ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 22, 2019

ဝဋ်​ကို ဝဋ်​မှန်း သိပါ  (၈)



နှာသီးဖျားက ဝင်​​လေထွက်​​လေ ဆိုတာ
ထင်​ရှားတဲ့ အာရုံတစ်​ခုပဲဖြစ်​ပါတယ်​။
ပုံမှန်​အသက်​ရူတဲ့အတိုင်း ရူ​နေ ရှိုက်​​နေတာကို
သတိ​လေးကပ်​​ပေးဖို့ပဲ လိုပါတယ်​။


သတိကပ်​ပြီးရှုမှတ်​တဲ့အခါမှာ
ဝင်​​လေ ထွက်​​လေ မမြဲတာ​တွေ့ပါလိမ့်​မယ်​။
ဝင်​​လေပဲရူ​နေလို့ မရသလို
ထွက်​​လေပဲ ရှိုက်​​နေလို့မရပါဘူး။
ရူချင်​စိတ်​က​နေ ရှိုက်​ချင်​စိတ်​က​လေး​ပြောင်းသွားတဲ့အခါ
ဝင်​​လေရူသွင်း​နေတာ ရပ်​ပြီး ထွက်​​လေကိုရှိုက်​ထုတ်
တော့တာပါပဲ။ ပုံမှန်​ အသက်​ရူတဲ့ အ​နေအထားကို
သတိကပ်​ပြီး ​စောင့်​ကြည့်​တဲ့အခါ ​တွေ့ရပါတယ်​။
ဒီ​နေရာမှာ ပုံမှန်​အသက်​ရူတဲ့အ​နေအထားကို
အထူးပြုပြီး​ပြောခြင်းက လုပ်​ရူတာ မဖြစ်​​စေဖို့
ရှင်း​အောင်​ ​ပြောရတာပါ။ ပုံမှန်​အသက်​ရူတဲ့အ​နေအထား
မဟုတ်​ရင်​ ကိ​လေသာဖြစ်​​အောင်​ တမင်​လုပ်​​နေတာမျိုး
ဖြစ်​သွားပါတယ်​။ ကိ​လေသာငြိမ်းဖို့အတွက်​အလုပ်​လုပ်​ရာမှာ
ကိ​လေသာကိုတမင်​​မွေးယူတဲ့အ​နေအထား မ​ရောက်​​အောင်
အထူးသတိထားရပါမယ်​။

ဖြစ်​​အောင်​ပြုရင်​ ​"လောဘ"
ပျက်​​အောင်​ပြုရင်​ "​ဒေါသ"
ဖြစ်​မှန်း ပျက်​မှန်း မသိရင်​ "​မောဟ" ဖြစ်​ပါတယ်​။

ဒါ​ကြောင့်​ ဝိပဿနာရှုမှတ်​ရာမှာ
လုပ်​လည်း မရူနဲ့
ရှာလည်း မရှုနဲ့
ဗျာလည်း မများနဲ့ လို့ သတိ​ပေးပါတယ်​။
ကိ​လေသာ​တွေဖြစ်​​အောင်​ တမင်​​မွေးယူသလိုဖြစ်​​နေခဲ့ရင်
ရုပ်​နာမ်​ရဲ့ ပရမတ်​သ​ဘောလက္ခဏာကို အကဲဖြတ်​ချိန်
မရနိုင်​ဖြစ်​သွားပါတယ်​။

ပရမတ်​ ရုပ်​နာမ်​ရဲ့ အဖြစ်​သ​ဘော​လေး​တွေဟာ
တည်​မြဲ မ​နေပဲ ​ပြောင်းလဲသွားတာ ချုပ်​သွားကုန်​သွားတာ
အသစ်​အသစ်​​တွေ အစားထိုး​နေတာ  စသည်​ဖြင့်
စောင့်​ကြည့်​ပြီး သူ့ရဲ့သ​ဘော သဘာဝ​လေးကို သိမှတ်
ဆုံးဖြတ်​​ပေး​နေတဲ့ အလုပ်​ကိုလုပ်​​တတ်​ရင်
ဝိပဿနာဖြစ်​ပါပြီ။

ဆို​တော့

နှာသီးဖျားက ဝင်​​လေ ထွက်​​လေကို ​စောင့်​ကြည့်​ပြီး
အကဲဖြတ်​တဲ့အခါ ဝင်​​လေဆိုတဲ့ ရုပ်​သ​ဘောနဲ့
နှာသီးဖျားဆိုတဲ့ ရုပ်​သ​ဘော​လေး နှစ်​ခု
တွန်းတိုက်​သွားတဲ့ ထိတဲ့သ​ဘော​လေးကို
ဥာဏ်​နဲ့ သိမှတ်​လိုက်​ပါ။ ဥာဏ်​လို့ သုံးထား​ပေမယ့်
စိတ်​က သိတာပါပဲ။ အတူတူပဲ​နော်​။
သိတဲ့အခါမှာ အကဲဖြတ်​တယ်​ သုံ့းသပ်​တယ်​ ဆုံးဖြတ်​တယ်​လို့
ဆိုထားတာဖြစ်​တဲ့အတွက်​ ဒီသ​ဘော​လေးအတိုင်း
စိတ်​ကလိုက်​သိ​နေရမယ်​ အလုပ်​လုပ်​ရမယ်​။
ဝိပဿနာဆိုတာ စိတ်​နဲ့ လုပ်​ရမယ့်​ အလုပ်​ပါပဲ။
သိရမယ့်​ ကိစ္စ​တွေသိ​နေဖို့  မှန်​မှန်​ကန်​ကန်​ ဆုံးဖြတ်​ချက်​ချဖို့။
သတိ​လေးကပ်​ပြီး စူးစိုက်​ထားရတဲ့ အလုပ်​ပါ။
ပရမတ်​သ​ဘော​လေး​တွေ ဖြစ်​သွားတာ ပျက်​သွားတာကို
သိ​ပြီး ဆုံးဖြတ်​ချက်​ချ​နေဖို့ ဖြစ်​တယ်​။
စိ​တ်​က ပြတ်​ပြတ်​သားသား မှန်​မှန်​ကန်​ကန်​လုပ်​ဖို့​တော့လိုတယ်​။
ဖြစ်​သွားတာကို "သိတယ်​"
ပျက်​သွားတာကို "သိတယ်​"
ဖြစ်​တယ်​ ပျက်​တယ်
ထပ်​ဖြစ်​တယ်​ ထပ်​ဖြစ်​တာ​လေးပျက်​တယ်
စသည်​ဖြင့်​ ဖြစ်​တာကို ဖြစ်​တယ်​လို့ သိပြီး
ပျက်​တာကို ပျက်​တယ်​လို့ တိတိကျကျသိ​နေ​ပေးလိုက်​ပါ။

ဒီလို သိတဲ့အသိထဲမှာ ငါမပါဘူး။ စိတ်​က သိ​နေတာ။
သိတဲ့စိတ်​က​လေး ရှိတယ်​ဆိုတာကို သိတယ်​​နော်​။
ဒါဆို ရပါပြီ။

ဝင်​​လေ ထွက်​​လေ ​လေး နှာသီးဖျားမှာ တွန်းတိုက်​ပြီး
ဝင်​လိုက်​ ထွက်​လိုက်​ဖြစ်​​နေတာကို သိတယ်
သိတဲ့စိတ်​က​လေး ရှိတာကိုလည်းသိတယ်​ ဆိုတာ
ရုပ်​နာမ်​ကိုသိတဲ့ နာမရူပ ပရိ​စ္ဆေဒဥာဏ်​ပဲ။
ဒီ​နေရာမှာ ဒါက နာမ်​ပဲ ဒါက ရုပ်​ပဲလို့ ​ပြောမှ
ရုပ်​နာမ်​ဖြစ်​တာမဟုတ်​ဘူး။
ပူတာကိုပူမှန်းသိတယ်​၊ ​အေးတာကို ​အေးမှတ်းသိတယ်
သိတာက စိတ်​နဲ့သိ​နေတယ်​လို့ နားလည်​ရင်
နာမရူပပရိ​စ္ဆေဒဥာဏ်​ဖြစ်​တာပဲ။

ပူတဲ့သ​ဘော​လေးက ရုပ်
အေးတဲ့သ​ဘော​လေးကရုပ်​လို့
ဒီလိုသင်​​နေမှ ရုပ်​မှန်းသိတယ်​လို့ မယူအပ်​ဘူး။
ပရမတ်​ခန္ဓာကို သိရင်​ နာမည်​မ​ပေးတတ်​လည်း သိတာပဲမို့
အသိမှန်​လို့ပဲ ယူအပ်​ပါတယ်​။
ရုပ်​လို့​ခေါ်တတ်​မှ နာမ်​လို့​ခေါ်တတ်​မှ
နာမ်​ရုပ်​ကိုသိတယ်​လို့ မယူအပ်​ပါဘူး။
အဓိက က သ​ဘောခန္ဓာကို အမှန်​ယူတတ်​ဖို့ပဲဖြစ်​တယ်​။

သ​ဘောခန္ဓာ အမှန်​ကို သိနားလည်​ပြီး ဝိညာဉ်​သိနဲ့
သုံးသပ်​ထားလို့ နာမရူပပရိ​စ္ဆေဒဥာဏ်​ကို
ရထားပြီးတဲ့သူဟာ ပဋိစ္စသမုပ္ပါဒ်​ကို သင်​ယူထားပြီးတဲ့သူဆိုရင်
အင်​မတန်​​ကျေးဇူးကြီးပါပြီ။
နာမ်​နဲ့ ရုပ်​ ဘာ​ကြောင့်​ဖြစ်​တယ်​ဆိုတာ
နားလည်​ထားပြီးသူမို့ သမ္မသနဥာဏ်​က​နေ
စတင်​ရှုမှတ်​ပြီး ဝိပဿနာဥာဏ်​အဆင့်​ဆင့်​ကို
တက်​လှမ်း​ရောက်​ရှိဖို့ပါပဲ။ သင်​တန်းတက်​မထားတဲ့
သူများလည်း ဝိပဿနာအလုပ်​ကို လုပ်​လို့ရပါတယ်​။
သိထားရင်​ သင်​ယူထားရင်​​တော့ အ​ကောင်းဆုံး​ပေါ့​နော်​။

ရုပ်​နာမ်​ကို သိခြင်းဖြင့်​ သစ္စာသိ​သောသူများဖြစ်​ကြပါ​စေ



*****တတိယ​မြောက်​သမီး​တော်​*****

0 comment: