ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, January 4, 2017

သစ္စာနှစ်ခု

သစ္စာ နှစ်ခု**

စက်ဝိုင်းအလယ်ဗဟိုမှမူလနှစ်ဖြာ အဝိဇ္ဇာနှင့်တဏှာ
ပြီးလျှင် ကပ်လျှက်
ဒုတိယမြောက်စက်ဝိုင်းတွင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာ
နှစ်မျိုးကို နှစ်ကြိမ်စီရေးထားသည်။
သမုဒယသစ္စာသည် ဆင်းရဲခြင်းအကြောင်းတရားဖြစ်သည်။
ဒုက္ခသစ္စာသည် ဆင်းရဲခြင်းအကျိုးတရားဖြစ်သည်။

Posted on: Tuesday, January 3, 2017

မူလ နှစ်ဖြာ ၂

မူလ နှစ်ဖြာ.၂

မူလနှစ်ဖြာဆိုသည်မှာ အဝိဇ္ဇာနှင့် တဏှာ
အဝိဇ္ဇာဆိုတာ မသိတာကိုခေါ်ပါတယ်
တဏှာဆိုတာ လိုချင်တပ်မက်တာကိုခေါ်ပါတယ်
အဝိဇ္ဇာ မသိခြင်းသည် သစ္စာလေးပါးမသိခြင်းကိုဆိုပါသည်။
သစ္စာလေးပါ...ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊နိရောဓသစ္စာ၊
မဂ္ဂသစ္စာ။

မူလ နှစ်ဖြာ

မူလ နှစ်ဖြာ#

မောဟအမှောင်ထဲ၌
စမ်းတဝါးဝါး လျောက်ခဲ့သည့်ခရီးမှာ
အလွန်ပင်ရှည်လျားလှပါသည်။
သံသရာတစ်လျောက်လုံး အလင်းရောင်ကို
မမြင်ပါပဲ လျောက်ခဲ့သည့်အတွက်
ငရဲချောက်ထဲလည်းကျခဲ့ဖူးမည်။

Posted on: Saturday, December 17, 2016

#တစိမ့်​စိမ့်​ကြား





ချမ်းတယ်​ဆို​တော့ အ​နွေးထည်​​တွေ
ဝတ်​လိုက်​ရတာ
ဟိုလုပ်​ ဒီလုပ်​ အလုပ်​​တွေလုပ်​ရင်း
ပူလာ​တော့ ၀တ်​ထားတဲ့ အ​နွေးထည်​ကို
ချွတ်​ပစ်​ရပြန်​​ရော
ချမ်း​တော့လည်း ဒီခန္ဓာ
ပူ​တော့လည်း ဒီခန္ဓာ
ဒီခန္ဓာကြီးက နှိပ်​စက်​လိုက်​တာ
နှိပ်​စက်​ခံ​နေရတယ်​လို့ သိပါရဲ့လား။

ချစ်တတ် မုန်းတတ်ပါစေ



နတ္ထိ လောကေ အနိန္ဒိတော။
လောကေ” လောကကြီးအတွင်း၌
အနိန္ဒိတော” ကဲ့ရဲ့လွတ်သောသူသည်
နတ္ထိ” မရှိချေ။

ပန်းတိုင်ရည်မှန်း သုဂတိလမ်း




.
ကျမတို့တွေဟာ ဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်လို့
အတိတ်ဘဝတွေရှိခဲ့တယ် အနာဂတ်မှာလည်းဘဝတွေ
ရလာအုံးမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ထားပြီးသူများ
ဖြစ်ကြပါတယ်။

သံဝေဂ ဖြင့်




.
လက်ရှိ အခြေအနေတွေအရ
သတင်းတွေကို ဆင်ခြင်ကြည့်လိုက်ရင်
သိတ်ကြောက်စရာကောင်းတာတွေ့ရပါလိမ့်မယ်။
စစ်ဘေးကြောင့်ဒုက္ခရောက်သူတွေ
မိမိအိုးအိမ်ကိုစွန့်ခွာပြီးပြေးရသူတွေ
တိုင်းတပါးနယ်ချဲ့တွေကြောင့် အသက်ကိုစတေးရသူတွေ
မိမိနေရပ်ကိုစွန့်ခွာပြေးရသူတွေ
ရေဘေးကြောင့် ပစ္စည်းဥစ္စာ ဆုံးရှုံးသူတွေ
ရေယာဉ်တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးသူတွေ
စသည် စသည်ဖြင့် အလွန်ပဲကြောက်မက်ဖွယ်ကောင်းလှပါတယ်။

နိဗ္ဗာန်နှင့်နီးသောအကြောင်း




.
မနက် ၃နာရီ ခွဲလောက်အချိန်မှာ အိမ်ရှေ့လမ်းမက
နွားလည်းတစ်စီးဖြတ်မောင်းသွားတဲ့အသံကို ကြားလိုက်ရတယ်။
လုပ်ငန်းခွင်ဝင်ဖို့သွားတာလား။ လုပ်ငန်းခွင်က အလုပ်သိမ်းပြီး
ပြန်လာတာလား ။

သေခြင်းတရားအတွက်ပြင်ဆင်ပါ



သေခြင်းတရားရှိတယ်နော်
မေ့နေကြတယ် မဟုတ်လား။
မြတ်စွာဘုရားရှင်က မမေ့မလျော့ ကောင်းသောသတိနဲ့
နေရစ်ကြပါလို့ မှာတော်မူခဲ့တယ်။

Posted on: Monday, September 19, 2016

အလှုရှင် ဂုဏ်ပြုလွှာ


                                                                                                                                                                                                                                  တော်သလင်း လပြည့်နေ့ အမေက ပုဗ္ဗာရုံကျောင်းတိုက်ကို
သွားပြီး ဥပုပ်စောင့်ပါတယ်။ ဥပုပ်ကျောင်းကပြန်လာတော့
အရင်တပတ်က ဆွမ်းအလှုအတွက် အလှုရှင်ဂုဏ်ပြုလွှာ
ပေးလိုက်တဲ့အကြောင်း ဂုဏ်ပြုလွှာတွေ မပေးဖို့ သေချာ
မှာထားပါလျက်နဲ့ ပေးဖြစ်အောင်ပေးလိုက်လို့ ယူလာရတယ်
ဆိုပြီး အလိုမကျသံနဲ့ပြောပြပါတယ်။

Posted on: Monday, September 5, 2016

မဂ်လေးပါးပယ်သော အကုသိုလ်တရားများ


Posted on: Friday, September 2, 2016

ဝိပဿနာဆိုသည်မှာ


 ၀ိ သည် အမျိုးမျိုးအစားစား။ ပဿနာသည် ရှုမှတ်ခြင်း။
အမျိုးမျိုးအစားစားရှုမှတ်ခြင်းသည် ၀ိပဿနာမည်တယ်။
ခန္ဓာမှာပေါ်လာတဲ့ အဖြစ် သဘော အပျက်သဘောတွေ
အမျိုးမျိုး  ဖြစ်ပြ  ပျက်ပြတာကို မလွတ်တမ်းစောင့်ကြည့်
အကဲခတ် ရှုမှတ်ခြင်းသည် ၀ိပဿနာအလုပ်လုပ်ခြင်းပဲဖြစ်တယ်။

Posted on: Monday, August 22, 2016

မှားသော အယူ အစွဲ ကင်းပါစေ


တဏှာ၊ မာန ၊ ဒိဋ္ဌိမှာ  ဒိဋ္ဌိက ကြောက်စရာအကောင်းဆုံးပါပဲ။
ငါ့သား ငါ့မယား လင်သား စသဖြင့်စွဲယူခြင်းဟာ သက္ကာယဒိဋ္ဌိတွေပါ။

Posted on: Monday, August 8, 2016

ကသိ ကအောက်



စိတ်ထဲမှာ ကသိကအောက်ဖြစ်နေတဲ့ကိစ္စလေးတစ်ခုရှိနေတယ်။


အဲ့လိုဖြစ်ရတာကလည်း မိမိကိုမိမိ မလိမ်မာတာလို့လည်း
ဆုံးတော့ ဆုံးမတာပေါ့လေ။ဒီတိုင်းနေရင် မသိသာပေမယ့် တွေ့လိုက်တိုင်း
စိတ်ထဲမှာ ကသိကအောက်ကတော့ ဖြစ်ကိုဖြစ်နေတာပါပဲ

Posted on: Tuesday, July 26, 2016

အကောင်းမြင်ဝါဒ


အကောင်းမြင်ဝါဒကို သူတော်ကောင်း စိတ်ဓါတ်လို့
ယူဆမယ်ဆိုရင် လွဲတယ်လို့ပဲ ပြောပါရစေ။
တစ်ချို့က အမှန်အတိုင်းမြင်တွေ့တာကိုပြောတဲ့အပေါ်မှာ
သူတစ်ပါး စိတ်မချမ်းမသာဖြစ်အောင်ပြောတယ်လို့
ယူဆပြီး အဆိုးမြင်တဲ့သူလို့ ထင်တတ်ကြတယ်။