တစ်ပါးသော အာနာပါန ကမ္မဌါန်းကိုပွားများခြင်းကြောင့် လေးပါးသော သတိပဌါန်တရားတို့နှင့်ပြည့်စုံ၏။
လေးပါးသောတရားကိုပွားများခြင်းသည် ခုနှစ်ပါးသော တရားနှင့်ပြည့်စုံ၏။
ခုနှစ်ပါးသောတရားဟူသည် ဗောဇ္ဈင်(၇)ပါး ဖြစ်သည်။ ဗောဇ္ဈင် ဆိုသည်မှာ သစ္စာသိသောအကြောင်းတရား
ကို ဗောဇ္ဈင်ဟုခေါ်သည်။
အာနာပါန ကမ္မဌါန်းကိုရူမှတ်ပွားများရာတွင် သတိနှင့်စောင့်ကြည့်ရ၏။ရုပ်သော်၎င်း။ နာမ်သော်၎င်းး
ပေါ်လာသည့် ဓမ္မ ကိုသတိ ဖြင့် သိနေခြင်းသည် သတိသမ္ဗောဇ္ဈင်ဖြစ်၏။
သတိဖြင့် ဆင်ခြင်သိမှတ်နေခြင်းသည် သတိ သမ္ဗောဇ္ဈင် နှင့် ပြည့်စုံနေခြင်း ဖြစ်၏။
သတိဖြင့် သိမှတ်နေခြင်းတွင်ရုပ်ပဲ နာမ်ပဲ အကြောင်းကြောင့် အကျိုးဖြစ်နေခြင်းပဲ ဟု ခွဲခြားဆင်ခြင်နိုင်ခြင်း
သည် ပညာ၏ သဘောဖြစ်သည်။ထိုသို့  ပညာ ဖြင့် ဆင်ခြင်နိုင်ခြင်းသည် ဓမ္မ၀ိစယသမ္ဗောဇ္ဈင် နှင့်ပြည့်စုံ
နေခြင်းဖြစ်သည်။
ပေါ်လာသမျှ ရုပ်နာမ်ဓမ္မ တို့ကိုသတိဖြင့် တရစပ် ရှူမှတ်စောင့်ကြည့်အားထုတ် ခြင်းသည်
ဝီရိယ သမ္ဗောဇ္ဈင်နှင့် ပြည့်စုံနေခြင်းဖြစ်သည်။
ကြိုးစားအားထုတ်လို့  အဖြစ်ကိုအဖြစ်မှန်းသိနေခြင်း အပျက်ကို အပျက်မှန်းသိနေခြင်း အကြောင်းအကျိုးကို
ဥာဏ်ဖြင့် ရှင်းလင်းစွာသိခြင်း တို့ ဖြင့် ဥာဏ်ရည်တိုးတက်လာခြင်းတွင် သူတော်ကောင်းတို့ သဏ္ဍာန် `၌
ပီတိ ဖြစ်ရပါသည်။ ခန္ဓာရဲ့ သဘောဟာ ဒီလိုပါလားဟု အသိဥာဏ်တိုးတက် သိရှိရခြင်းကြောင့်။ ဓမ္မကို
ယုံကြည်မြတ်နိုးခြင်းကြောင့် ပီတိ စိတ်သည် ဖြစ်ပေါ်၏။ထို့ ကြောင့် ပီတိသမ္ဗောဇ္ဈင် နှင့် ပြည့်စုံနေခြင်း
ဖြစ်သည်။
အဖြစ် အပျက် အကြောင်းအကျိုးတို့ ကို သိမှတ် ဆင်ခြင်နေသူသည် ကိလေသာဝင်လာခြင်းမရှိသည့်အတွက်
ကိုယ်ရောစိတ်ပါ အေးချမ်းနေသည်။ယင်းကဲ့သို့ အေးချမ်းငြိမ်သက်ခြင်းသည် ပဿဒ္ဓိ သမ္ဗောဇ္ဈင် နှင့် ပြည့်စုံခြင်း
ဖြစ်သည်။
ခန္ဓာ၏ သဘောကိုရှူမှတ်ဆင်ခြင်နေခြင်းကြောင့် ကိလေသာငြိမ်းအေးပြီးစိတ်အေးချမ်းသာရှိနေသူသည်
တည်ကြည်ခြင်းရှိ၏။ ထို့ သို့ တည်ကြည်ခြင်းသည် သမာဓိ သမ္ဗောဇ္ဈင် နှင့် ပြည့်စုံနေခြင်းဖြစ်သည်။
သတိ။ပညာ။ဝိရီယ တို့ ဖြင့် ရှူမှတ်နေသူသည် ပီတိ ပဿဒ္ဒိ စသည်ဖြင့် စိတ်တွင်ဖြစ်ပေါ်နေသော်လည်း
ချမ်းသာခြင်းသုခကို ခံစားလိုသည့် စိတ်မျိုး မရှိပဲ ရုပ်၏သဘော နာမ်၏ သဘောဖြစ်မှူပျက်မှူတွင်သာ
အာရုံစူးစိုက် ရှူမှတ်နေခြင်းကြောင့် လျစ်လှူရှူလျက် နေသည် ဖြစ်၏။ ထိုသို့ လျစ်လျူ ရှူနေခြင်းသည်
ဥပေက္ခာသမ္ဗောဇ္ဈင် နှင့်ပြည့်စုံနေခြင်းပင် ဖြစ်သည်။
တစ်ပါးသော အာနာပါန ကမ္မဌာန်း စီးဖြန်းခြင်းသည် လေးပါးသော သတိပဌာန် တရားကိုပွားများခြင်းဖြစ်ပြီး
ထိုလေးပါးသော သတိပဌာန် တရားကို ပွားများခြင်းသည် ခုနှစ်ပါးသော ဗောဇ္ဈင် တရားတို့ ကို စီးဖြန်းရာ
ရောက်သောကြောင့် သစ္စာ(အမှန်တရား=ဟုတ်တိုင်းမှန်ရာ)ကို သိစေအပ်ပါသည်။ဥာဏ်အလင်းကို ပွင့်လင်း စေခဲ့ပါသည်။ထိုဥာဏ် အလင်းသည်
ဟုတ်တိုင်းမှန်ရာကိုသိခြင်းတည်း ဟူသောခန္ဓာတို့၏ ဖြစ်မှူပျက်မှူ မမြဲခြင်း ဒုက္ခသစ္စာကိုသိခြင်းသည်၎င်း။
ဒုက္ခသစ္စာ ကိုဖြစ်စေသော သမုဒယသစ္စာ ကိုသိခြင်းသည်၎င်း။သမုဒယသစ္စာကို ပယ်သတ်ဖယ်ရှားသည့်
မဂ္ဂသစ္စာကိုသိခြင်းသည်၎င်း။သမုဒယ တို့၏ ငြိမ်းရာချုပ်ရာ နိရောဓ သစ္စာ ကိုသိခြင်းသည်၎င်း
သိသင့်သည့်တရားကို သိခြင်းဖြစ်သည့်အတွက် ၀ိဇ္ဇာမည်၏။ဝိဇ္ဇာဥာဏ်အလင်းပေါက်သဖြင့်  ၀ိမုတ္တိခေါ်
လွတ်မြောက်မှူ နိဗ္ဗာန် စခန်းသို့ ပေါက်ရောက်ကြရမည်ဖြစ်သည်။ဤသို့ဖြင့် နှစ်ပါးသော တရားတို့နှင့်
ပြည့်စုံလေသည်။
သိသင့်သောတရားတို့ကို သိ၍ သတိပဌာန်လေးပါးဖြင့်အားထုတ်ကျင့်ကြံနိုင်ကြပြီး ဗောဇ္ဈင် ခုနှစ်ပါးနှင့်
ပြည့်စုံကြကာ နှစ်ပါးသော တရားတို့ ဖြင့် နိဗ္ဗာန် စခန်း တက်လှမ်းနိုင်ကြပါသည်။
သိသင့်သောတရားကိုသိခြင်းသည် ၀ိဇ္ဇာ
သိပြီးမှ ကျင့်ခြင်းသည် စရဏ
ပြည့်စုံခြင်းသည် သမ္ပန္န
ဝိဇ္ဇာ စရဏ သမ္ပန္နော ဟူသော မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကို
ဥာဏ်တော်ဖြင့် အမြင့်မြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်နိုင်ကြပါစေ
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
1 comment:
ဖတ်ရှုမှတ်သားခဲ့ပါတယ်ဗျာ
Post a Comment