ကာလ သုံးဖြာ**
စတုတ္ထမြောက်စက်ဝိုင်း ၁ . အကွက်သည်
လွန်လေပြီးသောအတိတ်ကာလ က
အိုခြင်း နာခြင်း သေခြင်းတို့ဖြင့် ဝါးမျိုခံခဲ့ရခြင်း
သဘောလက္ခဏာကိုဖေါ်ပြခြင်းဖြစ်သည်။
၂ အကွက်နှင့် ၃ အကွက်သည် ယခုဖြစ်ဆဲ
ပစ္စုပ္ပန်ကာလတွင် အိုခြင်းသဘောဖြင့်အိုနေပြီး
အချိန်တန်လျှင်သေရအုံးမည်ကိုဖေါ်ပြခြင်း
ဖြစ်သည်။ပစ္စုပ္ပန်ကာလ၏ ဝါးမျိုခြင်းကြောင့်
ကျွန်ုပ်တို့၏ မာကြောကြည်လင်ခဲ့သော
အသား အရေများသည် လျော့ရဲ ရှုံ့တွတွန့်လိပ်နေချေပြီ။
(အသက် ၄၀ ကျော်သူများ ကိုယ့်လက်ဖမိုးကို
ကိုယ်ပြန်ပြီး ငုံမကြည့်ကြပါနှင့်..😜😜)
မအိုချင်လည်း အိုရသည့် ဆင်းရဲ ဒုက္ခသည်
အမှန်တရားသစ္စာဖြစ်သည်ကို ငြင်းနိုင်ရန်မရှိပါချေ။
မကြာတော့သောကာလတွင် ကျွန်ုပ်တို့သည်
မသေချင်ပဲသေရသည့် ဆင်းရဲကို
မလွဲဧကန် ရင်ဆိုင်ကြရပေတော့မည်။
ပစ္စုပ္ပန်ကာလ၏ ဝါးမျိုခြင်းကို လွန်ဆန်နိုင်ရန်ကား
အကြောင်းမရှိတော့။
၎ အကွက် နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလတွင် ခန္ဓာရခဲ့လျှင်လည်း ကာလ၏ ဝါးမျိုခြင်းကို
ခံရပေအုံးမည်။အနာဂတ်ကာလ အိုနာသေ
ဒုက္ခသစ္စာကိုလွန်ဆန်နိုင်ရန်အတွက်
ယခုပစ္စုပ္ပန်သည် အခွင့်အရေးကောင်းတစ်ခု
ဖြစ်သည်။ အနာဂတ်ကာလ အိုနာသေမှ
လွတ်မြောက်အောင် ဝိပဿနာ ဥာဏ်ပညာဖြင့်
ကျင့်ကြံအားထုတ်လျက် ကာလဝိမုတ္တိ နိဗ္ဗာနံ
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သူများ ဖြစ်ကြစေရန်
သတိသံဝေဂမှ ဥာဏသံဝေဂသို့ ကူးပြောင်း
နိုင်စေခြင်းအကျိုးငှါ မြတ်စွာဘုရားရှင်၏
အလိုတော်ကျအတိုင်းရေးသားစီရင်တော်မူ
ထားခြင်းဖြစ်သည်။
ကာလ၏ ဝါးမျိုခံရခြင်းမှ လွတ်ကင်းအောင်
ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment