THAMEETAW
THIRD
Posted on: Thursday, November 28, 2013
ပူဇော်ဝန္တ ဂါရဝ
၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့ မှ သြဂုတ်လ(၆)ရက်နေ့ထိ (၉)ရက်တာ အချိန်ကာလ
မိုးကုတ်မြို့  ဓမ္မရံသီရိပ်သာ ကျောင်းတိုက်ကြီးတွင်သစ္စားလေးပါးတရားတော်များကို
နာယူမှတ်သားကျင့်ကြံ အားထုတ်ခွင့်ရခဲ့ပါသည်။
သစ္စာလေးပါး မြတ်တရားတို့ကို သိမြင်နာကြားမှတ်သား၍ အားထုတ်ကျင့်ကြံခဲ့ရပါသောကြောင့်
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် ဓါတ်တော်ကျသွားပြီဖြစ်သော အဂ္ဂမဟာပန္တိတဦးဝိမလ
မိုးကုတ်ဆရာတော်ဘုရားကြီးအား၎င်း။
အလုပ်သင် အလုပ်ပေးတရားတော်များကို ဆုံးမ ညွှန်ကြားပေးခဲ့သော ဓမ္မရံသီ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ
အရှင်သူမြတ်အား၎င်း။
အရှူခံ အရှူဥာဏ် တရားကို သင်ကြားပေးခဲ့သော ဆရာတော် ဦးထေရိန္ဒအား၎င်း။
ပဋိစ္စ သမုပ္ပဒ် သင်တန်းတရားကို သင်ကြားပေးခဲ့သော ဆရာတော် ဦးဓမ္မ ဥာဏအား၎င်း။
အခြားသော သင်ဆရာ ။မြင်ဆရာ ။ ကြားဆရာ ဆရာသမားအပေါင်းတို့အား ၎င်း။
တပည့်တော် တတ်စွမ်းသမျှသော ဥာဏ်ဖြင့် အထူးအစီအစဉ်အား တင်ပြကျေးဇူးပြု ခြင်းဖြင့်
ပူဇော် ကန်တော့ပါ၏ အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်သည်ကြိုးစားအားထုတ်ခြင်းဖြင့်လည်း မြတ်စွာဘုရားရှင်နှင့်တကွ ဆရာသမားအပေါင်း
အား ပူဇော်ကန်တော့ပါ၏။ တပည့်တော် သိသမျှ တတ်သမျှဖြင့်လည်း သာသနာတော်အား ပြန့်ပွားစေခြင်း
အကျိုး ငှာ ပြန်လည်မျှဝေပါ၏။
တပည့်တော်၏ ကြိုးစားမျှဝေမှူတွင် အမှားတစ်စုံတစ်ရာ ပါခဲ့သည်ရှိသော် အမှတ်မှားခြင်း အသိမှားခြင်း
ဖြစ်ပါသောကြောင့် ဆရာတော်တို့၏ အမှား မဟုတ်ပါပဲ တပည့်တော်၏ အားနည်းချက်သာဖြစ်ပါကြောင်း
သွန်သင်ညွှန်ပြ ဆုံးမခြင်းဖြင့် ခွင့်လွှတ်တော်မူကြပါဘုရား။
ပရိယတ္တိ သာသနာ
ပဋိပတ္တိသာသနာ
ပဋိဝေဓ သာသနာ
ဤ သာသနာတော် သုံးရပ် အကျင့်မြတ်ကို ကျင့်ကြံနိုင်ကြပါစေခြင်း အကျိုးငှာ
မေတ္တာ ရှေ့ထား ဂရုဏာပွား၍ အားထုတ်လုံလပြု ခဲ့ပါသည် အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်၏ ယခုဆန္ဒသည် မှန်ကန်ပါက သာသာနာတော် အကျိုးကို နိဗ္ဗာန် မ၀င်စံ မှီကြားကာလ
များ`၌ ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်ခြင်းသည် ဖြစ်ပါစေ ဘုရား။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment