ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, August 22, 2018

ဝဋ်​ကို ဝဋ်​ မှန်းသိပါ....(၆)

ဝဋ်​ကို ဝဋ်​ မှန်းသိပါ....(၆)

ဝဋ်​ ဆိုတာက​တော့ ​ကောင်းကို မ​ကောင်းတာ။
ကိ​လေသ ဝဋ်​လည်းမ​ကောင်းဘူး
ကမ္မဝဋ်​လည်း မ​ကောင်းဘူး
ဝိပါကဝဋ်​လည်းမ​ကောင်းဘူး
မိမိပြုခဲ့တဲ့ အကုသိုလ်​က အကျိုး​ပေးတဲ့ဝဋ်​လည်း
မ​ကောင်းဘူး။
ဘယ်​ဝဋ်​မှ မ​ကောင်းဘူး။

မ​ကောင်းတာကြီးကို မ​ကောင်းမှန်းမသိတဲ့အပြင်
တဏှာနဲ့ လိုချင်​ရချင်​ဖြစ်​​နေတဲ့ ကိ​လေသဝဋ်​က
နှိပ်​စက်​တာခံ​နေရတာကပိုဆိုးတယ်​။
အဲ့ဒီတဏှာက ​သေခါနီးအချိန်​ ​ဝေ​ဒနာပြင်းထန်​ရင်​လည်း
သက်​သာ ချမ်းသာချင်​တဲ့ ​လောဘ က ဖြစ်​​သေးတာ။
မသက်​မသာ ခံစား​နေရလို့လည်း မ​ကျေနပ်​တဲ့ ​ဒေါသကလည်း
ဖြစ်​​သေးတာ။
ဟိုဘုံ ဒီ ဘဝ ​တောင့်​တပြီးလုပ်​ခဲ့တဲ့ အာစိဏ္ဏကံ ကုသိုလ်​လည်း
ကယ်​နိုင်​ဖို့မ​သေခါဘူး။ ဒါန သီလ အားကိုးနဲ့ ချမ်းသာမယ်​လို့
ထင်​ပြီး အသာ​လေး​နေ​နေသမျှ အ​သေနာ​တော့တာနဲ့။
ဝိပဿနာ အာစိဏ္ဏကံ ကုသိုလ်​နဲ့ ​နေ​လေ့ရှိလို့
ကျင့်​သားရ​နေလို့ ရှုမှတ်​​နေတတ်​ရင်​​တော့ ချမ်းသာကို
ရနိုင်​တယ်​။

အဲ့ဒီ​တော့ အိုနာ​သေ ခန္ဓာကြီး ​သေ​ပေါက်​​သေဝ ​ရောက်​တဲ့အချိန်
ဝိပဿနာ အာစိဏ္ဏကံ ​ကြောင့်​ ကျင့်​သားရလို့ ခန္ဓာရဲ့သ​ဘော​လေးကို ဆင်​ခြင်​​နေလိုက်​ရင်​ အကျိုး​ပေးက သုဂတိပဲ။
လွဲကိုမလွဲဘူး။ ဝိပဿနာအလုပ်​ဟာ ဒါန သီလ ထက်​ ပိုပြီး
စိတ်​ချရတဲ့ ကုသိုလ်​အလုပ်​ဖြစ်​တယ်​။ ကျန်းမာစဉ်​ကတည်းက
အရိယာနယ်​ကို​ရောက်​ထားပြီးသားဆိုရင်​ ​သေ​ပေါက်​​သေဝ မှာ
ဘာလုပ်​ရမယ်​ဆိုတာ ကိုယ့်​ကိုကိုယ်​သိကြတယ်​။အောက်​မဂ်
အရိယာ(၂)ပါးက ဝိပလ္လာသ တရား (၁၂ )ပါးမှာ (၈ )ပါးကို
ပယ်​ထားပြီးသူမို့ ​ဝေဒနာကို ​ဝေဒနာလို့ မြင်​တယ်​။
ငါနဲ့ တွဲ မ​နေဘူး။ ငါ နဲ့ တွဲပီး ​ဝေဒနာ ဖြစ်​​နေတဲ့သူက
မချိ​အောင်​ခံစားရတယ်​ ။ ငါ နဲ့ ကွဲ ​နေတဲ့သူက
ပေါ်ခန္ဓာရဲ့ သ​ဘောကို သိ​တော့ ​ပေါ်မှန်းသိ​နေတာ​ကော
ပျက်​မှန်းသိ​​နေတာ​ကော ခံသာတဲ့သ​ဘော မခံသာတဲ့သ​ဘောကို
ဥာဏ်​နဲ့ မြင်​သိပြီး​နေ​တော့ အထည်​ခန္ဓာရဲ့ နာမှု ကျင်​မှုကို
အ​လေးမထား​တော့ပဲ ပရမတ်​ ခန္ဓာရဲ့ မမြဲတဲ့သ​ဘောကို
မြင်​သိပြီး တိတ်​ဆိတ်​​နေတတ်​တယ်​။ ပရမတ်​ခန္ဓာရဲ့ သ​ဘောကို
မမြင်​မသိတဲ့သူက ရုပ်​ခန္ဓာရဲ့ ​ဖောက်​ပြန်​မှုတိုင်းမှာ
ငါ့ကိုယ်​ ငါ့ဟာ ငါ့ခန္ဓာ ဆိုတဲ့ သက္ကာယ ဒိဋ္ဌိနဲ့ တဏှာနဲ့တွဲပြီး
ကိုယ်​​ရောစိတ်​ပါ ပင်​ပန်းရ​တော့တာ​ပေါ့။
မိမိကိုယ်​ကို ချမ်းသာ​အောင်​ မ​ဆောင်​ရွက်​တတ်​ရင်
ဘေးက ဘယ်​သူပဲရှိရှိ မချမ်းသာနိုင်​ဘူး။ သား​တွေ သမီး​တွေ
ဘယ်​​လောက်​များများ မိမိကို မိမိသာ အ​ကောင်းဆုံး
စောင့်​​ရှောက်​နိုင်​ပါတယ်​။

သားသမီး​တွေ မိသားစုဝင်​​တွေက ​စောင့်​​ရှောက်​ထားသည်​ဖြစ်​​စေ
စွန့်​ပစ်​ထားသည်​ဖြစ်​​စေ ခန္ဓာရှိလို့ခန္ဓာ့ ဝဋ်​ကိုခံရတယ်​ဆိုတာ
သိတဲ့ဥာဏ်​က ချမ်းသာကို​ပေးစွမ်းနိုင်​တယ်​။ဒါက ဘုရားဥာဏ်​ပဲ။
ဘုရားရှင်​​တော်​ပွင့်​ထွန်း​ပေါ်လို့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့
သိတာ။ ​ဟောဒီ ခန္ဓာကြီးဟာ အပ်​ဖျား တစ်​​ထောက်​စာ​လေး​မှ
ချမ်းသာကို မ​ပေးစွမ်းနိုင်​ဘူးလို့  သိခွင့်​ရတာ။ ဒီ အသိ​လေး
ဘုရားဥာဏ်​​လေး နှလုံးသားမှာကိန်းရင်​ကိုပဲ တန်​ဖိုးကြီး
လှပါတယ်​။ ဒါန ပြုတဲ့အခါ ဆရာ​တော်​များက ​ရှေ့က​နေ
တိုင်​​ပေးတတ်​ကြတယ်​။ ခန္ဓာ့ ဝဋ်​ မှ လွတ်​လို၍ လှု ဒါန်းပါ၏
အရှင်​ဘုရား.....တဲ့။ အဲ့ဒီ ဆု​တောင်​​လေးတစ်​ခုကိုပဲ
ဥာဏ်​နဲ့ ဆင်​ခြင်​ပြီး  နှလုံးသွင်းလိုက်​ ။ အ​လေးအနက်
သ​ဘော​ပေါက်​လိုက်​ရင်​ ဘုရားဥာဏ်​နဲ့ လှု ခိုင်းတယ်​ဆိုတာ
နားလည်​လာလိမ့်​မယ်​။ အဘိဓမ္မာ သင်​ဖူးတဲ့သူ​တွေ
နားလည်းမှာပဲ အဲ့ဒါ တိဟိတ်​ ဥက္ကဌ်​ ကုသိုလ်​ဖြစ်​တယ်​။
ဒါနကို အထွတ်​အမြတ်​ပြုလိုက်​တာပါ။ ကာမဂုံချမ်းသာကို
ပေးစွမ်းဖို့အတွက်​လို့ ရည်​မှန်းရင်​ အလတ်​စား ကုသိုလ်
အဆင့်​မှာပဲ ရှိတယ်​။ ဒါ​ကြောင့်​ ခန္ဓာ့ ဝဋ်​မှ လွတ်​ဖို့ဆိုတဲ့
ရည်​မှန်းချက်​ကအထွတ်​အမြတ်​ထားရာ ရည်​မှန်းချက်​ဖြစ်​လို့
အမြတ်​ဆုံး ဒါန ဖြစ်​သွားတယ်​။
ခန္ဓာဝဋ်​ ကို ခံ​နေရတာကို ခန္ဓာ့ ဝဋ်​လို့ မသိရင်​ ​လောဘဖြစ်​ရတယ်​ ​ဒေါသ ဖြစ်​ရတယ်​။
ဘယ်​သားသမီးကများ ငါ့ကိုလာပြီး​ စောင့်​​ရှောက်​​လေမလဲလို့ ​တောင့်​တခြင်း နဲ့ ​လောဘ ဖြစ်​ရတယ်​။
ငါ့ကို ပစ်​ထားရက်​​လေခြင်းလို့ ​ဒေါသဖြစ်​ရတယ်​။
ငါ ဘယ်​​လောက်​ထိများ ဒီဒုက္ခကို ခံ​နေရမှာပါလိမ့်​လို့ ​တွေ​ဝေခြင်း ​မောဟ​တွေဖြစ်​ရတယ်​။

ဒါ​ကြောင့်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီးက
ဘယ်​သား ဘယ်​သမီးမှ အပြစ်​တင်​မ​နေနဲ့
ခန္ဓာရှိလို့ ခန္ဓာ့ ဒုက္ခခံရတယ်​လို့ မှတ်​တဲ့။
ဒီစကား​လေးက သာမာန်​ပဲနား​ထောင်​ရင်
သာမာန်​နှစ်​သိမ့်​စကားလို့ပဲမြင်​မယ်​။
သေ​သေချာချာ နှလုံးသွင်းပြီး ဆင်​ခြင်​ကြည့်​လိုက်​ရင်​ ကိ​လေသာဖြစ်​ပြီး ​စုတိကျမှာစိုးလို့ လမ်းညွှန်​​ပေး ​နေတာ။ သိတ်​​ကျေးဇူးများတယ်​။
ခန္ဓာ ရှိလို့ ခန္ဓာ့ ဝဋ်​ကို ခံရတာပါလားဆိုတဲ့
အသိ​လေးတစ်​ခုက ​လောဘ ​ဒေါသ ဆိုတဲ့ ကိ​လေသာ​တွေ ပိတ်​ပင်​​နေတဲ့
ဥာဏ်​ အမြင်​ကို အလင်း​ပေးလိုက်​တာပဲ။
ဥာဏ်​အမြင်​ လင်းလက်​တဲ့သူက သွားရာလမ်း​ကြောင်း ​ကောင်းသွားတယ်​။ ဥာဏ်​ထက်​လာဖို့ဆိုတာ အမှန်​တရားကိုလက်​ခံ ကြံစည်​ခြင်း
ဆုံးဖြတ်​ချက်​ချနိုင်​ခြင်းက အဓိက အ​ထောက်​အပံ့ ပဲ။
 ဒီ အမှန်​တရား​တွေကို ဟုတ်​မှန်​ပါလားလို့ ရဲရဲဝံ့ဝံ့
ဆုံးဖြတ်​ချက်​ချပြီးဆင်​ခြင်​လိုက်​နိုင်​တာ ဆိုရင်​​တော့
ဥာဏ်​ကိုထက်​​အောင်​ ​သွေး​ပေးလိုက်​တာပါပဲ။
လေး​လေးနက်​နက်​ နှလုံးသွင်း ဆင်​ခြင်​လိုက်​ခြင်းက
သဒ္ဓါတရားဖြစ်​သွားတယ်​။ သံဃာ​တော်​များရဲ့​ကျေးဇူးနဲ့
ဘုရား​ဟော တရား​တော်​များကို နာယူမှတ်​သားခွင့်
ရတာပါလားလို့  ယုံယုံကြည်​ကြည်​ လက်​ခံလိုက်​တာ။
ပဉ္စဂ္ဂ ဇနီး​မောင်​နှံတို့လိုပဲ ​ကျေးဇူးပြုနိုင်​တဲ့ နှလုံးသွင်းမှု
ဆင်​ခြင်​မှု ဖြစ်​ပါတယ်​။

ခန္ဓာရှိလို့ ခန္ဓာ့ ဝဋ်​ကို ခံရတယ်​ဆိုတာ နှလုံးသွင်း
ဆင်​ခြင်​နိုင်​ကြပါ​စေ။


*****တတိယ​မြောက်​သမီး​တော်​*****


(22.8.2018)

1 comment:

မိုးညချမ်း said...

ခန္ဓာရှိလို့ ဝဋ်ရှိတာ ဆိုတာ အမှန်ပဲ နေမှာနော် ... မေမေဆုံးပြီးကတည်းက တစ်ခါတစ်ခါကျရင် တွေ့ဆုံကြုံကွဲ ... ရှင်ကွဲ သေကွဲတွေကို ကြုံရမှာ ကြောက် ကြောက် လာတယ် ....

မိုးည link လေး ပြန်ချိတ်ပေးအုံးနော် ... အရင် Link က ဝင်မရတော့လို့ ... https://moenyachan.blogspot.com