အင်္ဂါ (၁၂)ပါး**
ပဉ္စမမြောက်စက်ဝိုင်း
၁ အကွက်တွင် အဝိဇ္ဇာနှင့် သင်္ခါရ အင်္ဂါ ၂ ပါး။
*အဝိဇ္ဇာ* သစ္စာမသိပါပဲ ကုသိုလ် အကုသိုလ်ပြုလုပ်ခြင်း *သင်္ခါရ*တရားများသည်
အတိတ်ကပြုလုပ်ခဲ့သည့် ဆင်းရဲကြောင်း
သမုဒယသစ္စာများဖြစ်သည်။
ဆင်းရဲခြင်းအကျိုးကိုသာရမည်မှန်းမသိခြင်း အဝိဇ္ဇာ နှင့်
လိုချင်ရချင်သောတဏှာတို့ပေါင်းပြီး
ပြုလုပ်အားထုတ်ခြင်းဟူသော သင်္ခါရ တရားတို့
ပြည့်စုံခဲ့သောကြောင့် ပစ္စုပ္ပန်အကျိုးတစ်လွှာတွင်
ဒုက္ခသစ္စာကို ရနေခြင်းဖြစ်သည်။
ဆင်းရဲခြင်းကိုမသိ၊
မသိခြင်းသည် အဝိဇ္ဇာ
လိုချင်ရချင်ခြင်းသည်တဏှာ
ပြုလုပ်အားထုတ်ခြင်းသည် သင်္ခါရ
အားထုတ်သည့်အတိုင်းရလာသည်က
အိုနာသေ ဒုက္ခသစ္စာ။
*ဝိညာဏ် ၊နာမ်ရုပ်၊သဠာယတန၊ဖဿ ၊ဝေဒနာ*
ဆိုသည်မှာ အင်္ဂါ ၁၂ ပါးထဲမှ ပစ္စုပ္ပန်တွင်
ရထားသည့် အိုနာသေ ဒုက္ခသစ္စာခန္ဓာ ၅ ပါး ဖြစ်သည်။
ပစ္စုပ္ပန်အကျိုးတွင် ခန္ဓာရခြင်းသည် အိုနာသေ ဒုက္ခသစ္စာရခြင်းဟု မသိပဲ လူချမ်းသာ နတ်ချမ်းသာ
ဗြဟ္မာချမ်းသာ လိုချင်ရချင်သော*တဏှာ* စွဲလမ်းခြင်း *ဥပါဒါန်*တို့ဖြင့်
*ကမ္မဘဝ* ပြုလုပ်အားထုတ်ခြင်းတို့သည်
ပစ္စုပ္ပန်အကြောင်းတစ်လွှာ၌ ဆင်းရဲကြောင်း
သမုဒယသစ္စာပွားသည့် အင်္ဂါ ၃ ပါး ဖြစ်သည်။
ဒုက္ခသစ္စာခန္ဓာကိုရနေခြင်းဟုမသိသဖြင့်
လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဘဝကို
လိုချင် ရချင်သော တဏှာ
စွဲစွဲလန်းလန်းဖြစ်သော ဥပါဒါန်
ပြုလုပ်အားထုတ်ခြင်း ကမ္မဘဝ တို့ဖြင့်
ယခုပစ္စုပ္ပန်ဘဝ၌
ဆင်းရဲကြောင်း သမုဒယသစ္စာကိုပွားမိလျှင်
အနာဂတ် အကျိုးတစ်လွှာ၌
*ဇာတိ* ပဋိသန္ဓေ နေရခြင်းဆင်းရဲ
*ဇရာ မရဏ*အိုရခြင်းဆင်းရဲ သေရခြင်းဆင်းရဲဟူသည့်
ဆင်းရြဲခင်းအကျိုး အင်္ဂါ ၂ ပါးနှင့်ပြည့်စုံရပေအုံးမည်။
လက်ရှိခန္ဓာမတွယ်တာပဲ
နောင်လာဘဝ မတောင့်တပဲ
ဆင်းရဲခြင်းမှလွတ်အောင်ဆောင်ရွက်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
0 comment:
Post a Comment