋ်​မှန်းသိပါ​  ကို အဆုံးသတ်​လိုက်​ပါပြီ။


သုခိအတ္တာနံ ပရိဟရန္တု


*****တတိယ​မြောက်​ သမီး​တော်​*****

0 comment: