ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, January 4, 2017

သစ္စာနှစ်ခု

သစ္စာ နှစ်ခု**

စက်ဝိုင်းအလယ်ဗဟိုမှမူလနှစ်ဖြာ အဝိဇ္ဇာနှင့်တဏှာ
ပြီးလျှင် ကပ်လျှက်
ဒုတိယမြောက်စက်ဝိုင်းတွင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာ
နှစ်မျိုးကို နှစ်ကြိမ်စီရေးထားသည်။
သမုဒယသစ္စာသည် ဆင်းရဲခြင်းအကြောင်းတရားဖြစ်သည်။
ဒုက္ခသစ္စာသည် ဆင်းရဲခြင်းအကျိုးတရားဖြစ်သည်။

ဆင်းရဲခြင်းအကြောင်းတရားများကိုပြုလုပ်အားထုတ်
ခဲ့ခြင်းကြောင့် ဆင်းရဲခြင်းအကျိုးတရားကိုရရှိခြင်းဖြစ်သည်။
ဆင်းရဲချင်သဖြင့် ဆင်းရဲခြင်းအကျိုးရအောင်အားထုတ်ခြင်း
မဟုတ်ပဲ ၊ ဆင်းရဲမှန်းမသိသဖြင့် အားထုတ်ခဲ့မိခြင်းဖြစ်သည်။
ဆင်းရဲတာကိုဆင်းရဲမှန်းမသိခြင်းသည် အဝိဇ္ဇာ မသိသော
ကြောင့် တဏှာဖြင့်ပြုလုပ်အားထုတ်သည်။ပြုလုပ်အားထုတ်
ခဲ့ခြင်းကြောင့် ဆင်းရဲခြင်းကိုရသည်။
မသိပဲပြုလုပ်အားထုတ်ခဲ့ခြင်းသည် သမုဒယသစ္စာကို
ပွားခဲ့ခြင်းဖြစ်သည်။ ပယ်ရမည့်သမုဒယသစ္စာကိုမပယ်ခဲ့ပဲ
ပွားခဲ့မိခြင်းကြောင့် ဒုက္ခသစ္စာကိုပိုင်ပိုင်ရနေခြင်းဖြစ်သည်။
သမုဒယသစ္စာကိုမပယ်ခဲ့ခြင်းကလည်း ဒုက္ခသစ္စာဖြစ်မည်ကို
မသိခဲ့ခြင်းကြောင့်မပယ်ခဲ့ပဲ ပွားခဲ့ခြင်းဖြစ်သည်။
ဒုက္ခသစ္စာရနေသော်လည်းဒုက္ခသစ္စာမှန်းမသိ ၊ ဥာဏ်အမြင်မရှိ
အဝိဇ္ဇာဟုခေါ်သော မောဟကိလေသာဖုံးလွှမ်းနေခြင်းကြောင့်
ဥာဏ်အမြင်မရခြင်းဖြစ်သည်။
ထို့ကြောင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာဟုသိရန်မှာအလွန်အရေး
ကြီးပါ၏။ ဒုက္ခသစ္စာဟုသိမှသာ ဒုက္ခသစ္စာမှချုပ်ငြိမ်းရာ
နိဗ္ဗာန်ကိုလိုလားတောင့်တရှာဖွေမည်ဖြစ်သည်။
ထိုဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိ၍ သမုဒယသစ္စာကို
ပွားခဲ့ခြင်းကြောင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတွင်ဖေါ်ပြထားသည့်
အတိုင်း ခန္ဓာအစဉ်တန်း၍ လည်ပတ်နေရခြင်းဖြစ်သည်။
ဘဝ တွေတစ်ခုပြီးတစ်ခုရနေခြင်းဖြစ်သည်။
သေခြင်းတရားများကို အကြိမ်ကြိမ်ရင်ဆိုင်နေရခြင်းဖြစ်သည်။
အသေတွေထပ်နေသော်လည်း ခန္ဓာရခြင်း၏ ဆင်းရဲ
ဒုက္ခသစ္စာကို မသိမမြင် ဥာဏ်မယှဉ်သောကြောင့်
တဏှာဖြင့်တောင့်တလျှက် ထပ်ခါထပ်ခါရချင်နေကြသည်။
ကာမဂုံအာရုံမပြည့်စုံ၍ဆင်းရဲရသည်ကိုပင်
ပြည့်ပြည့်စုံစုံဘဝကိုတောင့်တလျှက်လှုဒါန်း
ပေးကမ်းခြင်းဖြင့်ဆုတောင်းရှည်နေကြပါသေးသည်။
သေခြင်းဆင်းရဲကို မေ့လျော့နေကြခြင်းဖြစ်သည်။
သေခြင်းဆင်းရဲ ဒုက္ခသစ္စာကိုသိမြင်လျှက် ဘဝ ဘဝ ရခြင်းမှ
ချုပ်ငြိမ်းအောင်အားထုတ်တော်မူကြပါကုန်။



*****တတိယမြောက်သမီးတော်*****

0 comment: