ဒီကိစ္စကို သိတဲ့သူများ သိကြပေမယ့် များသောအားဖြင့်တော့ မသိကြဘူး။
မသိပေမယ့် ကိုယ့်ထင်ရာ
ကိုယ်ပြောကြတယ်။
ပြီးတော့ သူများပြောသံကြားလေးကို အဟုတ်ထင်ပြီး ပြောကြတယ်။
တချို့ကတော့ ဆရာတော်ကြီးများ
ပြောတာကြားဖူးပြီး ခိုင်ခိုင်မာမာ
ပြောကြတယ်။ငါတို့ သိတယ် တတ်တယ်။
ငါတို့က ဆရာတော်ကြီးတွေ ပြောတာကို မှတ်ထားတာ။ ဆရာတော်ကြီးတွေ
ကိုယ်တိုင်က မိန့်တာ။
အရိယာဖြစ်ကြောင်းကို မပြောရဘူး။ အရိယာဆိုတာ လူသိမှာစိုးလို့
တိုးတိုးတိတ်တိတ်ပဲ နေတယ်။
အရိယာဖြစ်နေပြီလို့ မပြောအပ်တဲ့ စကားဖြစ်တယ်။
အရိယာ စစ်စစ်တွေက ပြောကို မပြောဘူး။
စသည်ဖြင့်ပေါ့လေ ရဲရဲတောက် ပြောကြတာတွေ တွေ့ရတယ်။


















