ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 3, 2017

မူလ နှစ်ဖြာ ၂

မူလ နှစ်ဖြာ.၂

မူလနှစ်ဖြာဆိုသည်မှာ အဝိဇ္ဇာနှင့် တဏှာ
အဝိဇ္ဇာဆိုတာ မသိတာကိုခေါ်ပါတယ်
တဏှာဆိုတာ လိုချင်တပ်မက်တာကိုခေါ်ပါတယ်
အဝိဇ္ဇာ မသိခြင်းသည် သစ္စာလေးပါးမသိခြင်းကိုဆိုပါသည်။
သစ္စာလေးပါ...ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊နိရောဓသစ္စာ၊
မဂ္ဂသစ္စာ။

ဒီသစ္စာလေးပါးကိုမသိခြင်းသည် အလင်းမရသော
အမှောင်ထုကြီးထဲ၌ မျက်စိကန်းနေသူက
စမ်းတဝါးဝါးလမ်းလျောက်နေခြင်းနှင့်တူသည်။
မမြင်ပဲမှောင်ထဲလမ်းလျောက်သူသည်
ချောက်ထဲသို့ကျလိမ့်အုံးမည်။
ကုသိုလ်အကုသိုလ်၏အကျိုးပေးကိုနားလည်သိတတ်သူသည်
မျက်စိမြင်သူနှင့်တူပါသည်။သိုသော် သစ္စာမသိသေးပါက
အမှောင်ထဲတွင်လမ်းလျောက်သူနှင့်သာတူပါသည်။
ချောက်ထဲသို့ကျနိုင်သေး၏။သစ္စာမသိသေးသမျှခန္ဓာကို
ခင်တွယ်ခြင်း၊မိမိကိုယ်ကိုငါဟုယူဆနေခြင်းများ
ရှိနေသေးသည်။ မှားယွင်းသောအယူအဆ မိစ္ဆာဒိဋ္ဌိ
ရှိနေလျှင် ထိုဒိဋ္ဌိက အောက်သံသရာကိုဆွဲချပေလိမ့်မည်။
ဒုက္ခသစ္စာခန္ဓာကြီးအား ငါဟုယူဆစွဲထင်နေခြင်းသည်
သက္ကာယဒိဋ္ဌိမည်၏။ ထိုသက္ကာယဒိဋ္ဌိကို သစ္စာသိသော
ဗောဓိဥာဏ်ဖြင့် ဒုက္ခသစ္စာခန္ဓာမှန်းသိပြီးသောအခါ
ဥာဏ်အလင်းရပြီးသဖြင့် အလင်းရောင်ဖြင့်လမ်းလျှောက်သူ
မည်၏။ ချောက်အတွင်းသို့ မည်သည့်အခါမှမကျရောက်နိုင်
တော့သည့်အပြင် သံသရာစက်ဝိုင်းထဲမှအချိန်ကာလတစ်ခု
အတွင်း ပြေးထွက်လွတ်မြောက်မည့်သူဖြစ်သည်။
ထို့ကြောင့် ဒုက္ခသစ္စာကိုဒုက္ခသစ္စာဟုသိရမည်ဖြစ်ပြီး
သမုဒယသစ္စာကိုပယ်ရမည်။သမုဒယသစ္စာကိုပယ်ခြင်းသည်
နိရောဓသစ္စာမည်။ဒုက္ခသစ္စာကိုသိခြင်းသည်မဂ္ဂသစ္စာမည်၏။
ဒုက္ခသစ္စာကို ဒုက္ခသစ္စာဟုမသိသောအခါ တဏှာဝင်နှောက်
တော့သည်။ဒုက္ခသစ္စာကိုဒုက္ခသစ္စာဟုသိလိုက်သောအခါ
တဏှာမဝင် ဥာဏ်သက်ဝင်သဖြင့် တဏှာငြိမ်းသည့်ခဏ
နိရောဓသစ္စာမည်၏။ခဏနိဗ္ဗာန်ကိုရခြင်းဖြစ်သည်။
ခဏနိဗ္ဗာန်မှ ထာဝရနိဗ္ဗာန်သို့ရအောင် အပွားဥာဏ်ဖြင့်
ကိလေသာကြားမခိုစေပဲ ဝီရိယစိုက်ကာပွားများအားထုတ်ပါက
ပထမနိဗ္ဗာန် *သောတာပန်*တည်လိမ့်မည်။
သောတာပန်တည်ပြီးသူသည် ဥာဏ်အလင်းရပြီးသဖြင့်
အပါယ်သံသရာတွင်ကျင်လည်ရန်မရှိတော့။
ထို့ကြောင့်ဒုက္ခသစ္စာကိုသိအောင်လုပ်ခြင်းသည် အပ္ပါယ်လွတ်
၍နိဗ္ဗာန်သို့မျက်မှောက်ပြုရန်အားထုတ်ခြင်းမည်ပါသည်။
သိရမည့်တရားသည် ဒုက္ခသစ္စာ
ပယ်ရမည့်တရားသည် သမုဒယသစ္စာ
ဆိုက်ရောက်ရမည့်တရားသည် နိရောဓသစ္စာ
ပွားရမည့်တရားသည် မဂ္ဂသစ္စာ
သိ ပယ် ဆိုက် ပွား

သိရမည့်ဒုက္ခသစ္စာကိုသိလိုက်ခြင်းသည်
မဂ္ဂသစ္စာမည်၏။ မဂ္ဂသစ္စာဥာဏ်သက်ဝင်နေချိန်
တဏှာသမုဒယတို့ချုပ်ငြိမ်း၏ ။ တဏှာသမုဒယသစ္စာတို့
ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာမည်၏။
ထို့ကြောင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာဟုသိအောင်
အားထုတ်ကြိုးပမ်းကြပါ။



*****တတိယမြောက်သမီးတော်*****

0 comment: