THAMEETAW
THIRD
Posted on: Saturday, February 23, 2019
ဝဋ်ကို ဝဋ်မှန်း သိပါ (၁၂)
ဝဋ်ကို ဝဋ်မှန်းသိဖို့ ဝဋ်ဆင်းရဲက လွတ်မြောက်စေချင်လို့
သမီးတော် စွမ်းနိုင်သလောက် ကျေးဇူးပြုပါတယ်နော်။
စာပေမှာ ဉာဏ်စဉ်အလိုက်ဖော်ပြတာတွေ ရှိထားတယ်။
တကယ်တော့ စိတ်ဆိုတာ အင်မတန်မြန်ပါတယ်။
စာတစ်လုံး ချရေးတဲ့ အချိန်ကာလ စကားတစ်ခွန်းပြောတဲ့
အချိန်ကာလလေးမှာ စိတ်ပေါင်းက အများကြီးဖြစ်ပြီး
သွားပါပြီ ။ဉာဏ်စဉ်ကို တကယ်ရောက်ပြီးကြတဲ့သူများ
သိနိုင်ကြပါတယ်။ သို့သော် စိတ်ရဲ့ သဘောက
အင်မတန်သိမ်မွေ့လွန်းတော့ တဆင့်ချင်းစီကို
ရေးသားဖော်ပြရာမှာ ပညတ်တင်ပြီးရေးရတဲ့အခါ
ဖြစ်ပျက်သွားတဲ့သဘောတရားကို အဓိပ္ပါယ်ဖော်ပြရတဲ့အခါ
အနုစိပ်ကို ဖော်ပြဖို့ ခက်ခဲပါတယ်။ သခါင်္ရုပေက္ခာဉာဏ်ကို
ရောက်တဲ့အခါမှာ ရေမော်လီကျူးလေးတွေပြေးနေတဲ့သဏ္ဍာန်ကို
အနီးစပ်ဆုံး တီဗွီမှာ ဗြုတ်ထ တာနဲ့ ပေးကြရပါတယ်။
ခန္ဓာမှာ ဉာဏ်နဲ့ စူးစိုက်ကြည့်လို့ မြင်ရတဲ့ သဘောတရား
တစ်ခုကို ဥပမာဆောင်သော်လည်း ဥပမာသာဖြစ်ပါတယ်
ဥပမာပေးထားတဲ့အတိုင်း တထပ်တည်းကျမနေပါဘူး။
ခပ်ဆင်ဆင်လေးပဲတူတာပါ။ ရေစက်ကလေးကို
မိုက္ကရိုစကုတ်နဲ့ ကြည့်လို့ ရေမော်လီကျူးလေးတွေ ပြေးလွှားတာကို
မြင်ဖူးကြရင်တော့ ပိုပြီး နီးစပ်တဲ့ ဥပမာလို့ ပြောရပါမယ်။
စိတ်ဉာဏ်နဲ့ အနုစိပ်မြင်ရတဲ့သဘောကိုး။ ရေရဲ့ အနုစိပ်ကို
မိုက္ကရိုစကုတ်နဲ့ ကြည့်တာ ဆိုတော့ ပိုပြီးနီးစပ်တာပေါ့နော်။
ဉာဏ်စဉ်ဆိုတာ အချိန်အကြာကြီး ဖြတ်သန်းနေတဲ့အရာမျိုး
မဟုတ်ပါဘူး။သမာဓိမဂ္ဂင်(၃)ပါး ဖြစ်တဲ့ သမ္မာသတိ၊
သမ္မာဝီရိယ၊သမ္မာသမာဓိ ရယ်၊ ပညာမဂ္ဂင် (၂)ပါးဖြစ်တဲ့
သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပ ရယ် အဲ့ဒီ မဂ္ဂင်(၅)ပါးနဲ့ ပြည့်စုံပြီး
ယုံယုံကြည်ကြည် အားထုတ်လိုက်တဲ့အခါမှာ
ဉာဏ်စဉ်တွေက တဆင့်ပြီးတဆင့် တဆင့်ပြီးတဆင့်
ဆက်တိုက် ဆင့်ကဲ ဖြစ်လာပါတယ်။ သမာဓိ အားကောင်းဖို့
သတိနဲ့ ဝီရိယက လိုက်နေရတယ်၊ မိုးကုတ်ဆရာတော်ဘုရားကြီး
မိန့်တော်မူတဲ့အတိုင်း ကိလေသာကြားမခိုအောင် အားစိုက်ထား
ရပါတယ်။ သတိလျော့လိုက်ရင် ဝီရိယလျော့လိုက်ရင် ကိလေသာ
ကြားခိုပြီး သမာဓိပျက်ပါတယ်။သမာဓိမဂ္ဂင်(၃)ပါး နဲ့ပြည့်စုံ
နေပြီး ပညာမဂ္ဂင်(၂)ပါးကလည်းမတိမ်းမစောင်းပဲ အမြင်မှန်နေ
ဆုံးဖြတ်ချက်မှန်နေတယ်ဆိုရင်ကိစ္စပြီးပါတယ်။
သုဂတိဘုံဆိုတာ ရောက်ဖို့ခဲယဉ်းလှတယ်လို့ မြတ်စွာဘုရားက
ဟောတော်မူခဲ့တယ်။ သုဂတိဘုံကို ရောက်တဲ့အခိုက်
သာသနာတော်မြတ်ကြီးနဲ့ ကြုံနေကြပြီမို့ ကြိုက်ဖြစ်အောင်လိုက်ကြ
စမ်းပါလို့ မိုးကုတ်ဆရာတော်ဘုရားကြီးကလည်းမှာတယ်။
ဉာဏ်နုံတဲ့သူက ၇ နှစ်၊ ဉာဏ်အလယ်အလတ်သမားက
၇ လ ၊ ဉာဏ်ထက်တဲ့သူက ၇ ရက်တဲ့ ၊မိုးကုတ်ဆရာတော်
ဘုရားကြီးက မိန့်တော်မူခဲ့ပါတယ်။ ဒီခေတ်ကြီးမှာ အရိယာဖြစ်ဖို့
မလွယ်တော့ပါဘူး ၊ပါရမီဖြည့်တာလောက်ပဲ ဖြစ်နိုင်တော့မယ်လို့
လူမိုက်တွေရဲ့စကားများ နည်းနည်းလေးမှ နားမယောင်လိုက်ပါနဲ့။
သူတော်ကောင်းအစစ်ကြီးတွေက လက်တွေ့ပြသွားခဲ့ပြီး
သားပါ။ ကိုယ်တိုင်လည်းလျှောက်လှမ်းသလို တစ်ပါးသူကိုလည်း
တိုက်တွန်းအားပေး လမ်းပြပေးခဲ့ပါပြီ။ အကြွင်းမဲ့ ယုံကြည်စွာ
ကျင့်ကြံအားထုတ် ကြိုးစားလိုက်ကြပါနော်။
နှာသီးဖျားမှာ အာရုံလေးထားပြီး တစ်ရှု တစ်ရှိုက် က စလို့
တစ်မဂ် တစ်ဖိုလ်ဖြစ်အောင် မိမိတို့ကိုယ်တိုင် စွမ်းဆောင်
နိုင်ကြပါစေ။
ဒီနေရာမှာပဲ ဝဋ်ကို ဝဋ်မှန်းသိပါ ကို အဆုံးသတ်လိုက်ပါပြီ။
သုခိအတ္တာနံ ပရိဟရန္တု
*****တတိယမြောက် သမီးတော်*****
0 comment:
Post a Comment