လေးခုအလွှာ**
စက်ဝိုင်း၏ အောက်ခြေနားတွင် မူလနှစ်ဖြာအစချီသော
လင်္ကာဆောင်ပုဒ်လေးရှိပါသည်။ ရှစ်သွယ်သော
ခန္ဓာဖြစ်စဉ် အကြောင်းနှင့်အကျိုးကို နားလည်လွယ်အောင်
မိုးကုတ်ဆရာတော်ဘုရားကြီးက စီရင်တော်မူခဲ့ခြင်းဖြစ်သည်။
လင်္ကာလေးကိုအလွတ်ဆောင်၍ခန္ဓာဖြစ်စဉ်ကို
ဆင်ခြင်နိုင်လျှင်အကျိုးကိစ္စပြီးစေနိုင်ပါသည်။
စက်ဝိုင်း၏အလယ်ဗဟို မူလနှစ်ဖြာ အဝိုင်း၊ သစ္စာနှစ်ခုအဝိုင်း
ပြီးလျှင် အလွှာလေးခုကိုရေးဆွဲထားသည်။
အလွှာဆိုသည်မှာ အကြိမ်ကြိမ်အဖန်ဖန်အထပ်ထပ်
ပြုလုပ်ခြင်းကို၎င်း ၊အမှန်တရားကိုဖုံးဖိတတ်ခြင်းကို၎င်း
အလွှာဟုခေါ်သည်။
အတိတ်ကလည်း အဝိဇ္ဇာဦးဆောင်၍တဏှာဖြင့် အကြိမ်ကြိမ်
အဖန်ဖန်အထပ်ထပ်ပြုလုပ်ခဲ့သည်။ဆင်းရဲသည်ဟုမသိခဲ့။
မသိအောင်လည်း အဝိဇ္ဇာနှင့်တဏှာကဖုံးအုပ်ထားသည်။
အတိတ်ကလည်းအကြိမ်ကြိမ်အဖန်ဖန်အထပ်ထပ်
ဆင်းရဲကြောင်းသမုဒယသစ္စာများပြုလုပ်ခဲ့သည်။
ပစ္စုပ္ပန်ဘဝတွင်လည်းနာကျင်ကိုက်ခဲ ညောင်းညာ
ပူအေး အကြိမ်ကြိမ်အဖန်ဖန်ဆင်းရဲကျိုးကိုရနေသည်။
ဆင်းရဲကြောင်းပြုခဲ့မှန်းလည်းမသိ။
ဆင်းရဲအကျိုးရနေမှန်းလည်းမသိ။
အတိတ်အကြောင်းတစ်လွှာကြောင့်ပစ္စုပ္ပန်အကျိုးတစ်လွှာ
ရမှန်းမသိပဲ ပစ္စုပ္ပန်အကြောင်းတစ်လွှာပြုလုပ်လျှင်
အနာဂတ်အကျိုးတစ်လွှာ ထပ်လာအုံးမည်။
အကြိမ်ကြိမ်အဖန်ဖန်အထပ်ထပ်အကြောင်းတစ်လှည့်
အကျိုးတစ်လှည့် ဖြင့်သစ္စာမသိသေးသမျှ
လှည့်လည်နေအုံးမည်။
ဒုက္ခသစ္စာကို ဒုက္ခသစ္စာဟုသိ၍ ဒုက္ခသစ္စာမှလွတ်အောင်
အားထုတ်ခြင်းဖြင့် အလွှာကိုခွာနိုင်သည်။
*****တတိယမြောက်သမီးတော်*****
THAMEETAW
THIRD
0 comment:
Post a Comment