THAMEETAW
THIRD
Posted on: Saturday, December 17, 2016
#တစိမ့်စိမ့်ကြား
ချမ်းတယ်ဆိုတော့ အနွေးထည်တွေ
ဝတ်လိုက်ရတာ
ဟိုလုပ် ဒီလုပ် အလုပ်တွေလုပ်ရင်း
ပူလာတော့ ၀တ်ထားတဲ့ အနွေးထည်ကို
ချွတ်ပစ်ရပြန်ရော
ချမ်းတော့လည်း ဒီခန္ဓာ
ပူတော့လည်း ဒီခန္ဓာ
ဒီခန္ဓာကြီးက နှိပ်စက်လိုက်တာ
နှိပ်စက်ခံနေရတယ်လို့ သိပါရဲ့လား။
ပန်းတိုင်ရည်မှန်း သုဂတိလမ်း
.
ကျမတို့တွေဟာ ဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်လို့
အတိတ်ဘဝတွေရှိခဲ့တယ် အနာဂတ်မှာလည်းဘဝတွေ
ရလာအုံးမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ထားပြီးသူများ
ဖြစ်ကြပါတယ်။
သံဝေဂ ဖြင့်
.
လက်ရှိ အခြေအနေတွေအရ
သတင်းတွေကို ဆင်ခြင်ကြည့်လိုက်ရင်
သိတ်ကြောက်စရာကောင်းတာတွေ့ရပါလိမ့်မယ်။
စစ်ဘေးကြောင့်ဒုက္ခရောက်သူတွေ
မိမိအိုးအိမ်ကိုစွန့်ခွာပြီးပြေးရသူတွေ
တိုင်းတပါးနယ်ချဲ့တွေကြောင့် အသက်ကိုစတေးရသူတွေ
မိမိနေရပ်ကိုစွန့်ခွာပြေးရသူတွေ
ရေဘေးကြောင့် ပစ္စည်းဥစ္စာ ဆုံးရှုံးသူတွေ
ရေယာဉ်တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးသူတွေ
စသည် စသည်ဖြင့် အလွန်ပဲကြောက်မက်ဖွယ်ကောင်းလှပါတယ်။
နိဗ္ဗာန်နှင့်နီးသောအကြောင်း
.
မနက် ၃နာရီ ခွဲလောက်အချိန်မှာ အိမ်ရှေ့လမ်းမက
နွားလည်းတစ်စီးဖြတ်မောင်းသွားတဲ့အသံကို ကြားလိုက်ရတယ်။
လုပ်ငန်းခွင်ဝင်ဖို့သွားတာလား။ လုပ်ငန်းခွင်က အလုပ်သိမ်းပြီး
ပြန်လာတာလား ။
သေခြင်းတရားအတွက်ပြင်ဆင်ပါ
သေခြင်းတရားရှိတယ်နော်
မေ့နေကြတယ် မဟုတ်လား။
မြတ်စွာဘုရားရှင်က မမေ့မလျော့ ကောင်းသောသတိနဲ့
နေရစ်ကြပါလို့ မှာတော်မူခဲ့တယ်။
Posted on: Monday, September 19, 2016
အလှုရှင် ဂုဏ်ပြုလွှာ
တော်သလင်း လပြည့်နေ့ အမေက ပုဗ္ဗာရုံကျောင်းတိုက်ကို
သွားပြီး
ဥပုပ်စောင့်ပါတယ်။ ဥပုပ်ကျောင်းကပြန်လာတော့
အရင်တပတ်က
ဆွမ်းအလှုအတွက် အလှုရှင်ဂုဏ်ပြုလွှာ
ပေးလိုက်တဲ့အကြောင်း ဂုဏ်ပြုလွှာတွေ မပေးဖို့ သေချာ
မှာထားပါလျက်နဲ့
ပေးဖြစ်အောင်ပေးလိုက်လို့ ယူလာရတယ်
ဆိုပြီး
အလိုမကျသံနဲ့ပြောပြပါတယ်။
Posted on: Monday, September 5, 2016
Posted on: Friday, September 2, 2016
ဝိပဿနာဆိုသည်မှာ
ဝိ သည် အမျိုးမျိုးအစားစား။
ပဿနာသည် ရှုမှတ်ခြင်း။
အမျိုးမျိုးအစားစားရှုမှတ်ခြင်းသည်
ဝိပဿနာမည်တယ်။
ခန္ဓာမှာပေါ်လာတဲ့
အဖြစ် သဘော အပျက်သဘောတွေ
အမျိုးမျိုး ဖြစ်ပြ
ပျက်ပြတာကို မလွတ်တမ်းစောင့်ကြည့်
အကဲခတ် ရှုမှတ်ခြင်းသည်
ဝိပဿနာအလုပ်လုပ်ခြင်းပဲဖြစ်တယ်။
Posted on: Monday, August 22, 2016
မှားသော အယူ အစွဲ ကင်းပါစေ
တဏှာ၊ မာန ၊ ဒိဋ္ဌိမှာ ဒိဋ္ဌိက ကြောက်စရာအကောင်းဆုံးပါပဲ။
ငါ့သား ငါ့မယား လင်သား စသဖြင့်စွဲယူခြင်းဟာ
သက္ကာယဒိဋ္ဌိတွေပါ။
Posted on: Monday, August 8, 2016
ကသိ ကအောက်
စိတ်ထဲမှာ ကသိကအောက်ဖြစ်နေတဲ့ကိစ္စလေးတစ်ခုရှိနေတယ်။
အဲ့လိုဖြစ်ရတာကလည်း မိမိကိုမိမိ မလိမ်မာတာလို့လည်း
ဆုံးတော့ ဆုံးမတာပေါ့လေ။ဒီတိုင်းနေရင်
မသိသာပေမယ့် တွေ့လိုက်တိုင်း
စိတ်ထဲမှာ ကသိကအောက်ကတော့
ဖြစ်ကိုဖြစ်နေတာပါပဲ
Posted on: Tuesday, July 26, 2016
အကောင်းမြင်ဝါဒ
အကောင်းမြင်ဝါဒကို သူတော်ကောင်း
စိတ်ဓါတ်လို့
ယူဆမယ်ဆိုရင် လွဲတယ်လို့ပဲ ပြောပါရစေ။
တစ်ချို့က အမှန်အတိုင်းမြင်တွေ့တာကိုပြောတဲ့အပေါ်မှာ
သူတစ်ပါး စိတ်မချမ်းမသာဖြစ်အောင်ပြောတယ်လို့
ယူဆပြီး အဆိုးမြင်တဲ့သူလို့ ထင်တတ်ကြတယ်။
Posted on: Wednesday, June 29, 2016
သိခြင်းနှင့် ဆင်ခြင်ခြင်း
သောတာပန်တည်ပြီးသူဟာ
သာမာန်နေထိုင်တဲ့အခါ ပုထုဇဉ်နဲ့မခြား တူပြီး
ဆင်ခြင်နေတဲ့အခါ
ရဟန္တာနဲ့မခြားပါဘူးတဲ့။
Posted on: Wednesday, March 30, 2016
တစ်ချက်ကလေး သိရုံ
နိဗ္ဗာန်ကိုရည်မှန်ပြီး တရားအားထုတ်ကြပေမယ့်
လမ်းမှန်မဟုတ်တဲ့
နည်းစနစ်တွေနောက်လိုက်ရင်း အချိန်တွေ
အချည်းနှီးဖြစ်နေကြတဲ့
သူတွေကိုမြင်တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။
Posted on: Tuesday, March 29, 2016
ပရိယတ်သမားနှင့် ပဋိပတ်သမား
ပရိယတ်သမားနှင့် ပဋိပတ်သမား
သာဝတ္ထိမှာ သူငယ်ချင်း ၂ ယောက် ဘုရားတရားတော်ကို နာရ၍
သာသနာ့ဘောင်သို့ ရောက်လာကြ၏။ တစ်ပါးက တောထဲသို့ ၀င်၍
ဝိပဿနာ အားထုတ်တော့သည်။
Posted on: Tuesday, March 8, 2016
အဆင့်အတန်း
လေ့လာကြည့်မိသလောက်ကတော့ ဥပေက္ခာတရားကို
တကယ်လက်ကိုင် ထားနိုင်တဲ့သူဆိုတာ အနာဂါမ်အဆင့်လောက်
ရှိမှ သေချာပါလိမ့်မယ်...အခြားအဆင့်တွေမှာတော့ အမြဲတမ်း
ဥပေက္ခာစိတ်ကိုမမွေးနိုင်လောက်ဘူး..သတိ အားကြီးပြီး
အမြဲတမ်းဆင်ခြင်နေတဲ့သူ သမာဓိအားကောင်းပြီး လောကီဈာန်
စသည်ရတဲ့အထိ ကျင့်ကြံထားသူမှ မှန်ကန်တဲ့ ဥပေက္ခာပြုနိုင်သူ
ဖြစ်ပါလိမ့်မယ်..အောက်မဂ်အရိယာက အထက်မဂ်အရိယာကို
မသိနိုင်ဘူးဆိုတဲ့စကားက ရှိထားလေတော့ ကိုယ့်မှာရှိတဲ့အဆင့်နဲ့
ဝေဖန်ကြည့်ရတာကလည်း မမြင်ပဲလက်နဲ့စမ်းပြီးခန့်မှန်းကြည့်ရတဲ့
မျက်မမြင်ပုဏ္ဏားတွေလိုပါပဲ..အမှန်ဖြစ်ဖို့ မသေချာပါဘူး
တရားအားထုတ်ရာမှာလည်း ဘယ်ဥာဏ်က စလာတယ်ဆိုတာ
သိဖို့ထက် အလုပ်လုပ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်
ဥာဏ်စဉ်တွေအကြောင်းကိုသိဖို့တော့
တကယ်လက်ကိုင် ထားနိုင်တဲ့သူဆိုတာ အနာဂါမ်အဆင့်လောက်
ရှိမှ သေချာပါလိမ့်မယ်...အခြားအဆင့်တွေမှာတော့ အမြဲတမ်း
ဥပေက္ခာစိတ်ကိုမမွေးနိုင်လောက်ဘူး..သတိ အားကြီးပြီး
အမြဲတမ်းဆင်ခြင်နေတဲ့သူ သမာဓိအားကောင်းပြီး လောကီဈာန်
စသည်ရတဲ့အထိ ကျင့်ကြံထားသူမှ မှန်ကန်တဲ့ ဥပေက္ခာပြုနိုင်သူ
ဖြစ်ပါလိမ့်မယ်..အောက်မဂ်အရိယာက အထက်မဂ်အရိယာကို
မသိနိုင်ဘူးဆိုတဲ့စကားက ရှိထားလေတော့ ကိုယ့်မှာရှိတဲ့အဆင့်နဲ့
ဝေဖန်ကြည့်ရတာကလည်း မမြင်ပဲလက်နဲ့စမ်းပြီးခန့်မှန်းကြည့်ရတဲ့
မျက်မမြင်ပုဏ္ဏားတွေလိုပါပဲ..အမှန်ဖြစ်ဖို့ မသေချာပါဘူး
တရားအားထုတ်ရာမှာလည်း ဘယ်ဥာဏ်က စလာတယ်ဆိုတာ
သိဖို့ထက် အလုပ်လုပ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်
ဥာဏ်စဉ်တွေအကြောင်းကိုသိဖို့တော့
Posted on: Thursday, March 3, 2016
တရားနာရန် လွယ်သလော
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌
နေတော်မူစဉ်
ငါးယောက်သော ဥပါသကာတို့ကို အကြောင်းပြု၍
ဟောတော်
မူလေ၏။
Posted on: Saturday, February 27, 2016
ဓမ္မ အဓမ္မကို ခွဲခြားဆင်ခြင်ရန်
တရားတစ်ပုဒ်ကိုဖတ်ရှုလိုက်ရသည့်အခါတိုင်း
ရေးသားသူ၏
အရေးအသားတွင်လိုက်ပါလျှက် မှတ်သားခြင်းထက်
ဖြစ်နိုင်
မဖြစ်နိုင်ကိုဆင်ခြင်ခြင်းသည် ဥာဏ်၏
လုပ်ငန်းတာဝန်ဖြစ်သည်။
Posted on: Wednesday, February 24, 2016
အရိယာကို သိဖို့ မလွယ်
သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူ၍ အရိယာ
ပုဂ္ဂိုလ်များ အဆင့်ဆင့် ရှိကြရာ အရိယာ အချင်းချင်းပင်လျှင်
အောက် အောက် အရိယာပုဂ္ဂိုလ်တို့က အထက် အထက် ပုဂ္ဂိုလ်
တို့ကို မသိနိုင်၊ အထက် အထက် ပုဂ္ဂိုလ်တို့ကသာ အောက်
အောက် ပုဂ္ဂိုလ်တို့ကို သိနိုင်သည်ဟုဆို၏။
Posted on: Friday, February 19, 2016
ဒေ၀ဒတ်ကို ကျေးဇူးတင်
ဒေ၀ဒတ်ဆိုတာ
မြတ်စွာဘုရားရှင်ကို ဆန့်ကျင်တဲ့ တိုက်ခိုက်တဲ့
လူဆိုးလူမိုက်ကြီးဆိုတာ
လူတိုင်းသိကြမှာပါ။ဒေ၀ဒတ်ကလာဘ်လာဘ
အလိုဆိုးနဲ့
အံ့ဖွယ်သရဲ တောင်းဆိုခဲ့တာတွေကြောင့် ယနေ့ခေတ်
မှာ ဆရာတော်များ
သံဃာတော်များ အထောက်အထားခိုင်ခိုင်မာမာနဲ့
ချမ်းချမ်းသာသာနေခွင့်ရနေကြခြင်းပဲဖြစ်တယ်လို့
မြင်မိပါတယ်။။
Posted on: Wednesday, February 17, 2016
စာအုပ်ဆိုသည်မှာ
ဥာဏ်တွေကိုထုတ်သုံးကြပါ။
စာအုပ်တွေကို မှီငြမ်းကိုးကားကြပါ။
သို့သော်......
စာအုပ်တွေနဲ့ ဘောင်မခတ်မိပါစေနဲ့။
စာအုပ်ဆိုတာ ဥာဏ်ထဲက ထွက်လာတာကို
မှတ်တမ်းတင်ထားတာပါ။
*****တတိယမြောက်သမီးတော်*****
စာအုပ်တွေကို မှီငြမ်းကိုးကားကြပါ။
သို့သော်......
စာအုပ်တွေနဲ့ ဘောင်မခတ်မိပါစေနဲ့။
စာအုပ်ဆိုတာ ဥာဏ်ထဲက ထွက်လာတာကို
မှတ်တမ်းတင်ထားတာပါ။
*****တတိယမြောက်သမီးတော်*****
Posted on: Friday, February 12, 2016
အရိယာဆိုတာ အရည်အသွေးပြည့်မှီတဲ့ ကျောက်ကောင်းတစ်ပွင့်
သာသနာတော်ကြီးနေလို
လလို ထွန်းလင်းတောက်ပနေချိန်မို့
ဗုဒ္ဓဘာသာကို
ယုံကြည်သက်ဝင်သူတိုင်းရဲ့ ရင်ထဲမှာ အရိယာ
ဆိုတာ ဧကန်မလွဲ
ရှိကိုရှိနေမှာပဲလို့ သေချာပေါက်လက်ခံ
ထားကြမှာပါ။
Posted on: Wednesday, February 10, 2016
လောကီပညာ နှင့် အရိယာ
ဗေဒင်ဆိုတာ
လောကီ ပညာရပ်တစ်ခုဖြစ်ပါတယ်။
သူ့နေရာနဲ့
သူတော့ အသုံးဝင်နေကြတာလည်း အမှန်ပါပဲ။
လောကီ အရေးကိစ္စဆိုတာ
အတိအကျ အမှန်ပြောလို့မရ
ပြောင်းလဲမှုတွေလည်းရှိတတ်တော့
အကြွင်းမဲ့ယုံကြည်ဖို့တော့
မဖြစ်သင့်ဘူးပေါ့။
Posted on: Wednesday, February 3, 2016
နာမ်ရုပ်ကိုခွဲခြားသိတဲ့ နာမရူပ ပရိစ္ဆေဒ
ကောင်းပြီ ..အဲ့ဒိ အရှုခံစိတ်(၁၃)မျိုးလုံးဟာ
နာမ်တရားတွေချည်းပဲ။
အဲ့ဒီ နာမ်တရားစိတ်တွေဟာ ဘယ်ပေါ်မှာပေါ်တာလဲ
ဆိုရင်
ရုပ်ပေါ်မှာပေါ်တာ။ ဒါဖြင့် စိတ်က
နာမ်။ အောက်ခံက ရုပ်။
နာမ် နဲ့ ရုပ် ပေါ့။
Posted on: Tuesday, February 2, 2016
စိတ္တာနုပဿနာ ရှုပုံ ရှုနည်း
ဒကာ ဒကာမတို့သန္တာန်မှာ ဖြစ်နိုင်တဲ့စိတ်
၊ ပေါ်နိုင်တဲ့စိတ်က
သိတ်မများပါဘူး။(၄၅)ပါးပဲ ရှိတယ်။
အဲ့ဒါ သင့်တော့သလို တစ်ခုစီ
လှည့်ပေါ်မှာပဲ။
Posted on: Monday, February 1, 2016
ဘုန်းကြီးများရဲ့ သာဝကတွေပဲ
မိုးကုတ်ဆရာတော်ဘုရားကြီးက ဟိုလိုလို
ဒီလိုလိုနဲ့ ဆရာရွေးရန်
တွေဝေနေကြတဲ့ သူတို့အတွက်လည်းကောင်း၊
ပါရမီတွေကိုဖြည့်ရင်း
နောက်ဘုရားကို မျှော်နေသူတို့အတွက်လည်းကောင်း၊ အောက်ပါ
အတိုင်းရဲရဲကြီး ဟောတော်မူသည်။
Posted on: Friday, January 29, 2016
အောက် - အထက် သံယောဇဉ် ဆိုတာ
သြရမ္ဘာဂိယ သံယောဇနာနိ=
အောက် သံယောဇဉ်များ ၅ ပါး ရှိကြ၏။ အောက်သံသရာမှာ
ကျင်လည်ကြ၏။ သူတို့ကိုမဖြတ်နိုင်လျှင်
အောက် ကာမ(၁၁)ဘုံ၌
ကျင်လည်နိုင်ကြသည်။ ထိုဘုံများနှင့်
ဆက်သွယ်နေကြ၏။
ယင်းတို့ကား-
Posted on: Thursday, January 28, 2016
ဘုရားပေးနိုင်တဲ့ ဆုမဟုတ်ဘူး
တစ်ခါတစ်လေ ဆရာတော်က ဒကာတွေအပေါ်မှာ
အားမရနိုင်
ဖြစ်ဟန်တူသည်။ အလုပ်လုပ်ပါ ကြိုးစားပါဟု
သတိပေးနေသည့်
ကြားက ဘုရားရှေ့သွားပြီး ကိုယ်လိုချင်တာတွေကိုစုံအောင်
ဆုတောင်းတတ်ကြ၏။.
Posted on: Wednesday, January 27, 2016
ဒုက္ခ အမျိုးအစား သုံးပါး
ဤနေရာ၌နေတ္တိ ပါဠိတော်မှာလာသော
ဒုက္ခ အမျိုးအစားတို့ကို
ခွဲခြား၍ သိထားသင့်သည်။ သို့မှသာ
ဝိပဿနာရှုရာတွင် မည်သည့်
ဒုက္ခကို ရှုရမည် - ဟု ပီပီပြင်ပြင်
သိမြင်လာနိုင်ပေသည်။
Posted on: Tuesday, January 26, 2016
ဝေဒနာကို ကျော်အောင်ကြိုးစား
လူမိုက်များက ပြောတတ်ကြတယ်..”
သေတာများအဆန်းလုပ်လို့
သင်နေရအုံးမှာလား.. သေတစ်နေ့
မွေးတစ်နေ့ပဲဟာ..”..တဲ့။
Posted on: Monday, January 25, 2016
ဝေဒနာ ခွာပြီး အနိစ္စတွေ့အောင်ရှု အလွန့်အလွန် အရေးကြီးတယ်
လူမမာမေးသွားတဲ့အခါ -ရောဂါ ဘယ့်နှယ်နေသလဲ သက်သာရဲ့လား
လို့ မေးတော့-လူမမာက ဖြေတယ်..ဟာ
..ဒီ ဝေဒနာ မသက်သာဘူးတဲ့။
ဒါဟာ ဝေဒနာနဲ့ အနိစ္စ မကွဲပဲ
ဖြစ်နေတာ။ ဒါကြောင့် မသက်သာဘူး
ဖြစ်နေတာ။ ဒီတော့ ဘုန်းကြီးက
ကူညီပြီးနည်းပေးပါ့မယ်။
Posted on: Sunday, January 24, 2016
ကိုယ့်ဥာဏ်နဲ့ ထိုးထိုးထွင်းထွင်းသိတာ ယူ
ခန္ဓာ ငါးပါး တစ်ပါးပါးကို ဘာလုပ်ရမယ်။
ဝိပဿနာ ရှုရမယ်။
ခန္ဓာငါးပါး ဘာသစ္စာ။ ဒုက္ခသစ္စာပါ။
အို..ဒါက ဆရာပြောလို့ သိတာပဲ ရှိသေးတယ်။
ကိုယ့်ဥာဏ်နဲ့
ထိုးထိုးထွင်းထွင်းမသိသေးပါဘူး။
အေး… လက်တွေ့ပြပါမယ်။ကိုယ့်လက်မောင်းကို
ကိုယ် လက်သည်း
နဲ့ ဆိတ်ကြည့်။ ကဲ… အခုပဲ ဘယ်ဘက်
လက်မောင်းကို တန်းလိုက်
ညာဘက် လက်သည်းနဲ့ ဆိတ်ကြည့်။
နာကျင်တဲ့ ဝေဒနာ မပေါ်ဘူးလား။
ဒုက္ခဝေဒနာပေါ့ဗျာ။ မဆိတ်ခင်တုန်းက
သုခ ဝေဒနာ။ ဆိတ်လိုက်တော့
ဒုက္ခ ဝေဒနာ။ သုခ ဝေဒနာလည်း
ဖြစ်ပြီးပျက်။ ဒုက္ခဝေဒနာလည်း ဖြစ်ပြီးပျက်။
ဒီတော့ သူတို့ဟာ အသုဘ။ ခင်ဗျားတို့က
ပုပ်ညှီနေမှ အသုဘ လို့
ထင်ကြတာ။ ဒီလို မယူလိုက်ပါနဲ့တဲ့။
အမလေး နာလှချည်ရဲ့လို့
အော်နေမှ ဒုက္ခလို့ ဒုက္ခသစ္စာလို့
ဒီလို မယူလိုက်ပါနဲ့။
Posted on: Friday, January 22, 2016
ပညာရှိ အတွေး
ဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်အခါက
သောတာပန်အရိယာဖြစ်တဲ့သာမာဝတီမိဖုရားဆိုတာ
ကြားဖူးကြပါလိမ့်မယ်။ သာမာဝတီ မိဖုရားကိုသစ္စာဥာဏ်အမြင်နဲ့
သောတာပန်တည်အောင် တရားဒါနပြုခဲ့သူကတော့ မိဖုရားရဲ့
အစေအပါးဖြစ်တဲ့ ခုဇ္ဇုတ္တရာကျွန်မ ဖြစ်ပါတယ်။
Posted on: Thursday, January 21, 2016
ဝေဒနာ နိရောဓါ တဏှာနိရောဓော
ဝေဒနာပစ္စယာ တဏှာ၊ ဒါက ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ်တွေအတွက်
ပြောတာ။ ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ်အတွက်
ဝေဒနာပြီးရင် တဏှာ
လာနေကျ။ အဲ့…. ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေကျတော့
ဝေဒနာကို
ရှုလိုက်ရင် ဝေဒနာကိုမတွေ့ရတော့ဘူး။
ဝေဒနာတွေ ပျက်-ပျက်
ကုန်တာကိုပဲတွေ့ရတယ်။ ဝေဒနာတွေပျက်ကုန်တယ်ဆိုတာ
ချုပ်ကုန်တာပေါ့။ ဒီတော့ ဝေဒနာ
နိရောဓါပေါ့။
Posted on: Wednesday, January 20, 2016
ဒိဋ္ဌိ ရှိနေလျှင် မဂ်ဖိုလ် မရနိုင်
ဝေဒနာပေါ်မှန်းသိတော့မှ ပျက်မှန်းလဲသိတယ်။
ဝေဒနာပေါ်တာရော
ပျောက်တာရော ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်၊
ဝေဒနာက္ခန္ဓာတွေသာဖြစ်တယ်။
အဲ့လိုဥာဏ်ရောက်သွားတော့ သက္ကာယဒိဋ္ဌိပြုတ်တယ်။
Posted on: Monday, January 18, 2016
Posted on: Thursday, January 14, 2016
သစ္စာသိပြီးမှ လှုပါ
“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ
မဟုတ်ဘူး
ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဥာဏ်နဲ့
ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။
ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊
ကြိုက်ရာကြည့်။
ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။
အမြဲတမ်း ဖြစ်ပျက်
ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး
ပေါ်လိုက် ပျောက်လိုက်။
ပေါ်လိုက် ပျောက်လိုက်။
Posted on: Wednesday, January 13, 2016
ဝိမုတ္တိယုဂ ခေတ်
“ခေတ်” ဆိုတာ ခေတ္တ ဆိုတဲ့
ပါဠိက လာတာ။ ခေတ္တဆိုတာက
အခိုက်အတန့် အချိန်တိုကလေး
ဟု အဓိပ္ပါယ်ရသည်။ အချိန်ကာလ
ရှည်ကြီးတစ်ခုကို အချိန်တို
အခိုက်အတန့်ကလေး ၅-ခု၊
ခေတ် ၅- ခေတ် ဖြင့် ပိုင်းခြား ပါသတတ်။တစ်ခေတ် တစ်ခေတ်တွင်
လည်း နှစ်ပေါင်း(၅၀၀) ရှိသည်ဆို၏။
Posted on: Tuesday, January 12, 2016
ရုပ်ရှင်ကြည့်ရသလိုပဲ မှတ်ပါ
ပထမ ဦးစွာ ဖြစ်ပျက် မြင်အောင်ရှုပါ။ပြီးတော့
မုန်းအောင်ရှုပါ။
ဒီ ဖြစ်ပျက်တွေက ဒုက္ခသစ္စာတွေ၊ ဒါကြောင့်မို့လို့ကို
မလိုချင်ဘူး။
Posted on: Monday, January 11, 2016
သစ္စာနုလောမိက ဥာဏ်
ဒိဋ္ဌိရှိနေလို့ကတော့ ဘယ်ဒိဋ္ဌိရှိရှိ
သဿတ-ဥစ္ဆေဒ-သက္ကာယ
တစ်မျိုးမျိုးရှိနေရင် မဂ် မဆိုထားနဲ့။
မဂ်ရှေ့က အနုလောမ ဥာဏ်တောင်
မပေါ်နိုင်ဘူး-တဲ့။
Posted on: Sunday, January 10, 2016
ပရိညာ အမျိုးအစား ၃ ပါး
ပရိညာ= ပိုင်းခြား၍ သိခြင်း ဟု အဓိပ္ပါယ်ရ၏ ထိုပရိညာသည်
၃-မျိုးရှိ၏။ ယင်းတို့မှာ-
၁။ဥာတပရိညာ
၂။တီရဏပရိညာ
၃။ပဟာနပရိညာ တို့ဖြစ်ကြသည်။
Posted on: Saturday, January 9, 2016
ဒုဗ္ဗလ၀ိပဿနာ ဖြစ်နေလျှင်
“၀ိပဿနာ- ၀ိပဿနာ” နဲ့ လူပြောများလို့
“ကဲ..ငါလည်း
စမ်းကြည့်အုံးမယ်” ဆိုတဲ့အနေနဲ့
ထပြီး ကြိုးစားတိုင်း ထမြောက်
အောင်မြင်သည်ကား မဟုတ်ချေ။ စနစ်ကျမှ
အောင်မြင်နိုင်မည်။
သို့ဖြစ်လျှင် စနစ်ကျအောင် မည်သို့
ရွက်ဆောင်ရမည်နည်း။
တယ်..သတ္တိကောင်းပါလား
ဘုန်းတော်ကြီး ဦးလောကနာထသည် မြင်းခြံမြို့
စွန်းလွန်းဆရာတော်
ဘုရားကြီးကို ပရိယာယ်ဖြင့် လျှောက်ထားဖူးသည်။
“အရှင်ဘုရား..တပည့်တော်က ဘုရားဆုပန်ထားပါတယ်။
ဆုကြီးပန်ပါ၊ ဒီတော့ နောင်ဘ၀တွေမှာ
အရှင်ဘုရားနဲ့
တပည့်တော် နဲ့ တွေ့နိုင်ခွင့်ရှိပါသေးသလား..”
Posted on: Friday, January 8, 2016
အနာမရှိသောလက် အဆိပ်မတက်
ကုက္ကုဋမိတ္တမုဆိုးကြီး၏ ဇနီးသည်
အိမ်ရှင်မကောင်းပီသ၏။
သောတာပန် တည်ပြီးသူလည်းဖြစ်သည်။
မုဆိုးကြီးက
သားကောင် ငှက်ကောင်တို့ကိုထောင်၍
ကျွေး၏။
Posted on: Thursday, January 7, 2016
ဝိပဿနာဆိုတာ အာစို တာမျိုးပဲ
မိုးကုတ်ဆရာတော် ဦးဝိမလသည် ယခုအခါ
ဘုန်းကံကြီးမားတော်
မူလှ၏။နေစရာ ကျောင်းကန် အဆောက်အအုံလည်းမရှား၊
ဝတ်စရာ
သင်္ဃန်းဆို၍လည်း ရိုးရိုးပိတ်သင်္ဃန်း
ဗောင်းတံဆိပ် ရွှေလိပ်ပြာ ဗန္ဓုလ
တို့ မဆိုထားဘိ၊ ထိုအချိန် ထိုအခါက
ခေတ်စားခဲ့ကြသည့် ပိုးသင်္ဃန်း
ဗန်ကောက်သင်္ဃန်းတို့ပင် အထပ်လိုက်
အပုံလိုက်ရှိသည်။
Posted on: Wednesday, January 6, 2016
ဂဒ္ဒုလဗဒ္ဓသုတ်
ဂဒ္ဒုလ=ခွေးကိုချည်သောကြိုး။
(သားရေကြိုး)။ ဗဒ္ဓ=ဖွဲ့ချည်အပ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဤသို့
ဟောတော်မူသည်။
“ သံသရာကြီးက ရှည်လျားလွန်းလှ၏။
အစ တောင် မထင်နိုင်အောင်
ဖြစ်သည်။ အ၀ိဇ္ဇာ အပိတ်အကာနှင့်
တဏှာ သံယောဇဉ်တွေရှိပြီး
သံသရာထဲ တ၀ဲလယ်လယ်နေကြရသူတို့အတွက်
ဘယ်တုန်းက
စခဲ့သည်ဟူ၍ပင် မမြင်နိုင်လောက်အောင်ရှည်လျားလှသည်။
Posted on: Monday, January 4, 2016
ဝ မရှိပါက ၀ိ လည်း မဖြစ်နိုင်
၁။ပရမတ်မသိ၊ (၀) မရှိ၊ (၀ိ) လည်း
မဖြစ်နိုင်။
၂။ဝိ မဖြစ်က၊ အနတ္တ ၊မုချ ဥာဏ်မပိုင်။
၃။ဥာဏ်မမြင်ရ၊ သံသာရ ၊ ဒုက္ခ မဆုံးနိုင်။
၎။ဒုက္ခဆုံးရန်၊ အလုပ်မှန်၊ ကျင့်ကြံ
ဇွဲ ခိုင်ခိုင်။
Posted on: Sunday, January 3, 2016
ဘယ်လောက်ကြာမှ မဂ် ရနိုင်မလဲ
ဗောဓိရာဇကုမာရမင်းသားသည် မြတ်စွာဘုရားကို
မေးလျှောက်ဖူး၏။
“အရှင်ဘုရား…မြတ်စွာဘုရားဟူသော
နည်းညွန်လမ်းပြ ဆုံးမမည့်သူ
ရသော ရဟန်းသည် ဘယ်လောက်ကြာမှ အရဟတ္တမဂ်
အရဟတ္တဖိုလ်ကို
ရနိုင်ပါမည်လဲ ဘုရား”
Posted on: Saturday, January 2, 2016
အရေးကြီးတဲ့ ဒိဋ္ဌိ သုံးမျိုး
ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ
ဟူ၍(၂)မျိုးရှိ၏။
(သမ္မာ= မှန်ကန်သော၊ ဒိဋ္ဌိ=အမြင်၊
မိစ္ဆာ=မှားယွင်းသော၊
ဒိဋ္ဌိ=အမြင်) ထို -၂ -မျိုးတွင်
ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကိုဖေါ်ပြပါမည်။
မိစ ၦာဒိ႒ိ အမ်ိဳးအစား (၆၂)ပါး
ရွိ၏။ ယင်း(၆၂)ပါးတို့ကိုချူံးလိုက်လျှင်
သဿတဒိဋ္ဌိ၊ဥစ္ဆေဒဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိ ဤသုံးမျိုးတွင်
အကုန်
အကျုံးဝင်သည်။(ဤနေရာတွင် သုံးမျိုးသာ
ဖေါ်ပြပါမည်။)