THAMEETAW
THIRD
Posted on: Friday, January 13, 2017
ခြင်းရာ နှစ်ဆယ်
ခြင်းရာ နှစ်ဆယ်**
ဆဋ္ဌမမြောက်စက်ဝိုင်း
၁ အကွက်တွင် အတိတ်ကြောင်းခြင်းရာငါးပါး။
၂ အကွက်တွင် ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး။
၃ အကွက်တွင် ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး။
၎ အကွက်တွက် အနာဂတ်အကျိုးခြင်းရာငါးပါး။
အကြောင်းတရားသမုဒယသစ္စာကိုသမုဒယသစ္စာမှန်း
မသိပဲ ပြုလုပ်ခြင်း လိုချင် စွဲလန်းစွာ ဖြင့်
အတိတ်ကာလက အားထုတ်ခဲ့ခြင်းကြောင့်
အကျိုးခန္ဓာ ဒုက္ခသစ္စာဖြစ်သော ဝိညာ ဏ် ၊နာမ်ရုပ်၊
သဠာယတန၊ ဖဿ ၊ဝေဒနာတည်းဟူသော ငါးပါးခန္ဓာ
ဝဋ်ကောင်ကိုရရှိနေပြီဖြစ်သည်။
လက်ရှိရနေသော ငါးပါးခန္ဓာ ဝဋ်ကောင်ဒုက္ခသစ္စာကို
သတိသမ္ပဇဉ် ဥာဏ်နှင့်မယှဉ်ပါက
လိုချင်ရချင် စွဲလန်းစိတ်တို့ဝင်လျှက် ထပ်မံ၍ လုံ့လပြု
အားထုတ်မိပြီး ဒုက္ခသစ္စာ ခန္ဓာ့ဝဋ်ကို တစ်ခါပြန်လည်
ရရှိအုံးမည်ဖြစ်သည်။
အကြောင်းခြင်းရာတို့ပြည့်စုံသောအခါ အကျိုးခြင်းရာတို့နှင့်
ထပ်မံပြည့်စုံရအုံးမည်။
သို့လျင် စက်ဝိုင်း၏ ထိပ်ဆုံး အလယ်တည့်တည့်မှ
အနီရောင်မြှားကလေး စက်ဝိုင်းအတွင်းသို့ စိုက်ဝင်
ထားသကဲ့သို့ သံသရာစက်ဝိုင်းအပြင်သို့ မထွက်နိုင်သေးပဲ
အဝိုင်းပတ်လျှက် ဆက်လက်ပြေးနေရပေမည်။
စက်ဝိုင်းအတိုင်း အဝိုင်းပတ်ပြေးနေခြင်းသည်လည်း
မိမိ၏ လုံ့လအားထုတ်မှုနှင့်သာဆိုင်၏။
မည်သူတစ်ဦးတစ်ယောက်မှ စီရင်ဖန်ဆင်းထားခြင်းမဟုတ်။
စက်ဝိုင်းအပြင်သို့ လွတ်မြောက်နိုင်ရန်မှာလည်း
မိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းနှင့်သာ သက်ဆိုင်သည်။
မည်သူကမှ ပေး၍မရ စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိမ်တို့ဖြင့်
လဲလှယ်၍မရ။
ဆရာကောင်းသမားကောင်းတို့၏ လမ်းညွှန် ဆုံးမမှုကို
ခံယူ၍ နည်းမှန်လမ်းမှန် ကျင့်ကြံအားထုတ်နိုင်မှသာ
အဝိုင်းပတ်လျက်ပြေးနေရသော ဒုက္ခသစ္စာ ခန္ဓာရခြင်းမှ
လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment